Chapter 78 (Unicode)

3.4K 379 1
                                    

သူမအနောက်မှာတော့ ရှောပင်းထွက်နေတဲ့ယောင်္ကျားတွေဟာ ဆိုဖာပေါ်မှာ အတူထိုင်နေကြပြီး တချို့က သူမကို မျက်တောင် မခတ်စိုက်ကြည့်နေကြသည်။ သူတို့ရဲ့ဇနီးတွေနဲ့ ရည်းစားတွေ သူတို့အနောက်မှာ မျက်မှောင်ကြုတ်စပြုပြီး ရပ်နေကြပြီဖြစ်ကြောင်း သတိမပြုသေးပေ။

"အား နာတယ်ဟ!"

တခဏလောက် ဆိုင်အတွင်းမှာ အော်သံတွေနဲ့ပြည့်သွားပြီး ဆိုင်ဝန်ထမ်းတွေ အကုန်ရယ်နေကြသည်။

သူမဆိုင်ကနေ ထွက်လာပြီး နောက် လေကာကုတ်အင်္ကျီနဲ့ အရောင်နုဆွယ်တာ ဘောင်းဘီဝတ်ထားတာကြောင့် ဘယ်သွားသွား လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံနေရသည်။ အဲဒီအချိန်မှာပဲ တယောက်ယောက်က သူမကို စကားပြောဖို့ ကြိုးစားပေမဲ့ သူမ သွေးအေးအေးနဲ့ ငြင်းဆန်လိုက်သည်။

ကျူးကျူးဟာ ဘုတ်ဖိနပ်အတိုဝတ်ထားပြီး ကြမ်းပြင်ကနေ မျက်နှာကျက်ထိရှည်တဲ့ ပြတင်းပေါက်ကို ကြည့်ပြီး ကိုယ့်ပုံရိပ်ကို အေးဆေးပြန်ကြည့်နေသည်။

မိန်းကလေးရဲ့ နူးညံ့ပြီး လှပတဲ့ မျက်နှာဟာ မှန်မှာ ပုံရိပ်ထင်နေသည်။ မက်မွန်သီးလို မျက်လုံးတစုံဟာ နွေးထွေးပေမဲ့ အအေးတိုးလာတာနဲ့အမျှ အနည်းငယ်ပိုချွန်ထက်လာတာကြောင့် နားလည်ရခက်တဲ့ပုံစံကို ဆောင်နေသည်။ နောက်ကျောကလည်း လှပနေပေမဲ့ ဘယ်သူကမှ စကားသွားမပြောဝံ့ကြပေ။

"...အိုး "

သူမအပြင်ဘက်က ရုတ်တရက်မိုးသည်းလာတာကို မှင်သေသေနဲ့စိုက်ကြည့်နေသည်။ 'အခုချိန် အပြင်ထွက်ရင် သေချာပေါက် မိုးမိပြီး အဝတ်တွေ ညစ်ပတ်ကုန်မှာ အသေအချာပဲ'

ကျူးကျူးက 'ဒါဟာ ဘုရားရဲ့ ရည်ရွယ်ချက်ဆိုရင် အနောက်တိုင်းစားသောက်ဆိုင်ကို ဘာလို့မသွားရမှာလဲ?'

'အခုချိန်လောက်ဆိုရင် ချန်ကျမ်းပြန်ရောက်နေလောက်ပြီ' ကျူးကျူး ဖုန်းထုတ်လိုက်ပြီး ချန်ကျမ်းကိုမက်ဆေ့ပို့လိုက်သည်။

"ငါအပြင်မှာရောက်နေလို့ နင်အဆင်ပြေသလို ဖြေရှင်းပြီး စားလိုက်တော့"  'တကယ်လို့ သူမသာ တယောက်တည်း စားသောက်ဖို့ထွက်လာမှန်း ချန်ကျမ်းသိသွားရန် မကောင်းလို့ ကြိုတင်ကာဗာပြောထားလိုက်သည်'

မက်ဆေ့ပို့ပြီးနောက် ကျူးကျူးဟာ သီချင်းလေးညည်းရင်း အင်္ကျီသစ်အိတ်တော်တော်များများနဲ့ စားသောက်ဆိုင်ဆီလျှောက်သွားလိုက်သည်။

....

