Chapter 92 (Unicode)

2.9K 375 6
                                    

ကျူးကျူးဟာ အနည်းငယ်နောင်တ၇သလိုဖြစ်လာသည်။ 'သူငယ်ချင်းတွေနဲ့သွားရင် သေချာပေါက်ဓာတ်ပုံလှလှလေးတွေ ၇မှာပဲ'

ကျူးကျူးရဲ့ ဆယ်ဆပျော်၇ွှင်မှုနဲ့ ကွာခြားစွာ ရုံးခန်းထဲမှာရှိနေတဲ့ ချန်ကျမ်းကတော့ အနည်းငယ်တိတ်ဆိတ်နေပုံပေါ်သည်။

တကယ်လို့ မင်းသာ ချန်ကျမ်းနဲ့ အကြာကြီး သိလာတဲ့သူဆိုရင် အခုချိန်မှာ သူ့ခံစားချက်တွေမကောင်းကြောင်း နားလည်လိမ့်မယ်။ တခြားသူတွေဟာ ဘာဖြစ်နေမှန်းမသိတာကြောင့် ဂိမ်းများတခုခုမှားနေတာလားဆိုပြီး အပြေးအလွှားသွားစစ်ဆေးကြည့်ကြသည်။ တုနွမ်တယောက်တည်းသာ ဘာဖြစ်နေမှန်းသိလေသည်။

'သေပြီ'

'မြင်းဖင်နှိုက်တဲ့ကိစ္စက ဖင်နှိုက်ရုံတင်မကဘူး၊ နံပါနံသွားတာဟ'

'နှစ်ယောက်သားရန်ဖြစ်ထား လို့လား? မရီးက ဘာလို့ သူဌေးနဲ့မသွားတာလဲ?' သူတွေးကြည့်လိုက်သည်။

သူ့နှလုံးသားထဲမှာ မုန်တိုင်းထန်နေလေပြီ။ အပြင်ဘက်မှာတော့ အလေးအနက်ရှိတဲ့စစ်သားတယောက်လိုမျိုး ချန်ကျမ်းဆီကို ဖြေးညင်းစွာလျှောက်သွားလိုက်သည်။

နောက်တစက္ကန့်အတွင်းမှာ တုနွမ်ရဲ့ မျက်နှာဟာ ရှုပ်ထွေးသွားသည်။

ချန်ကျမ်းက အလုပ်များနေတာလို့ သူတွေးထားပေမဲ့ သူ့ရဲ့ဖုန်းမျက်နှာပြင်ပေါ်မှာ ကျူးကျူးရဲ့ဘာစာမှပို့ထားခြင်းမရှိတဲ့ Wechat အကောင့်ကိုပဲ ဖွင့်ထားလျက်ရှိနေမယ်လို့ ဘယ်သူတွေးမိမှာလဲ။ ချန်ကျမ်းဟာ ဒီပုံစံအတိုင်း မနက်ကတည်းကနေ ရှိနေတာပေ။ ဘယ်လောက်ကြာကြာစောင့်နေမှန်းမသိပေ။ တချက်တောင် နေရာကနေ မရွေ့သေးပေ။

တုနွမ် ။ "ဟို...သူဌေး၊ ရန်ဖြစ်ထားလို့လား?"

ချန်ကျမ်းဟာ တခွန်းမှ ပြန်မပြောလာပေ။

တုနွမ်။ "ဒီလိုတိတ်နေတာက ဘာမှမကောင်းဘူး၊ ကျွန်တော် မက်ဆေ့ထပ်ပို့လိုက်မယ်လေ၊ သူဌေးလည်း ဆုမဲပေါက်တာကြောင့် တူတူသွား၇မယ်လို့ "

