Chapter 85 (Unicode)

3.4K 433 3
                                    

နှစ်ယောက်လုံးမရီးလို့ခေါ်လိုက်ချင်ပေမဲ့  သည်းခံလိုက်ရသည်။ ချန်ကျမ်းရဲ့ သရုပ်မှန်က အပြင်ဘက်ကမ္ဘာမှာ လျှို့ဝှက်ချက်ဖြစ်တာကြောင့် ဇူးမာတောင် သိလို့မရပေ။

တခြားသူတွေနဲ့ယှဉ်ရင် အန်ရူရဲ့မျက်နှာက ဖြူဆုတ်သွားပြီး သူမလက်ထဲက ဓားခရင်းကို ကိုယ်တိုင်တောင် မသိလိုက်ပဲ တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်မိသွားသည်။ သူမချန်ကျမ်းရဲ့ ကျော်ကြားလှတဲ့ ဇနီးအကြောင်းကို တခြားသူတွေဆီကနေ ကြားရတဲ့အချိန်ကို သေချာမှတ်မိနေသေးတယ်။ သူမက ရွံ့ရှာစရာကောင်းပြီး ဖောက်ပြန်တဲ့အကြောင်းတွေကိုပေါ့။ 'ရွံ့စရာကောင်းလိုက်တာ။ သူမက အခုမှလာပြီး သူမစရိုက်ကိုပြောင်းလဲနိုင်ရတာလဲ?'

'မရဘူး။ မဖြစ်နိုင်ဘူး!'

တုနွမ်က မရီးက အရမ်းလှပြီး အရမ်းစိတ်အားထက်သန်ကြောင်း တွေးလိုက်သည်။ သူက ရူးသွပ်နေသလိုမျိုး နေရာလပ်တောင် မချန်ပဲ ချီးကျူးလိုက်သည်။  "လူ....လူအိုကြီး ချန်ဇနီးက အရမ်းလှတာပဲ"

ကျောင်းဖန် ။ "အဟွတ်၊ အဟွတ်!!"

'ဘာလို့ ဒီစာကြောင်းက ခံစားရတာ ထူးဆန်းနေတာလဲ?'

ချန်ကျမ်းဟာ ကျူးကျူးကို တည်ငြိမ်စွာနဲ့ မိတ်ဆက်ပေးလိုက်သည်။ "သူငယ်ချင်းအုပ်စုလိုက် ညစာစားနေတာ"

ကျူးကျူးဟာ အရှေ့အနောက်မမေးတဲ့သူမှန်း သူသိသည်။ ကျူးကျူးကို သူ့အကြောင်းဖော်လိုက်ရန် သူတို့မလုပ်ရဲမှန်းသိတာကြောင့် သူ့လျှို့ဝှက်ချက်ပေါ်သွားမှာကို မစိုးရိမ်ပေ။

'ဘယ်သူက သူဌေးတယောက် မကွာရှင်းခင် သူ့ရဲ့သရုပ်မှန်ကို သူ့မိန်းမဆီကနေ ဖုံးကွယ်ထားလိမ့်မယ်လို့ တွေးမိမှာလဲ'

ကျားချန်ရဲ့အတင်းအဖျင်းတွေကို ကျူးကျူးဘယ်တုန်းကမှ ဂရုမစိုက်ခဲ့တာကြောင့် တုနွမ်က ရင်းနှီးပုံပေါ်နေပေမဲ့ ဘယ်မှာတွေ့ဖူးမှန်း မမှတ်မိတော့ပေ။ သူမနှလုံးသားထဲမှာတော့အခုလောလောဆယ်ခံစားချက်က တခုတည်းပေ။ 'ချန်ကျမ်းမှာ သူငယ်ချင်းရှိတယ်ပေ့ါ!!!'

'အရွယ်ရောက်လာပြီပဲ။ ဒီအန်တီက အရမ်းကျေနပ်တာပဲ!'