မက်ဆေ့ကိုတွေ့လိုက်ရတဲ့ချန်ကျမ်းဟာ အိမ်ပြန်မလို့ လုပ်နေရာကနေ စကရင်ပေါ်က စာကြောင်းကို တွေ့ပြီးနောက် ရုတ်တရက် တိတ်ဆိတ်သွားသည်။

တုနွမ်ဘေးက လူအချို့က မေးလိုက်သည်။ "သူဌေး ဇူးမာနဲ့ တွေ့ဖို့ တကယ်ပဲ မလိုက်တော့ဘူးလား/ သူက မျိုးစေ့ကောင်းလေးလို့ ထင်တယ်"

ချန်ကျမ်း တည်ငြိမ်စွာ မေးလိုက်သည်။ "ဘယ်စားသောက်ဆိုင်လဲ?"

ကျောင်းဖန်လီက ပြန်ဖြေလိုက်သည်။ "ဒီအနီးအနားမှာပဲ အနောက်တိုင်းစားသောက်ဆိုင်ကောင်းကောင်းကြောင့် သူဌေးစိတ်မပျက်စေရဘူးလို့ အာမခံတယ်"

ချန်ကျမ်းပြောလိုက်သည်။ "သွားမယ်"

"ငါလည်း သွားမယ်"  အန်ရူလည်း ရုတ်တရက် ဝင်ပြောလာသည်။ သူမ ဒီနေ့ဝတ်စုံပြည့်နဲ့ စကပ်ကို ဝတ်ထားပြီး မိတ်ကပ်ကလည်းလှပကာ သိမ်မွေ့စွာပြုံးနေတာကြောင့် ကျောင်းဖန်ကို အနည်းငယ်ရှက်သွေးဖြန်းသွားစေသည်။

တုနွမ်ကတော့ မျက်နှာသာမပေးပေ။ "ဒီကိစ္စက မင်းတို့ဒီဇိုင်းဌာနနဲ့ ဘာမှမပတ်သက်ဘူး။ ငါတို့တွေက စီးပွားရေးအကြောင်း ဆွေးနွေးဖို့သွားမှာ၊ မင်းဝင်ပါရမဲ့ နေရာမဟုတ်ဘူး"

ကျောင်းဖန်က ဖြတ်ပြောလိုက်သည်။ "အပြင်မှာ မိုးရွာနေတယ်လေ၊ သူမဘယ်လို တယောက်တည်းပြန်သွားလို့ရမှာလဲ? သူမစားပြီးသွားရင် ငါပြန်လိုက်ပို့ပေးလိုက်မယ်"

အန်ရူဟာ ယဉ်ကျေးစွာနဲ့ ပြုံးလိုက်သည်။  "ကျေးဇူးပဲနော်"

သူမရဲ့ မျက်လုံးတွေကတော့ ချန်ကျမ်းဆီကနေ မခွာပေ။

ချန်ကျမ်းဟာ အနက်ရောင်ဆွယ်တာကို ဝတ်ထားပြီး ရှည်လျားသေးသွယ်တဲ့ မျက်ဝန်းတစုံဟာ ဘာတွေးနေမှန်း မသိနိုင်ပေ။ သူမနေရာကနေ ကြည့်လိုက်ရင် သူ့ရဲ့ ဖြောင့်တန်းနေတဲ့ နှာတံဟာ လှပတဲ့ နှုတ်ခမ်းနဲ့ အချိုးကျနေပုံကို တွေ့နိုင်သည်။ သူ့ရဲ့ နှုတ်ခမ်းတွေဟာ ဖြူဖျော့နေပြီး မျက်လုံးတွေလည်း ဖြူဖျော့နေသည်။ ယောင်္ကျားတယောက်က ခုလိုပုံစံမျိုး နဲ့တောင် လှနေနိုင်မှန်း မသိခဲ့ပေ။

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now