Chapter 56 (Unicode)

4K 463 2
                                    

"ငါ တိုက်ရိုက်ပဲ ပြောလိုက်တော့မယ်၊ ကြူဝေက ငါ့ဆီနင့်ရှယ်ယာတွေကိုတောင်းတယ်၊ နင် သူမနဲ့မတိုက်ခိုက်ချင်တာ ငါသိတယ်၊ ဒါပေမဲ့လည်း နင်စားသောက်ဖို့လိုသေးတယ်လေ။ ဒါကြောင့် ငါကွာရှင်းပေးရင် ငါ့ကိုပိုပေးဖို့ကတိပေးထားတယ်။ ၃ မီလီယံနဲ့ အိမ်နှစ်လုံး၊ ငါကအိမ်တလုံးရှိရင်ရပြီ၊ ကျန်တာကို နင့်ကိုပေးမယ်"

'သူမမှာက ၇ သိန်းရှိသေးတယ်၊ အိမ်လည်းတလုံးဆိုတော့ အချိန်အကြာကြီးစားသောက်နေဖို့လောက်ပါတယ်'

ချန်ကျမ်း ရုတ်တရက်ခေါင်းကို မော့လိုက်သည်။

"ငါ့ကိုပေးမယ်?'

"အင်းလေ၊ ငါအဲလောက်အများကြီးမသုံးနိုင်တာ၊ နင်က နင့်အတွက်နင်လည်း စိုးရိမ်ရဦးမယ်၊ အဖျားရှိရုံနဲ့တင် ကိုယ့်ကိုကို  သတ်မိတော့မလို ဖြစ်သွားပြီးတော့...." ကျူးကျူး သူ့မျက်လုံးကို ဒေါသထွက်စွာနဲ့ကြည့်လိုက်သည်။

ချန်ကျမ်းဟာလည်း သူမကို ပြန်ငေးကြည့်နေသည်။ သူ့ရဲ့ သေးသွယ်ရှည်လျားတဲ့ မျက်ဝန်းတစုံဟာ ဖြေးဖြေးချင်း ဖွင့်လိုက်ပြီး ပုံမှန်မြင်ဖူးနေကြအကြည့်တွေနဲ့မတူပဲ ကွဲပြားနေတဲ့ပုံစံမျိုးကို ကျူးကျူးသိပ်မတွေ့ဖူးပေ။ သူအကြာကြီး တိတ်ဆိတ်ပြီးမှ ထပ်ပြောလိုက်သည်။ "ငါ့အတွက်?"

ကျူးကျူး ။ "နင် ထပ်တလဲလဲပြောတတ်တဲ့သရဲဝင်ပူးခံနေရတာလား?"

ချန်ကျမ်းသူမမေးတာကို မဖြေပဲ မေးလိုက်သည်။ "ဘာကြောင့်လဲ?"

" နင်ငါ့ကို ကျွေးမွေးထားပြီး ငွေတွေလည်းပေးထားတဲ့ ကျေးဇူးတရား ပြန်ဆပ်ရုံပဲလေ။ ဒီအကြောင်းပြချက်ကလုံလောက်ပြီလား? ဒါပေမဲ့လည်း နောက်ဆုံးကောက်ချက်ချလိုက်ရင် ငွေကနင့်ဟာပဲဟာ။ ငါကဒီအတိုင်း ကြားပေါက်ဝင်ငွေရသွားတာ"

"နင် ပြသာနာမရှိတော့ဘူးဆိုရင် ငါ့အံဆွဲထဲမှာ ကွာရှင်းစာချုပ်ရှိနေတယ်။ ငါခုဏနေရင် လက်မှတ်ထိုးလိုက်မယ် "

ကျူးကျူး စကားအရှည်ကြီးပြောပြီးချိန်မှာတော့ ချန်ကျမ်းဟာ နောက်ဆုံး သူ့လက်ထဲက ဇွန်းကို  ချလိုက်တော့သည်။

သူ့လေသံက အေးဆေးပြီး နူးညံ့နေသည်။

"မကွာရှင်းဘူး"

ကျူးကျူး ။ 'ဟမ်၊ ဒါဆို ငါ့ကို နင်တင်ကျွေးထားမှာလား?'

"အင်း"

ကျူးကျူး ။ "ဟေး?"

"ငါ့မှာစုထားတာတွေ ရှိတယ်"

ကျူးကျူး သူမလက်ကို ဖြန့်လိုက်ပြီး " ၅ သိန်း?၊ ၁၀သိန်း ?၊ ၂၀ သိန်း ? သိန်း ၅၀ ထက်တော့ ပိုမရှိနိုင်ပါဘူး  !"

ချန်ကျမ်း သူမတုန်လှုပ်နေတဲ့ပုံစံကို ကြည့်ပြီး သူမကို လန့်စေမိမှာကြောက်တာကြောင့် အေးဆေးစွာပြောလိုက်သည်။ "အိမ်နောက်ထပ်နှစ်လုံးလည်း ရှိသေးတယ်'

'တကယ်တော့.... ဘဏ်မှာရှိတဲ့ငွေက နောက်ထပ်သုညနှစ်လုံးထပ်ပေါင်းပြီး နှစ်ဆလုပ်ရအုန်းမှာ'

ကျူးကျူး ။ 'ငါ နင်တကယ် ဒီလောက်ချမ်းသာလိမ့်မယ်လို့ မထင်ထားဘူး"

ချန်အဖေရဲ့ကုမ္ပဏီက အချိန်အကြာကြီး အလုပ်လုပ်လာခဲ့ပေမဲ့ နှစ်စဉ်ဝင်ငွေကတော့ သူ့လစဉ်ဝင်ငွေနဲ့ မတူညီပေ။ ကွာခြားချက်က အရမ်းကြီးနေပေသည်။ ချန်ကျမ်းက သူပိုင်ထားတဲ့ရှယ်ယာတွေက ငွေဘယ်လောက်တန်လဲ မသိပေ။ ဒီလောက်ငွေလေးကတော့ သူ့အတွက် ဂိမ်းတခုတီထွင်ရန်တောင် မလောက်ပေ။

သူ့အမြင်မှာ ကြူဝေက ငွေလေးနည်းနည်းလေးအတွက် အရမ်းကြိုးစားနေတဲ့ အပေါ်အောက်ခုန်နေတဲ့ လူပြက်သာသာပေ။ အရမ်းကြည့်ရဆိုးနေပေသည်။

သူ ဖုန်းကွယ်တာတော်လွန်းတာကြောင့် ချန်အဖေနဲ့ ကြူဝေတို့က အစကနေ အဆုံးထိ သူဘာမှ မလုပ်တတ်ဘူးလို့ ထင်နေတာပေ။ သူတို့နှလုံးသားထဲမှာတော့ သူက ဘာမှမသိတဲ့ အမှိုက်သာသာ၊ ဘာကိုလုပ်လုပ် ဂရုမစိုက်တတ်တဲ့သူလို့ ထင်နေလေသည်။


(ဒီမှာသုံးထားတဲ့ ငွေကြေးတွေက မြန်မာငွေမဟုတ်ပဲ တရုတ်ယွမ် "သိန်း " ကို ပြောထားတာပါ)

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းTempat cerita menjadi hidup. Temukan sekarang