Chapter 80 (Unicode)

3.4K 441 13
                                    

တုနွမ် ချောင်းဟန့်လိုက်သည်။ "အန်ရူ၊ ဓာတ်လှေကားထဲက မထွက်ပဲ ဘာလုပ်နေတာလဲ? အရူးလား?"

ကျောင်းဖန်ဟာ တခါမှ ရည်းစားမထားဘူးတဲ့ အရူးတယောက်ပေ။ သူဟာ ကြောင်ကြည့်နေသည်။ ကျောင်းဖန်နဲ့မတူပဲ သူကတော့အန်ရူဟာ တလျှောက်လုံး သူဌေးကို စိုက်ကြည့်လာပြီး သူမမျက်လုံးထဲကနေ တောင် အချစ်ရည်တွေ လျှံကျလာတော့မတတ် နူးညံ့နေတာကို မြင်နေရတာကြောင့် တုနွမ်တောင် အနည်းငယ်ရှက်မိသွားသည်။

သူတကယ်ပဲ အန်ရူကို စည်းကျော်တဲ့ ကိစ္စတွေကို မလုပ်စေချင်ပေ။ ဘာမှမဖြစ်တောင် ချန်ကျမ်းက ရွံ့သွားစေနိုင်သည်။ အဲဒီအချိန်ကျရင် ကြားထဲက သူ့အတွက် နေရခက်နိုင်သည်။

တုနွမ် အတွင်းထဲမှာ သက်ပြင်းချလိုက်သည်။ 'ငါတကယ်ပဲ အဲဒီနေ့အတွက် ကြိုစိုးရိမ်နေမိပြီ'

စားသောက်ဆိုင်မှာ ခုံနေရာ ကြိုတင်ချိတ်ထားတာပေ။ ခုတော့ပြသာနာတက်နေပြီ။ နဂိုကတော့ လူလေးယောက်ပေ။ တယောက်အပိုလိုက်လာတာကြောင့် ခုံနေရာပြန်ပြောင်းရတော့ပေမည်။

"တောင်းပန်ပါတယ် ခုလောလောဆယ်ခြောက်ယောက်ခုံ မရှိသေးပါဘူး "

"ဒီလိုဆို ဘယ်လိုလဲ ?"

ကျောင်းဖန် ပြောလိုက်သည်။  "ငါခုံတခုံအပို ယူပြီး ပူးကပ်ပြီး ထိုင်လိုက်မယ်လေ"  သူ့ရဲ့ အားတက်သရော အပြုအမူ ပုံစံကို ကြည့်ပြီး အန်ရူဟာ ကောင်းတယ်ရော ဆိုးတယ်ရော မပြောပဲ ပြုံးပြီး ကျေးဇူးပါပဲ လို့ ပြောလိုက်သည်။

ဇူးမာဟာ သူ့ခုံမှာ ထိုင်စောင့်နေတာ တခဏရှိနေပြီဖြစ်သည်။

ဇူးမာဟာ ကျူးကျူးထိုင်နေတဲ့ နေရာကို ကြည့်လိုက်ပြီး သူမစားပွဲတခုလုံး ဟင်းပွဲတွေနဲ့ပြည့်နေတာကို ကြည့်ပြီး မပြုံးပဲမနေနိုင်ပေ။ 'အခုတလော ငါ စိတ်ဝင်စားစရာကောင်းတဲ့ မိန်းကလေးတွေပဲ တွေ့နေရတယ်ထင်တယ်၊ ငါရှေ့မှာရှိနေတဲ့တယောက်ရော၊ အင်တာနက်ပေါ်က ကျူးရော....'  ကျူးကျူး နာမည်ကို တွေးမိလိုက်တာနဲ့ လစ်ဇ်နဲ့စိန်ခေါ်တာကို တွေးမိသွားတာကြောင့် ဇူးမာဟာ လေးနက်တဲ့ပုံစံဖြစ်သွားသည်။

'သူကိစ္စတွေလုပ်ရင် အရင်စလိုလုပ်လိုက်တာပဲ၊ အခုတော့ အပြစ်ဒဏ်ခံနေရပြီ'

'ကျားချန်သူဌေးက သူနဲ့လူချင်းတွေ့ဖို့ အခွင့်အရေးပေးတယ်၊ သူပြန်ဖာနိုင်မဲ့ အခွင့်အရေးရှိဖို့ပဲ မျှော်လင့်ရမှာပဲ'

အတွေးနက်နေတုန်းမှာပဲ လူတစုဟာ သူ့ဆီကို တရွေ့ရွေ့လာနေမှန်း တွေ့လိုက်သည်။ ယောင်္ကျားသုံးယောက်နဲ့ မိန်းမတယောက်၊ အကုန်လုံးကြည့်ကောင်းကြပြီး ကျားချန်ရဲ့သူဌေး တုနွမ်က ဦးဆောင်လာသည်။ တုနွမ်ရဲ့ ချောမောတဲ့ မျက်နှာနဲ့ အပြုံးကိုကျော်လွန်ပြီး ဇူးမာရဲ့အကြည့်ဟာ သူ့နောက်က တယောက်ဆီကို မထင်မှတ်ပဲ ကြည့်မိလိုက်သည်။ တဖက်လူက ချောမောတယ်ဆိုတာကို အသိအမှတ်ပြုပေမဲ့ နည်းနည်းလောက် ဂရုမစိုက်တဲ့ပုံစံပေါက်နေပေသည်။

ချန်ကျမ်းရဲ့ မျက်နှာဟာ အမူအရာမဲ့နေသည်။ သူဟာ လက်တဖက်ကိုအိတ်ကပ်ထဲထည့်ထားပြီး ဘာစားရရင် ကောင်းမလဲ တွေးနေသည်။ ဒါပေမဲ့သူလှည့်ကြည့်လိုက်ချိန်မှာတော့ အလွန်အလွန်ရင်းနှီးနေတဲ့ သူ တယောက်ကို တွေ့လိုက်ရသည်။

ချန်ကျမ်း ။ "......"

ပြတင်းပေါက်နားမှာ ထိုင်နေတဲ့ မိန်းမဟာ ပျော်ရွင်ပုံပေါက်နေပြီး မျက်လုံးတွေတောင်မှ ပြုံးနေပုံပေါ်သည်။

သူမရှေ့မှာတော့ ဟင်းပွဲ ၇ ပွဲ ၈ ပွဲ လောက် ရှိနေပြီး ဝိုင်နီတပုလင်း၊ စားပွဲအလည်မှာ နှင်းဆီနီတပွင့်ရှိနေသည်။ သူမဟာ ပင်လယ်စာပါစတာကို ဖြေးဖြေးချင်းစားနေပြီး မီတာအနည်းငယ်အကွာက အကြည့်စူးစူးကို သတိမပြုမိပေ။

ချန်ကျမ်းဟာ ထိုင်ခုံမှာ မလှုပ်မရှားထိုင်နေပြီး တယောက်တည်းစားနေတဲ့ ကျူးကျူးကို အရှင်ကိုက်စားတော့မလို စိုက်ကြည့်နေသည်။

'ဒါကို သစ္စာဖောက်တာလို့ ခေါ်ရမလား?'

သူတိတ်ဆိတ်နေသည်။


ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now