Chapter 43 (Unicode)

4.5K 504 24
                                    

(အလုပ်တွေရှုပ်နေတာနဲ့ အကြာကြီးပျောက်သွားမိတာ sorry ပါ  update တွေမှန်အောင် ကြိုးစားပေးပါမယ်နော်)


ကျူးကျူးဟာ ဖုန်းသုံးရင်းနဲ့အိပ်ယာပေါ်လဲနေပြီး တချက် တချက်ပျော်ရွှင်နေတဲ့ အသံလေးတွေ ထွက်ပေါ်လာသည်။ သူမအထင်က ရှားရုံစတင်တိုက်ခိုက်လိုက်ပြီလို့ပေါ့။ ဒါပေမဲ့ အခုထိဘာသတင်းမှမကြားရသေးဘူး၊ စောင့်ရင်း စောင့်ရင်းနဲ့ အိပ်ချင်လာပြီး နောက်ဆုံးတော့ အိပ်ပျော်သွားတော့သည်။

ရှားရုံဟာ နာရီပေါင်းများစွာစောင့်ပြီးနောက် ပြန်စာမစောင့်နိုင်တော့ပဲ နောက်ထပ်စာအနည်းငယ်ထပ်ပို့လိုက်သည်။

သူ့မျက်နှာပေါ်က မိမိုက်နေတဲ့ အမူအရာနဲ့ သူဟာ ချန်ကျမ်းရဲ့ဖုန်းနံပါတ်ကို သုံးပြီး Wechat မှာ friend request ပို့လိုက်သည်။ ရေးထားတာက (ငါမင်းဆီပို့လိုက်တဲ့ မက်ဆေ့တွေကို ပြန်ဖြေဖို့စိတ်မပါဘူးပေါ့၊ ကောင်းပြီလေ၊ မင်းနောင်တရလိမ့်မယ်)

မိနစ်အနည်းငယ်ကြာပြီးနောက် ချန်ကျမ်းဆီကနေ မက်ဆေ့ရောက်လာသည်။

"ဘယ်နားမှာလဲ?"

ရှားရုံ ။ '????ဘယ်နားမှာလဲ?   ဒီကောင် ငါ့ကို ရန်စနေတာလား?'

သူဒေါသကို ထိန်းပြီး  "ဆက်တိုက်ပို့ထားတဲ့ မက်ဆေ့တွေ မတွေ့ဖူးလား?"

နောက်ထပ်မိနစ်အနည်းငယ်ကြာပြီးနောက် ချန်ကျမ်းပြန်စာပို့လိုက်သည်။

"တွေ့ပြီ၊ အမှိုက်တွေထဲမှာ"

ရှားရုံ ။  "......."

ချန်ကျမ်း ရှားရုံရဲ့သတင်းအချက်အလက်တွေကို မြန်မြန်ကြည့်လိုက်သည်။ အဲဒါကတော့ နဂိုပိုင်ရှင်ဟာ တခြားလူတွေကို ထောက်ပံ့ဖို့ သူ့ပိုက်ဆံတွေကိုယူတာ၊ နဂိုပိုင်ရှင်ဟာ ရှားရုံကို လက်ထပ်ရန်အတွက် ကွာရှင်းချင်တာတွေဆိုတာ မှားစရာမရှိပေ။ နောက်ဆုံးမှာ link တခုတွဲပါနေသည်။ အဲဒါက လူနှစ်ယောက်ရဲ့ပူးကပ်နေတဲ့အိပ်ရာပေါ်က ပုံတွေ သက်သေတွေဖြစ်တယ်လို့‌ ပြောထားသည်။

အမဲရောင်စာကြည့်ခန်းထဲမှာတော့ ကွန်ပြူတာစကရင်ဟာ မီးချောင်းရဲ့အလင်းရောင်ကြောင့် အလင်းပြန်နေပြီး ချန်ကျမ်းရဲ့ဘေးမျက်နှာဟာ အမူအရာမဲ့နေပေသည်။

"......" သူတချက်ကြည့်လိုက်တာနဲ့ ပုံတွေက ဖြတ်ညှပ်ကတ်လုပ်ထားတာမှန်းသိလိုက်သည်။

တဖက်လူရဲ့ edit skill က လုံးဝအဆင့်မြင့်ပေ။ ပုံမှန်လူတယောက်သာဆိုရင် ရုတ်တရက်မြင်လိုက်ရရင် လှည့်စားခံသွားရနိုင်သည်။

ဒါပေမဲ့ ဒါက ချန်ကျမ်းလေ။

သူ mouse ကို အလွန်မြန်ဆန်စွာနှိပ်လိုက်ပြီး  "ကလစ်" အသံပဲကြားရပြီး keyboard ဟာ လုံးဝအထုခံနေရပေမဲ့ လှုပ်ရှားနေတာတွေက လုံးဝပေါ့ပါးနေသည်။

သူ ရှားရုံရဲ့ကွန်ပြူတာကို မြန်မြန်ပဲဟက်လိုက်ပြီး သက်သေလို့ခေါ်နေတဲ့ ဟာတွေကို cloud disk နဲ့ hard disk ထဲကနေ အကုန်ဖျက်လိုက်ပြီး ရှားရုံရဲ့ စကားပြောတဲ့ app တွေထဲက စနစ်တွေထဲသွားပြီး သူနဲ့ တခြားမိန်းမတွေရဲ့ အိပ်ရာပေါ်က ပုံတွေကို တပြုံကြီး အကုန်လုံး လိုက်ပို့လိုက်သည်။ရှားရုံရဲ့ မိဘတွေကိုတောင် ပို့ဖို့မမေ့ခဲ့ပေ။

အချိန်က သေသပ်တယ်၊ ဒါပေမဲ့ ဆုကြေးရဲ့အပြုအမူက အချိန်တိုလေးအတွင်း ပြီးမြောက်သွားသည်။

ချန်ကျမ်းဟာ တလျှောက်လုံးတည်ငြိမ်နေပြီး ဘယ်လောက်ထိတည်ငြိမ်သလဲဆိုရင် သူနောက်ထပ် နို့ချဉ်တဗူးတောင် ထပ်သောက်လိုက်သေးသည်။ သူကွန်ပြူတာကို ပိတ်လိုက်ပြီး အိမ်သာကို ဖြေးဖြေးချင်းသွားလိုက်သည်။

အဲဒီအချိန်မှာ ကျူးကျူးဟာ လုံးဝအိပ်မောကျလျက်ရှိနေပြီး သူမအိပ်နေတဲ့ အချိန်အတွင်း ရှားရုံရဲ့ ပြသာနာဟာ လုံးဝဖြေရှင်းပြီးသွားပြီမှန်း မသိပေ။


(Eng အသုံးအနှုန်းတွေ အများကြီးပါသွားရတာက မြန်မာလိုတိုက်ရိုက်ပြန်လိုက်ရင် ဖတ်ရတာထောက်မှာစိုးလို့ပါနော် ပုံမှန်သုံးနေကျမဟုတ်တာဆိုရင် ပြန်ပေးပါမယ်နော်)

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းTempat cerita menjadi hidup. Temukan sekarang