Chapter 24 (zawgyi)

2.7K 111 1
                                    

ကျူးကျူးဟာ အံ့သြသွားပေသည်။
နောက်ဘာဆက်ဖြစ်မလဲဆိုတာ သူမကြိုသိနေပြီ။
ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတဲ့အဖြစ်အပျက်အတွင်းမှာပဲ ပလတ်စတစ်အိတ်ကိုသယ်ထားတဲ့ချန်ကျမ်းဟာ သရုပ်ဆောင်မှုမှာစိတ်နှစ်မြှုပ်နေတဲ့ရှောင်ပိုင်လျန်ရဲ့ ရှက်ပြီး စိတ်လှုပ်ရှားမှုအောက်မှာပဲ အေးအေးဆေးဆေးဘေးကိုတလှမ်းဆုတ်လိုက်တာကြောင့် ရှောင်ပိုင်လျန်ဟာ လေကိုပဲဖမ်းဆုတ်မိလိုက်လေသည်။ ကြောက်လန့်နေတဲ့ကောင်မလေးဟာ ပြုတ်ကျနေတဲ့အရှိန်ဟာမနှေးတာကြောင့် သနားစရာကောင်းစွာအော်ဟစ်လိုက်သည်။
ကျူးကျူး ။ "....."
ချန်ကျမ်းလက်ထဲကပလတ်စတစ်အိတ်ဟာ လွတ်ကျသွားပြီး အရိုးတွေလှိမ့်ကျလာသည်။ ရှောင်ပိုင်လျန်ဟာ လူတဝက်စာလောက်မြင့်တဲ့ ပလတ်စတစ်အိတ်ရဲ့နူးညံ့တဲ့အပိုင်းပေါ်ပြုတ်ကျသွားတာကြောင့် ကံကောင်းစွာနဲ့ နေရာမှာတင် ခေါင်းမကွဲသွားပေ။
ရှက်စရာကောင်းတဲ့အဖြစ်အပျက်ဖြစ်သွားသည်။
မြေပေါ်ပြုတ်ကျသွားတဲ့အရှိန်နဲ့ဖောင်းနေတဲ့ပလတ်စတစ်အိတ်ဟာ ပေါက်သွားပြီး တဖက်လူမတုံ့ပြန်နိုင်ခင်မှာပဲ သူမခေါင်းဟာ ကျူးကျူးရဲ့အဝတ်တွေထဲ ခေါင်းစိုက်သွားသည်။ အမှိုက်အိတ်ပေါ်လဲနေတဲ့ ကောင်မလေးဟာ ကြောက်လန့်တကြားနဲ့ သူမအနည်းငယ်ပုံစံမမှန်တာကို သတိထားမိသွားသည်။ သူမခေါင်းကိုပြန်မော့လိုက်ပြီး ခေါင်းပေါ်ကနေကြိုးတခုကို ဖယ်ရှားလိုက်သည်။ ကြိုးရဲ့အရောင်ဟာ အနီရောင်တောက်တောက်ပေ။
"......" အဲဒီအဖြစ်အပျက်ကိုကြည့်ပြီး ကျူးကျူးဟာ အချိန်နောက်ပြန်ဆုတ်ပြီး ပြန်ပြောင်းလို့ရရင်ကောင်းမယ်လို့ တခဏတွေးလိုက်မိသည်။
ခေါင်းပေါ်မှာ ဘရာဇီယာစွတ်လျက်ရှိနေတဲ့ကောင်မလေးဟာ တခုခုမှားနေတာ ရိပ်မိသွားပြီး သူမအမူအရာပြောင်းသွားတော့သည်။ သူမဟာ သူမခေါင်းပေါ်ကဘရာကို တုန်ယင်စွာနဲ့ ယူလိုက်ချိန်မှာ သူမလက်ထဲမှာ ဘာရှိနေမှန်းသိသွားတော့ သူမမျက်နှာဟာအဖြူတလှည့် အပြာတလှည့်ပြောင်းသွားတော့သည်။
ချန်ကျမ်းဟာ အိတ်ထဲလက်တဖက်ထိုးလျက် နေရာမှာတင်ရပ်နေပြီး ကူညီမဲ့အရိပ်အယောင်မရှိပဲ သူမကိုစိုက်ကြည့်နေလေသည်။
ကောင်မလေးဟာ သူမရဲ့မတရားမှုအတွက်သည်းမခံနိုင်တော့ပဲ ပြင်းထန်စွာငိုကြွေးလျက် ဘရာကိုလွှင့်ပစ်ကာ ထွက်ပြေးသွားတော့သည်။
ကျူးကျူး ။"......"
'ဒါ ငါ့အမှားမှမဟုတ်တာ'
ချန်ကျမ်းဟာ လှေကားကိုဖြေးဖြေးချင်းဆင်းပြီး ဘရာကိုသွားကောက်လိုက်ပြီး အမှိုက်အိတ်ဆီသွားထည့်လိုက်သည်။ ကျူးကျူး အနည်းငယ်ရှက်မိသွားသည်။ 'သူမအဲဒါကို မဝတ်ပေမဲ့ နောက်ဆုံးကောက်ချက်ချရမယ်ဆိုရင် အဲဒါကသူမအတွင်းခံပဲလေ'
သူမမြန်မြန်လှေကားဆီလျှောက်သွားပြီး "ခဏလေး ငါကောက်သိမ်းလိုက်.....အား!"
ရုတ်တရက်သူမခြေခေါက်ထားတဲ့နေရာကနေ နာလာတာကြောင့် ခြေမခိုင်ဖြစ်သွားပြီး ပြုတ်ကျတော့မလိုဖြစ်သွားသည်။
ကျူးကျူးဟာ သေချာပေါက် အဲဒီခွေးကောင်ချန်ကျမ်းရှောင်လိုက်တာကို မြင်လိုက်ရသည်။
'ရှောင်တယ်ပေါ့လေ အခုချက်ချင်းငါ့ကိုဆွဲစမ်း'
သူမဟာချန်ကျမ်းအဝတ်တွေကို မြန်မြန်ဆောင့်ဆွဲလိုက်တာကြောင့် ချန်ကျမ်းဟာလည်း လေပြင်းတိုက်လို့လဲကျသွားတဲ့သစ်ပင်လိုခြေမခိုင်ပဲ ပြုတ်ကျသွားတော့သည်။

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းحيث تعيش القصص. اكتشف الآن