အချိန်တခဏကြာပြီးနောက်.....
'ဘီယန် ငါတွေးနေတဲ့ဘီယန်လား? ဇာတ်လိုက်မ ရှုဘီယန်!? ဒီလိုမျိုး မတော်တဆဆုံရသလား???'
သူမရုတ်တရက် စာအုပ်ထဲက စာပိုဒ်တခုကို သတိရလိုက်သည်။
ပြန်လည်မွေးဖွားပြီးနောက် ဇာတ်လိုက်မ ရှုဘီယန်က ဇူးမာနဲ့ ဆက်ဆံရေးတိုးတက်အောင် လုပ်ချင်ခဲ့သည်။ အဲဒီအချိန်မှာ မိန်းကလေးသူငယ်ချင်းတယောက်ပေါ်လာခဲ့သည်။ သူမရဲ့ဇနီးလောင်းနေရာကို ကာကွယ်ရန် အတွက် ဇာတ်လိုက်မဟာ ကိုယ်တိုင်ဂိမ်းထဲဝင်ပြီး သူမရဲ့အာဏာလွှမ်းမိုးမှုကို ဖော်ပြလေသည်။
ကျူးကျူးဟာ အဲဒီအချိန်တုန်းက စာအုပ်အစအဆုံးဝယ်ပြီး အဆုံးကို ကြိုသိချင်နေတဲ့နှလုံးသားကြောင့် အတိတ်က ကိစ္စပိုင်းတွေကို ကျော်လိုက်တာကြောင့် ဂိမ်းနာမည်ရော သူတို့ရဲ့ ဂိမ်း ID ကိုရော မမှတ်မိလိုက်ပေ။
အခုတခုချင်း တခုချင်း ပြန်တွေးကြည့်လိုက်တော့ အဲဒီ ပြီးပြည့်စုံတဲ့နတ်ဘုရားဟာ စာအုပ်ရဲ့ အမျိုးသားဇာတ်လိုက်ပေ။
အကုန်လုံးက အဲဒီပြီးပြည့်စုံတဲ့နတ်ဘုရား ကျူးကျူးကို ဂိမ်းကစားရန်ခေါ်တာကို အားကျနေကြလေသည်။
မမျှော်လင့်ထားတာက ကျူးကျူးချက်ချင်းပဲငြင်းလိုက်လေသည်။
ကျူးကျူး ။ "တောင်းပန်တယ်၊ ငါ့မှာအချိန်မရှိဘူး၊ နောက်တခါမှပေါ့"
သူမပြောပြီးပြီးချင်း လိုင်းပေါ်ကနေ ဆင်းသွားပြီး လူတစုကို အံ့ဩစွာနဲ့ ချန်ထားခဲ့လေသည်။
လူအုပ်စုဟာ ? တွေအရှည်ကြီး ပို့ပြီး နဂိုမြေပုံကသွားလာသူတွေတောင် ကြောင်သွားကြတော့သည်။ 'အလုပ်ရက်တွေတုန်းက သူမတခြားသူတွေဆီက နေ ငွေတွေလိုက်စုနေကာ ဂရုစိုက်ဖို့တောင် ပျင်းနေပြီး အခုကျတော့ သူမအဆင်ပြေသွားပြီး ငြင်းလိုက်တယ်ပေါ့'
ပိုင်လုံမန်က နှမြောစွာနဲ့ပြောလိုက်သည်။ "အိုး အခုတော့ အစ်မဘီယန် စိတ်ပူစရာမလိုတော့ဘူးပေါ့'
သူမပုံမှန်ဆိုရင် နတ်ဘုရားတွေကို သူခိုးဆန့်ကျင်သူတွေလို ဆက်ဆံပြီး အသင်းထဲက မိန်းမတိုင်းဟာ လက်မလွှတ်ကြပေ။ သူမအကြာကြီး သည်းခံလာခဲ့ရသည်။ အသစ်လေးက နတ်ဘုရားဖန်မဟုတ်ပေ။ သူမ တကယ်ပဲ စကားပြောထားတဲ့ဟာတွေကို အသင်းထဲက ရှုဘီယန်ဆီကို ပြချင်နေတော့သည်။ 'ကြည့်လိုက်ဦး'
စကရင်တခြားတဖက်မှာတော့ ဇူးမာဟာ ကျူးကျူးနာမည်ကို အကြာကြီးစိုက်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
..........
ကျူးကျူးဟာ ဇာတ်လိုက်မကို ကြောက်တာမဟုတ်ပေမဲ့ သူမရဲ့စရိုက်ကို မကြိုက်ပေ။ ကျူးကျူးဒီအတိုင်း ဇာတ်လိုက် ဇူးမာနဲ့ ဘာဆက်ဆံရေးမှ မရှိချင်ပေ။ ဇာတ်လိုက်မ ဒေါသကို သွားမဆွမိစေရန်အတွက် ရိုးရိုးရှင်းရှင်းငြင်းလိုက်ပြီး တဖက်လူဟာ သူ့မျက်နှာပျက်တာကို မကြိုက်တာကြောင့် သေချာပေါက် သူမနဲ့ ဘာမှ ဆက်နွယ်စရာမရှိတော့ပေ။
သူမတံခါးကို ဖွင့်လိုက်ပြီး မီးဖိုချောင်ထဲသွားကာ ရေတခွက်ငှဲ့လိုက်သည်။ မှောင်မိုက်နေတဲ့ ဧည့်ခန်းထဲက အမဲရောင် အရိပ်ဟာ ကျူးကျူးကို လန့်စေပြီး နောက်ကို ခြေနှစ်လှမ်းလောက် ဆုတ်သွားစေသည်။
"နင် ဘာလို့ ဧည့်ခန်းမီးတွေ ဖွင့်မထားတာလဲ!"
ချန်ကျမ်းရဲ့ အဖြေက နွေးထွေးနေပေမဲ့ သူအခုထိဒေါသထွက်နေသေးသည်။ "ငါ အခုလေးတင် မီးဖွင့်မလို့ လုပ်နေတာ"
ကျူးကျူး ။" ......"
သူမဒီည ခေါက်ဆွဲစားဖို့ဆုံးဖြတ်လိုက်ပြီး သူမအတွက် ကြက်ဥနှစ်လုံးချန်ကာ ချန်ကျမ်းကို တခွက် စားစေလိုက်သည်။

STAI LEGGENDO
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Umorismoရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...