တချိန်တည်းမှာပဲ
ကျူးကျူးဟာ အထုပ်တွေဖြည်ပြီး ရေကူးဝတ်စုံဝတ်ကာ အပြင်ထွက်ရန် ပြင်ဆင်နေသည်။ သူမစိတ်လှုပ်ရှားစွာနဲ့ ခရီးဆောင်အိတ်ထဲကနေ အသစ်ဝတ်လာတဲ့ ကင်မရာကို ထုတ်လိုက်ပြီး ချန်ကျမ်းကို လှမ်းပြောလိုက်သည်။ "ခဏနေ င့ါကို ဓာတ်ပုံရိုက်ပေးအုန်း!"
နောက်ကို လှည့်ကြည့်လိုက်တော့ချန်ကျမ်းကို မတွေ့၇တော့ပေ။
ကျူးကျူး မီးဖိုချောင်ဆီလျှောက်သွားလိုက်သည်။
ချန်ကျမ်းဟာ ကိုလားတဗူးသောက်လျက် ဆိုဖာပေါ်မှာထိုင်နေသည်။
ကျူးကျူး ။ "ခဏနေရင် အပြင်သွားကြ၇အောင်"
ထိုစကားကိုကြာားပြီးနောက် သူ အံဆွဲထဲက အစေ့တွေ၊ မုန့်တွေကို ထုတ်ယူလိုက်ပြီး ဖြေးဖြေးချင်းစားနေလိုက်သည်။ သေချာပေါက် တနာရီနီးပါး လောက်စားပြီးချိန်မှာ ကျူးကျူးဟာ အတွင်းက ရေကူးဝတ်စုံ၊ အပြင်ဘက်မှာ ကုတ်အင်္ကျီတလုံးဝတ်ထားပြီး အခန်းထဲက ထွက်လာသည်။
သူမရဲ့ ကိုယ်အချိုးအစားဟာ ပြီးပြည့်စုံနေပြီး ဖြူဖွေးသွယ်လျတဲ့ ခြေတံတွေ၊ ပန်းပုထုထားသလို ခန္ဓာ၊ အကုန်လုံးဟာ လှပပြီး အပြစ်ပြောစရာမရှိပေ။ ယောင်္ကျားတိုင်း ပြန်လှည့်ကြည့်မဲ့ပုံစံကို ပိုင်ဆိုင်ထားလေသည်။
သူ့အကြည့်က သူမရဲ့ဖြူဖွေးနေတဲ့ အသားအရေပေါ်မှာ တခဏလောက်ရပ်တန့်သွားသည်။
ကျူးကျူးခေါင်းကိုပွတ်လိုက်ပြီး ပြောလိုက်သည်။ "ငါလှတာ ငါသိတယ်၊ ကြိုက်သလောက်ကြည့်"
ချန်ကျမ်း သူမရဲ့ဗိုက်ကို ညွှန်ပြလိုက်ပြီး "မင်းကဝတယ်..."
ကျူးကျူး ။ "ပါးစပ်ပိတ်ထား"
ညနေဘက် နေဝင်ချိန်ဟာ လှပပြီး ပင်လယ်ရေကလည်း ကြည်လင်ပြီး သန့်ရှင်းနေသည်။ ကောင်းကင်နဲ့ပင်လယ်ဟာ တဆက်တည်းလိုဖြစ်နေပြီး နေဟာ တဖြည်းဖြည်းဝင်သွားတာကို တွေ့မြင်နိုင်သည်။
ကျူးကျူးဟာ လေတိုက်သည့်ဘက်ကို ခေါင်းလှည့်လိုက်ပြီး မော်ဒယ်တယောက်လိုမျိုး ပုံတွေရိုက်တော့သည်။ ရှုခင်းကောင်းကိုရှာပြီး ကျောက်ဆောင်ပေါ်မှာရပ်ကာ ပဝါကို ဖြေးဖြေးချင်း မြှောက်လိုက်သည်။ အဝေးကနေ ကြည့်ရင် ပဝါနဲ့အတူ သူမပါ လေပေါ်မြှောက်နေသလို တွေ့မြင်နေရသည်။ အဲဒီပို့စ်က မလွယ်ပေ။ ကျူးကျူး ဟာ ခေါင်းကိုနောက်ကို မလှည့်နိုင်တာကြောင့် ချန်ကျမ်းကို ကျယ်ကျယ်လေးအော်မေးလိုက်သည်။
"အဆင်ပြေလား?"
"အင်း "
"ဘယ်လိုထွက်လာလဲကြည့်ချင်တယ် "
ကျူးကျူ ပျော်ပျော်ရွှင်ရွှင်နဲ့ကင်မရာကို ယူလိုက်ပြီး ကြည့်လိုက်ချိန် သူမမျက်လုံးေတွဟာ ချက်ချင်း တည်ကြည်သွားသည်။ ရှုခင်းပုံက တကယ်ကိုပဲလှပသည်။ ပင်လယ်ရေပြာတွေဟာ နေခြည်သမ်းနေတာဟာ ရွှေရည်လောင်းထားသလိုပဲ။ ကောင်းကင်ဟာတိမ်တွေနဲ့ပုံဖော်ထားတာကြောင့် နတ်ပြည်ကို ရောက်နေသလိုမျိုး ပုံပေါ်နေသည်။
ဒါပေမဲ့
ကျူးကျူးလှည့်ကြည့်ပြီးတော့ မေးလိုက်သည်။ "ငါကရော???"
"ဒီမှာ" ချန်ကျမ်းညွှန်ပြတဲ့နေရာကိုအနီးကပ်ကြည့်လိုက်တော့မှ ကျောက်ဆောင်ပေါ်က အမဲရောင်ပုံရိပ်ကို တွေ့၇တော့သည်။
'မမြင်၇တာလည်းကောင်းပါတယ်၊ ဒါပေမဲ့လူပုံပေါ်မှ ပိုကောင်းတာမဟုတ်ဘူးလား?'
'ဒီထောင့်အနေအထားကနေရိုက်ရင် ကျောက်ဆောင်ပေါ်မှာ သိမ်းငှက်ထိုင်နေသလိုမျိုး ဖြစ်နေတယ်လေ'
ကျူးကျူးဟာ သူမမျက်နှာ အမူအရာကို မထိန်းချုပ်နိုင်ပဲ ပြောစရာစကားဆွံ့အသွားသည်။
သူမမျက်နှာ စူပုတ်နေပြီး သေစေနိုင်တဲ့အကြည့်စူးစူးတွေကြောင့် ချန်ကျမ်းရဲ့ အသက်ရှင်ချင်တဲ့စိတ်ဟာ ပြန်လည်နိုးထလာသည်။
ချန်ကျမ်း အလေးအနက်မေးလိုက်သည်။
"အရမ်းသေးနေလို့လား?"
"နင်ဘာပြောလိုက်တယ် !" သူမစိတ်တိုစွာနဲ့ဖြတ်ပြောလိုက်သည်။
'ငါ့ကို သိမ်းငှက်လိုမျိုးပေါက်အောင်ရိုက်နိုင်တာ ချန်ကျမ်းလိုလူမျိုးပဲရှိမယ် !'
သူ့အမှားကိုပြင်ဆင်ဖို့အတွက် ချန်ကျမ်း ကျူးကျူးကို နောက်တပုံထပ်ရိုက်ပေး၇တော့သည်။
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...