Chapter 82 (Zawgyi)

1.5K 65 1
                                    

သူမ စားတာကို အရှိန်မြင့်လိုက်ပြီး စားပြီးရင် အိမ်အမြန်ပြန်ရန် တွေးနေသည်။ 'တကိုယ်လုံးမှာစွဲနေတဲ့ အစားအစာအနံ့တွေကို ချန်ကျမ်းမရိပ်မိအောင် သေချာဖျောက်ထားရမယ်'
"သူ...လူအိုကြီးချန်၊ ဘာစားမှာလဲ?"
တုနွမ်ဟာ ချန်ကျမ်းရဲ့အသိစိတ်လွတ်နေတဲ့ပုံစံကိုကြည့်ပြီး သူဌေးလို့ခေါ်မိတော့မလိုပေ။ သူ့ပါးစပ်ကို မြန်မြန်ပိတ်လိုက်ပြီး မီနူးစာအုပ်ကို ချန်ကျမ်းဆီ ထိုးပေးလိုက်သည်။ 'ထူးဆန်းလိုက်တာ၊ စားသောက်တာနဲ့ အလုပ်လုပ်တာပဲ ဂရုစိုက်တဲ့သူဌေးက ဒီနေ့အစားအစာကို စိတ်မဝင်စားဘူးပေါ့?' တုနွမ်က ဒါဟာ အရမ်းကိုကြီးမားတဲ့ပြသာနာဖြစ်ကြောင်း တွေးနေသည်။
ဒါပေမဲ့ ခုချိန်မှာတော့သူ့သိချင်စိတ်ကို ထိန်းချုပ်ပြီး ချန်ကျမ်းမှာ မှာကိုပဲ စောင့်နေလိုက်သည်။
ချန်ကျမ်းရဲ့သေးသွယ်တဲ့လက်ချောင်းတွေ အနည်းငယ်တို့လိုက်ပြီး သေချာပေါက် ကျူးကျူးစားနေတဲ့ဟင်းပွဲတွေထဲကပဲ မှာလိုက်သည်။ သူ့ရဲ့ပျင်းရိနေတဲ့မျက်ခွံကိုပင့်လိုက်ပြီး ကျူးကျူးရှိနေတဲ့နေရာဆီ လှမ်းကြည့်လိုက်သည်။ 'ဘယ်သွားမလို့လဲ??'
အန်ရူဟာ သူက သူမကိုကြည့်နေတယ်ထင်ပြီး မိန်းမဆန်စွာ သူမနားထင်ဆီကဆံစကို နားနောက်ကိုသပ်လိုက်တာကြောင့် လက်မြှောက်သလိုဖြစ်ပြီး ချန်ကျမ်း တယောက်တည်းစားနေတဲ့လူလိမ်ကို ကြည့်တာကို ကွယ်မိသလိုဖြစ်နေသည်။
သူစိတ်မရှည်စွာနဲ့ပြောလိုက်သည်။ "မြန်မြန်လုပ်"
'စကားပြောနေဖို့အချိန်မရှိတော့ဘူး။ လူလိမ်က ထွက်ပြေးမလို့လုပ်နေပြီ'
ဇူးမာရဲ့မသိစိတ်ဟာ အားကောင်းတာကြောင့် သူ ချက်ချင်းပဲ ဒီ "လူအိုကြီးချန်" ဆိုတဲ့သူဟာ လွယ်ကူမဲ့သူမဟုတ်မှန်း တွေးလိုက်သည်။
သူသေချာထိုင်လိုက်ပြီး သူ့အသံကိုနှိမ့်ကာ နွေးထွေးစွာနဲ့ပြောလိုက်သည်။ "တကယ်ပြောရရင် ကျွန်တော် ကျားချန်ကို ဝင်ရတာက အိမ်မက်ပါ။ ကျေးဇူးပြုပြီး အခွင့်အရေးပေးမယ်လို့ မျှော်လင့်ပါတယ်။ တခြားသူတွေလုပ်နိုင်တဲ့အရာတိုင်း ကျွန်တော်လည်းလုပ်နိုင်ပါတယ်"
ဇူးမာအပေါ် တုနွမ်ရဲ့အမြင်ဟာ မဆိုးပေ။ ဒါပေမဲ့ ဆုံးဖြတ်ချက်ချခွင့်က ချန်ကျမ်းလက်ထဲမှာပဲ ရှိနေသည်။ ချန်ကျမ်း ခေါင်းမညိတ်သေးတာကြောင့် သူဘေးကပဲရပ်ကြည့်နိုင်သည်။
"မစ္စတာဇူး၊ အိမ်မက်အစဉ်လိုက်ဆိုတဲ့ဂိမ်းမှာ ပြသာနာတက်ထားတယ်မလား။ အခုချိန်ဝင်တာက အခွင့်ကောင်းမဟုတ်ဘူး။ မင်းအောင်မြင်မှုတချို့ဆုပ်ကိုင်ဖို့ရန် ငါတို့မျှော်လင့်ပါတယ်"
ဇူးမာဟာ စိတ်ပျက်သွားပေမဲ့ ချက်ချင်းပဲပြန်ဖြေလိုက်သည်။ "ကျွန်တော်နားလည်ပါတယ်။ ကျားချန်ကကျင်းပတဲ့ ကလပ်ကစားသမားတွေပြိုင်ပွဲကို ကျွန်တော် စာရင်းသွင်းထားပါပြီ။ ကျွန်တော်အကောင်းဆုံးလုပ်မှာပါ"
တုနွမ်ဟာ အလွန်ကျေနပ်သွားသည်။
တုနွမ်ဟာ ချန်ကျမ်းအကြံတချို့များပေးလေမလားလ်ု့ ချန်ကျမ်းကို လှမ်းကြည့်လိုက်သည်။ တုနွမ်ဟာ အချိန်အကြာကြီး လူငယ်တယောက်ကို စောင့်ကြည့်နေတာဖြစ်ပြီး သူ့ရဲ့စွမ်းရည်တွေကလည်း ခြုံငုံကြည့်ရင် အဆင်ပြေသည်။ သူဟာ သေချာပေါက် အနာဂတ်မှာ e-sports လောကမှာ သူ့နာမည်ကို ချန်ထားနိုင်မဲ့သူပဲ။
တုနွမ် ရုတ်တရက် ရပ်တန့်သွားသည်။
ချန်ကျမ်းဟာ တနေရာတည်းကို စိုက်ကြည့်နေသည်။ သူလှည့်ကြည့်လိုက်တော့ စားပွဲမှာ အလွန်လှတဲ့မိန်းမတယောက်ဟာ အစားအစာကို အလွန်မြန်တဲ့အရှိန်နဲ့သွပ်သွင်းနေတာကိုတွေ့လိုက်ရသည်။ တုနွမ်ကြည့်လိုက်ချိန်မှာ သူမဟာ ကျို့ထိုးသွားတာကြောင့်ဝိုင်နီနဲ့ မျှောချနေတာကို တွေ့လိုက်သည်။

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now