ချန်ကျမ်းဟာ စကားတလုံးမှမပြောပေ။

သူ့ရဲ့ တိတ်ဆိတ်နေတဲ့ ပုံရိပ်ဟာ ဖုန်းစကရင်ပေါ်မှာ ပုံရိပ်ထင်နေပြီး သူ့ရဲ့မျက်လုံးတွေဟာ အသက်မပါသလိုမျိုး သူ့ကိုစိုက်ကြည့်နေတာကြောင့် တုနွမ်ဟာ တုန်လှုပ်သွားပြီး သူ့ကိုယ်သူလူဆိုးတယောက်လို ခံစားမိသွားသည်။

သူ့နှလုံးသားထဲက မုန်တိုင်းတွေ ငိုစပြုလာပြီ။ 'ငါက တကယ်အပေါစားဆန်တာပဲ၊ ဘာလို့ ငါအဲဒီစုတ်ပြတ်နေတဲ့ စိတ်ကူးထွက်လာပါလဲ?'

တုနွမ် မျက်ရည်ထွက်လာပြီး ပြောလိုက်သည်။ "သူဌေးတို့လင်မယား ရန်ဖြစ်ထားမှန်း မသိခဲ့လို့ပါ။ သိရင် မလုပ်ခဲ့ပါဘူး"

တကယ်လို့ ကျူးကျူးသာ တုနွမ်စကားကြားရင် ရယ်လို့သေသွားမှာပဲ။

'ရန်ဖြစ်တယ်? ချန်ကျမ်းနဲ့ ရန်ဖြစ်လို့် ဘယ်သူက နိုင်မှာလဲ? ငါပဲ သေချာပေါက် ရှုံးမှာပေါ့'

ညအချိန်

ခရီးအတွက် လိုအပ်တဲ့ပစ္စည်းတွေ အများကြီးဝယ်လာတဲ့ ကျူးကျူးဟာ သူမရဲ့ခရီးသွားအိတ်ထဲထည့်ရန် ကြိုးစားနေသည်။ သုံးရက်အတွင်း သွားရန်အသင့် ဖြစ်နေပြီး ဘာမှမကျန်ခဲ့တာသေချာအောင် ကြိုတင်ပြင်ဆင်ထားလေသည်။

သူမမျက်နှာသုတ်ပဝါတွေ ထည့်ရင်း အလုပ်များနေပေမဲ့ ရုတ်တရက်သူမနောက်ကျောတလျှောက် ကြက်သီးထသွားသည်။

ကျူးကျူး ။ "?"

သူမခေါင်းမော့လိုက်ပြီး လိုက်ကြည့်လိုက်သည်။ ဘေးတဖက်ကနေ ချန်ကျမ်း သူမရဲ့လှုပ်ရှားမှုတွေကို ကြည့်နေတာကို တွေ့လိုက်၇သည်။

ချန်ကျမ်းမျက်နှာမှာ အမူအရာမရှိပေ။

သူ့လက်တဖက်က နို့ချဉ်ဘူးကို ကိုင်ထားပြီး ပါကင်ကို ဖြေးဖြေးချင်း ခွာနေသည်။ ကျူးကျူးနဲ့ဆန့်ကျင်စွာ ချန်ကျမ်းဟာ အလွန်တည်ငြိမ်နေသည်။

ကျူးကျူး ။ "....နင်အလုပ်များနေလား?"

ချန်ကျမ်း ။ "မများဘူး"

"ကောင်းလိုက်တာ၊ ငါ့ကို ဒါလေးတွေ ကူလုပ်ပေးပါဦး"

အဲလိုပြောပြီးနောက် ရုတ်တရက် သူမအလည်သွားမှာဖြစ်ကြောင်း ချန်ကျမ်းမသိသေးမှန်း ကျူးကျူးသတိ၇လိုက်သည်။

'အသွားအလာရက်တွေပါ ထည့်ပေါင်းလိုက်ရင် ၄ ၅ ရက်လောက်ရှိမှာ၊ အဲရက်တွေ ချန်ကျမ်းတယောက်တည်းအစားအသောက်အတွက် ဖြေရှင်း၇မှာပဲ'

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now