ကျူးကျူးဟာ သူမအိတ်ကိုလွယ်ရင်း ရှောပင်းမောဆီကို အေးအေးဆေးဆေးလျှောက်သွားလိုက်သည်။ အဲဒီအချိန်မှာပဲ မိန်းမငယ်လေးနှစ်ယောက်ဟာ အဝေးကနေ လျှောက်လာလေသည်။ တယောက်ကတော့ အခြားတယောက်ရဲ့ ကော်ဖီခွက်ကို ကူကိုင်ပေးရင်း ဖားနေသလိုမျိုး ပြုံးနေပြီး နောက်တယောက်ကတော့ မိတ်ကပ်သေချာလိမ်းထားပြီး နူးညံ့တဲ့ မျက်ခုံးမွှေးတွေရှိလေသည်။
သူတို့ဟာ မျက်နှာချင်းဆိုင်လျှောက်နေကြပြီး တခုခုပြောနေကြသလိုမျိုး သူတို့ခေါင်းကို မော့လိုက်ချိန်မှာ ကျူးကျူးနဲ့မျက်လုံးချင်းဆုံမိသွားလေသည်။
သူတို့ရဲ့အမူအရာဟာ တခဏလောက်အံ့ဩသွားလေသည်။
ကျူးကျူးဟာ ယဉ်ကျေးစွာခေါင်းညိတ်ပြလိုက်ပြီး လှေကားကိုတက်ကာ ရှောပင်းမောထဲကို ဝင်သွားတော့သည်။ လမ်းတလျှောက်မှာ သူတို့နှစ်ယောက်ထက်ပိုလို့ရှိနေကြတာကြောင့် လမ်းသွားလမ်းလာတွေဟာလည်း လှည့်ကြည့်ဖို့ တခဏလောက်ရပ်သွားကြလေသည်။
"ဝေါင်း.....အစ်မရူ ကျွန်မဒီလောက်လှတဲ့မိန်းကလေးတခါမှမမြင်ဖူးဘူး" ကော်ဖီကိုင်ထားတဲ့မိန်းကလေးဟာ မနာလိုစွာ သက်ပြင်းချလိုက်သည်။ "အဲဒီအသားအရေကိုကြည့်ပါဦး၊ ဆိတ်ကြည့်လိုက်ရင်တောင်ရေပဲထွက်လာလောက်အောင် နူးညံ့လိုက်တာ၊ ဒါပေမယ့် မိတ်ကပ်တွေအများကြီးလိမ်းထားပုံမပေါ်ဘူး။ အဲဒီခန္ဓာကိုယ်ကတော့နည်းနည်းအနေရခက်နေ......."
ရုတ်တရက်သူမဟာ အန်ရူလို့ခေါ်တဲ့အမျိုးသမီးဟာ သူမရဲ့မျက်နှာအမူအရာကိုမထိန်းနိုင်တော့တာကို သတိထားမိလိုက်သည်။ သူမဟာ တချိန်လုံး"သူမ"ကို သာ အရမ်းလှတယ်လို့ချီးကြူးနေမိတာကို သတိထားမိသွားပြီး သူမဟာ အနည်းငယ်ရှက်မိသွားသည်။ အနေရခက်တာကိုပြေဖို့အတွက် "အမ်၊ ကျွန်မကအတည်ပြောနေတာမဟုတ်ဘူး၊ အစ်မကအရမ်းလှတယ်၊ သူမကလှပတဲ့နှင်းဆီဆိုရင် အစ်မကလီလီပန်းပဲ၊ အစ်မကအမြဲတမ်းမရိုးသွားဘူး"
အန်ရူဟာ နာမည်နဲ့တကယ်လိုက်ပေတယ်။ သူမဟာ နှုတ်ခမ်းကိုဖိကိုက်ပြီး သူမဘေးနားက ဖားနေတဲ့အလုပ်သင်လေးကိုစိုက်ကြည့်လိုက်သည်။ "ရပါတယ်၊ အလှလေးတွေက အများကြီးရှိသေးတယ်၊ တယောက် နှစ်ယောက် သုံးယောက်လောက်နဲ့ လိုက်ယှဉ်နေတာက ရှက်စရာမကောင်းဘူးလား?"
အလုပ်သင်လေးဟာ စိတ်သက်သာရာရသွားပြီး "အစ်မရူ အစ်မကအရမ်းကြင်နာတတ်တာပဲ"
အန်ရူဟာ နှုတ်ခမ်းကိုဖုံးရင်း ပြုံးပြလိုက်သည်။ "သွားတော့၊ အလုပ်ကခုထိအပြီးမသတ်ရသေးဘူး"
သူမအကြည့်လွှဲလိုက်ပေမယ့် အနည်းငယ်သံသယဝင်နေလေသည်။
'ထူးဆန်းလိုက်တာ.......ငါဘာလို့အဲဒီနောက်ကျောပုံစံကိုရင်းနှီးသလို ဖြစ်နေပါလိမ့်။ ဒါပေမယ့် ဒီလိုမျိုးလှတဲ့ မိန်းမကို မြင်ဖူးရင် သေချာပေါက်မျက်မှန်းတန်းမိနေမှာပဲ၊ ဘယ်သူပါလိမ့်'
ကျူးကျူးဟာ အဲလိုအဖြစ်အပျက်သေးသေးလေးဖြစ်သွားတာကို မသိလိုက်ပေ။ သူမဟာ သူမရဲ့အဝတ်အစားစမ်းဝတ်ကြည့်ပြီး ဝယ်မဲ့ခရီးစဉ်အရှည်ကို စတင်လိုက်ပြီဖြစ်တာကြောင့်ပင်။
ခန္ဓာကိုယ်မှာဝတ်ထားတဲ့ အဝတ်အစားတွေဟာ ဒီဇိုင်းအရပုံမှန်ဖြစ်ပေမဲ့ အကုန်လုံးဟာ ဈေးကြီးတဲ့ပစ္စည်းတွေပေ။ လက်ထဲမှာ Chanel အိတ်ကို ကိုင်ထားပြီး သူမဟာ ကြည့်ကောင်းနေပေသည်။သူတို့ဟာ နွေးထွေးစွာနဲ့ အဝတ်အသစ်တွေကို မိတ်ဆက်ပေးနေပြီး ကျူးကျူးဟာ ပုံမှန်ပဲဈေးနှုန်းကတ်ကို ဖွင့်ကြည့်လိုက်စဉ် အနောက်နားမှာ သုညတွေအများကြီးကို တွေ့လိုက်ရလေသည်။
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...