တဖက်မှာတော့ ဇူးမာက အံ့ဩသွားပြီး ပြောလိုက်သည်။ "ဘယ်လိုတောင် တိုက်ဆိုင်တာလဲ ကိုယ်တို့ရေစက်ပါတယ်နဲ့တူတယ်"

ကျူးကျူးရှက်သွေးဖြာစွာနဲ့ ခေါင်းငြိမ့်လိုက်သည်။ သူမပြုံးကာ ပြောလိုက်သည်။ "ဟယ်လို၊ ငါ့နာမည်က ရွမ်ကျူးကျူးပါ"

အဲဒီစာလုံးတွေထွက်လာချိန်မှာ တခြားသူတွေက ကြောင်အသွားသည်။

သူတို့က မရီးကို ဇူးမာနဲ့တွေ့ဖူးမှန်းမထင်ထားမိပေ။ တုနွမ်နဲ့ကျောင်းဖန်ဟာ အကြည့်တွေ ထူးဆန်းသွားသည်။ သူတို့ရဲ့အတွေးထဲမှာတော့ ချန်ကျမ်းဟာ ၁၀ တန်လောက်လေးတဲ့ဦးထုပ်စိမ်းကို ဆောင်းခံနေရပြီး ဇူးမာကိုယ်တိုင်ကိုယ်ကျဆောင်းပေးတာလို့ပေ။

"....."

ဇူးမာဟာ တခဏလောက်တိတ်ဆိတ်သွားပြီး တဝက်အံ့ဩပြီး တဝက်ကြောင်သွားသည်။ "မင်းက...ကျူးကျူးကျူး?"

ကျူးကျူး ။ "ရှင်က?"

ပြီးတော့သူပြုံးလိုက်ပြီး ယဉ်ကျေးစွာနဲ့ သူ့သရုပ်မှန်ကိုပြရန် အနည်းငယ်နောင်တရနေပြီး ပြောလိုက်သည်။ "ချန်ယုအိမ်ရာ"

တဂိမ်းလုံးက သူတွေက ချန်ယုအိမ်ရာက ကျူးကျူးအတွက်ခံစားချက်အနည်းငယ်ရှိကြောင်း သိကြသည်။ တုနွမ်လိုမျိုး စပ်စုလွန်းတဲ့သူတချို့သာ ကျူးကျူးကျူးက မရီးဆိုတာကို သိကြသည်။ 'ဟုတ်ပြီ။ ဒါပေမဲ့ သူဌေးတယောက်သူ့ကိုကျားချန်ကို ဝင်ခွင့်ပြုလိုက်ရင် အခန်းထဲကို ဝံပုလွေကိုခေါ်သွင်းလာသလိုဖြစ်မနေဘူးလား'

ကျူးကျူးဟာ သူ့ကိုကြည့်နေရင်း တခဏလောက်ဆွံ့အသွားသည်။ 

ဂိမ်းထဲမှာက လိုင်းပေါ်ကနေပဲဆက်သွယ်ကြတာကြောင့်  အကုန်လုံးက  အစစ် အမှန်မဟုတ်သလိုမျိုးခံစား၇သည်။ အခုတော့ဇူးမာက သူမရှေ့မှာ ထင်ရှားစွာရပ်နေတာကြောင့် ကျူးကျူးနောင်လာမဲ့နှစ်အနည်းငယ်အတွင်း သူ့ရဲ့ပြောင်‌မြောက်တဲ့ အောင်မြင်မှုတွေ သူခံစားရမဲ့နာကျင်မှုတွေကို သတိရသွားသည်။ အဲဒါက စိုက်ဝင်နေတဲ့ အပ်ကို လုံးဝဆွဲထုတ်လိုက်သလိုပဲ။ စာအုပ်ထဲက ဇာတ်ကောင်တွေက တကယ်ပေါ်လာသလိုပဲ။




ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWaar verhalen tot leven komen. Ontdek het nu