ဇူးမာဟာ ရှုဘီယင်ဘာလုပ်ခဲ့လဲသိသွားချိန်မှာ ကိစ္စတွေက ပြန်လှည့်လို့မရလောက်အောင်ထိဖြစ်နေပြီ၊ သူဘယ်လိုတောင်းပန်ရမလဲတောင် မသိတော့ပေ။ "ရှီကျန်ယွဲ့ " ဆိုတဲ့နာမည်က သူ့ကို ထပ်တလဲလဲစိန်ခေါ်နေတာကို ကြည့်ပြီး သူရယ်ရမလား ငိုရမလား မသိတော့ပေ။
သူ အနောက်ဘက်ကမြင်းခွာဆီကနေ နံပါတ်တောင်းပြီး ကျူးကျူးဆီ မက်ဆေ့ပို့လိုက်သည်။
ရှန်ယုအိမ်ရာ ။ "ရှီကျန်ယွဲ့ ကို ရပ်ခိုင်းလိုက်ပါတော့၊ ငါဘီယင်အတွက် တောင်းပန်ပါ့မယ်"
ကျူးကျူး ။ 'တောင်းပန်ပါတယ်၊ အဲဒါက ငါ့ယောင်္ကျားဆုံးဖြတ်ချက်ပဲ။ သူသာလုပ်ချင်ရင် ငါတားလို့လည်းမရဘူး"
သူ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
ရှန်ယုအိမ်ရာ ။ "ငါကိစ္စတွေကို ပိုဆိုးသွားအောင် မလုပ်ချင်ဘူး"
ကျူးကျူး ။ "ရပါတယ်၊ သူရှုံးရင်လည်း ရှုံးတယ်ပေါ့"
'တကယ်လို့ ချန်ကျမ်းသာ ဂရုမစိုက်ရင် သူမလည်း ဟာသတခုလိုပဲ ကြည့်နိုင်သည်။ အနည်းဆုံးတော့ နတ်ဘုရားကို စိန်ခေါ်ရဲတဲ့ ချန်ကျမ်းသတ္တိကိုတော့ လေးစားသွားပြီ'
"......"
ရှီကျန်ယွဲ့ဟာ ဆက်တိုက် စိန်ခေါ်ပွဲခလုတ်ကို နှိပ်နေဆဲပေ။ ချန်ယုအိမ်ရာရဲ့ တုံ့ပြန်ချက်ကို အကုန်လုံးစောင့်နေကြသည်။ အချိန်အကြာကြီး စောင့်ပြီးနောက် ဘာမှတုံ့ပြန်မလာပေ။ 'နတ်ဘုရားက ဗီလိန်တွေကို စိတ်ထဲ မထည့်တာလား?'
အရေးကြီးတဲ့အချိန်မှာပဲ ကမ္ဘာ့စာမျက်နှာက သတင်းထုတ်ပြန်လိုက်သည်။
{"ချန်ယုအိမ်ရာ" က "ရှီကျန်ယွဲ့ " ရဲ့စိန်ခေါ်မှုကို လက်ခံလိုက်ပါသည်။}
"ဝေါင်း---"
"နတ်ဘုရားက လက်ခံလိုက်ပြီ၊ ဖန်ချိုင် စာမျက်နှာမှာ ပြောထားတာက နတ်ဘုရားက တော်လွန်းတာကြောင့် အသစ်လေးကို မရိုက်တာဆို"
ပြိုင်ကွင်းဟာ ဆယ်မိနစ် ပြင်ဆင်ချိန်ပေးသည်။ လာကြည့်တဲ့သူတွေ များတာကြောင့် စည်းတားထားရသည်။ နှစ်ယောက်ပြိုင်ပွဲကို ကြည့်ရန် ကစားသမားတွေဟာ ပြိုင်ကွင်းကို ပြေးလာနေကြသည်။ နှစ်ယောက်မပြိုင်ခင်ကတည်းက ကွင်းဟာ လူပြည့်နေပြီး တယောက်နဲ့တယောက်တွန်းတိုက်နေကြသည်။
"အိမ်မက် အစဉ်လိုက် " ရဲ့ပြိုင်ကွင်းဟာ စဖွင့်ကတည်းကနေ ရေပန်းစားတဲ့ နေရာဖြစ်သည်။
လိုအပ်ချက်တွေကတော့ အောက်ပါအတိုင်းဖြစ်သည်။
{ကစားသမားနှစ်ယောက်လုံးဟာ အဆင့်ကွဲပြားမှုမရှိ၊ အထူးလက်နက်ကွဲပြားမှုမရှိ၊ အနီရောင်အထက်ဆင့် လက်နက်တွေကို ပုံမှန်အဆင့်သတ်မှတ်သည်။} တနည်းအားဖြင့် ပြောရရင် ကစားသမားနှစ်ယောက်လုံးဟာ တကယ့်နည်းစနစ်တွေကိုပဲ သုံးပြီး တဖက်လူကို တိုက်ခိုက်နိုင်သည်။
ပြိုင်ကွင်းဟာ ချန်ယုအိမ်ရာအတွက် တော့ နာမည်ကြီးခြင်းရဲ့အစလို့တောင် ပြောလို့ရသည်။
ပြိုင်ကွင်းစစဖွင့်ချင်းမှာပဲ သူဟာ တခြားနတ်ဘုရားတပါးကို အသစ်ပေမဲ့လည်း စိန်ခေါ်လိုက်သည်။ သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ အကုန်လုံးရှုံ့ချနေချိန်မှာပဲ လှပစွာနဲ့ ပွဲကို ပြောင်းပြန်လှန်လိုက်နိုင်သည်။
ခဏကြာပြီးနောက် သူပြိုင်ကွင်းကို သွားပြီး ပွဲတိုင်းနိုင်တာကြောင့် ဂိမ်းတခုလုံးမှာ နာမည်အကြီးဆုံးဖြစ်လာသည်။
တချို့လူတွေက ရှီကျန်ယွဲ့ဟာ နွားပေါက်လေးဖြစ်ပြီး ကျားကိုကြောက်ရမှန်းမသိသေးကြောင်း ပြောနေကြသည်။ တချို့ကကျတော့ ခုလိုလုပ်ရပ်ဟာ ရှုံးသွားရင်တောင် လေးစားစရာကောင်းတယ်လို့ပြောကြသည်။ အဆုံးတော့ သူတို့က သူတို့ရဲ့ကောင်မလေးတွေအတွက် တိုက်ခိုက်နေတာပဲလေ။ ဒီညကတော့ ကျူးကျူးအိမ်မက်လှလှမက်တော့မှာပဲ။
အချိန်ကျလာချိန်မှာတော့ နှစ်ယောက်လုံး သူတို့ရဲ့ လက်နက်တွေကို ချိန်းလိုက်ပြီး ပြိုင်ကွင်းထဲကို အလိုအလျောက်ပို့ဆောင်ခံလိုက်ရသည်။
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...