ကျူးကျူးအတွေးက သူမဒီဂိမ်းကို ဆော့ဖြစ်နေတာက မကြာသေးခင်ကအသစ်ထွက်လာတဲ့ ကစားနည်းအသစ်ကြောင့်ပေ။ဝှက်ဖဲတွေဖြေရဖို့ အုပ်စုလိုက်အကောင်တွေကို သတ်ကြရသည်။ တကယ်လို့သင်သာကံကောင်းမယ်ဆိုရင် နောက်ဆုံးထွက် Apple ကွန်ပြူတာကိုတောင်ရနိုင်လေသည်။
သူမလက်ကို သူမမထိန်းနိုင်ပေမဲ့ သူမရဲ့အပတ်တကုတ်ကြိုးစားမှုနဲ့အချိန်ပေးမှုကြောင့် သူမနိုင်ပွဲတွေရလာတော့သည်။ ကျူးကျူးအတွေးတခုရုတ်တရက်တွေးမိသွားပြီး ချန်ကျမ်းကို စိတ်ဝင်တစားမေးလိုက်သည်။ "နင် ဂိမ်းကစားတတ်လား?"
ချန်ကျမ်း ။ " မဆိုးပါဘူး"
' တကယ်လား!'
ခြုံငုံပြောရမယ်ဆိုရင် အိမ်သေကြီးရဲ့ဂိမ်းစကေးတွေဟာ တခြားအဖွဲ့တွေထက် ပိုမြင့်ပေသည်။ ကျူးကျူးတွေးလိုက်ပြီး ဆက်မေးလိုက်သည်။ " နင်ဘာဂိမ်းကိုကျွမ်းတာလဲ King? Eat chicken? ဒါမှမဟုတ် LOL? Call of Duty?"(ဂိမ်းနာမည်တွေမို့လို့ ဘာသာပြန်လိုက်ရင် ရှုပ်သွားမှာစိုးလို့ eng လိုပဲ ရေးပေးလိုက်ပါတယ်။ သာသာကတော့ ရှေ့ကနှစ်ခုကိုတော့မသိဘူး သိတဲ့သူတွေကလည်း ပြောပြကြပါဦး)
ချန်ကျမ်းဟာ ဖြေးဖြေးချင်းပြောလိုက်သည်။ "မင်းအပျော်ကိုဖျက်ရတာစိတ်မကောင်းပေမဲ့ ငါ "Fight the landlord" ကို ကစားရတာကြိုက်တယ်" (ဒီဂိမ်းက ဖဲချပ်တွေနဲ့ကစားရတဲ့ဂိမ်းပါ ကစားသူသုံးယောက်နဲ့ဖဲတချပ်ဆီဆွဲထုတ်ပြီး အပွင့်နဲ့ဂဏန်းကိုကြည့်ပြီး ကြီးတဲ့သူက နိုင်တဲ့ပုံစံမျိုးပါ ကစားနည်းအတိအကျသိချင်ရင် youtube မှာ Fight the landlord နဲ့ရှာကြည့်ပေးပါ)
ကျူးကျူး ။" ......."
' ငါ တကယ်ပဲချန်ကျမ်းအပေါ်မှာမျှော်လင့်ချက်မထားသင့်တာ'
အကြာကြီးသက်ပြင်းချပြီးနောက် ကျူးကျူးဂိမ်းရဲ့ ဟုမ်းပေ့ကို ဖွင့်လိုက်ပြီး နေ့စဉ်တာဝန်တွေကို စဖြေရှင်းတော့သည်။ ရွှေငါးလိုမျိုး ကံကောင်းခြင်းလည်းမရှိ ကျွမ်းကျင်မှုလည်းမရှိတော့ အောက်ဆုံးနားကကစားသမားပဲ ဖြစ်နိုင်သည်။
"ကြည့်ရတာ ငါအသင်းဖွဲ့ဖို့တခြားလူတွေကို လိုက်ရှာရတော့မှာပဲ"
ချန်ကျမ်း ဟာ ကျူးကျူးရဲ့ ဂိမ်း ID ကို ချောင်းကြည့်လိုက်သည်။ ID နာမည်ဟာ လည်း ကျူးကျူးပေ။
ချန်ကျမ်း ။"......." ' ကြည့်ရတာ သူမဒီနာမည်ကို တကယ်ကြိုက်တာပဲ'
နှစ်ယောက်ဟာကိုယ့်အခန်းထဲကို ဝင်သွားကြပြီး လေထုဟာ နွေးထွေးနေပေသည်။ ကျူးကျူးဟာ အိပ်ရာပေါ်လှဲချလိုက်ပြီး သူမဖုန်းနဲ့ဆက်ပြီး ဆော့နေလိုက်သည်။ အချိန်ဖြုန်းနေရတာဟာ အေးအေးချမ်းချမ်းနဲ့လှပပေသည်။ အဲဒီအချိန်မှာပဲ အဖွဲ့တဖွဲ့က " ဝါးဟားဟား" ဆိုတဲ့အသင်းတသင်းဖွဲ့ရန် သူမကိုဖိတ်လာသည်။ ထူးဆန်းတဲ့နာမည်ကြောင့် သူမမျက်ခုံးပင့်လိုက်မိသည်။ 'တကယ်ထူးဆန်းတာပဲ သူမအသင်းတသင်းဝင်ရင် ကောင်းမလားလို့ စဉ်းစားနေတုန်း တယောက်ယောက်ကဖိတ်လာပါလား'
အဲဒီအသင်းထဲမှာစုစုပေါင်းလူလေးယောက်ရှိသည်။ ခေါင်းဆောင်က "Yakule" လို့ခေါ်ပြီး ကျန်တဲ့သူတွေက " တောင်ဘက်ကနှမ်းမဲ", " ဖက်ထုပ်လောက်အရသာရှိတာမရှိဘူး" , "Kang Shuaifu အသင့်စားခေါက်ဆွဲခြောက်" တို့ပဲဖြစ်သည်။
![](https://img.wattpad.com/cover/286624410-288-k813980.jpg)
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...