Chapter 76 (Zawgyi)

1.6K 63 1
                                    

ကျူးကျူးဟာ သီချင်းလေးညည်းနေရင်း ပုံဆွဲ board မှာ ပန်းချီဆွဲနေလေသည်။ တခါတရံ mouse ကို တချက် တချက် နှိပ်လိုက်ပေမဲ့ အများစုကတော့ ပန်းချီပုံကို ဆွဲနေတာနဲ့အချိန်ကုန်နေသည်။
ပန်းချီပုံဟာ ယန်ဇီမြစ်ရဲ့တောင်ဘက် နွေဦးရှုခင်းကို ဖော်ပြနေသည်။ ချယ်ရီပန်းပွင့်တွေဟာ လေယူရာယိမ်းနွဲ့ကာ မြေပြင်ပေါ်မှာ ပြန့်ကြဲနေကြသည်။ ကျုံးချွန်ရဲ့ အလှဆုံးအခိုက်အတန့်ပေ။ အနီရောင်အုတ်ခဲတွေ၊ အဖြူရောင်ကြွေပြားတွေ၊ ပွဲကြည့်စင်တွေဟာ ရွှေရောင်အရောင်အဝါနဲ့ ဖုံးလွှမ်းနေသည်။ အနီရောင်အင်္ကျီနဲ့အဖြူရောင်စကပ်ဝတ်ဆင်ထားတဲ့ ကျောက်စိမ်းနတ်ဘုရားဟာ အစွန်းထွက်နေတဲ့ ကျောက်စွန်းပေါ်ထိုင်နေပြီး ခြေတွေရော လက်တွေပါ လေထဲကိုမြှောက်ထားသည်။ လေပြေတိုက်ခတ်လာချိန်မှာတော့ သူမရဲ့ အနက်ရောင် ဆံရှည်ရော အင်္ကျီရော လေနဲ့အတူ လွှင့်နေတာကြောင့် ဖြတ်သွားတဲ့ လူတွေကို နေ့ခင်းအိမ်မက်မက်နေသလိုမျိုး မြင်ကွင်းကို ချန်ထားခဲ့သည်။
ကျူးကျူး လက်တွေကိုမြှောက်ပြီး အကြာကြီး အဲအတိုင်းနေနေခဲ့သည်။
အကြမ်းထည်အပြီးသတ်သွားတဲ့ ပန်းချီကားကိုကြည့်ပြီးတော့ သူမခါးကို အကြောဆန့်လိုက်တော့ သူမနောက်ကျော အနည်းငယ်တောင့်တင်းနေမှန်း သတိပြုမိလိုက်သည်။
စာအုပ်ထဲမကူးပြောင်းလာခင် သူမက အနုပညာကျောင်းသူတယောက်အဖြစ်မွေးဖွားခဲ့ပြီး ပန်းချီပညာမှာတော့ ထူးချွန်သည်။ ကောလိပ်တက်နေတုန်းမှာတင် သူမနာမည်ကြီးလာပြီး ဘွဲ့ယူပြီးချိန်မှာတော့ အလွတ်တန်း ဒီဇိုင်းဆွဲသူအဖြစ် လုပ်ကိုင်ရန် ရွေးချယ်ခဲ့သည်။
သူမသိပ်ပြီးစိတ်အားထက်သန်တာမရှိပဲ ပန်းချီဆွဲချင်တဲ့အချိန် ကောက်ဆွဲလိုက်ပြီး သူမကိုသူမ တွန်းအားမပေးပေ။
စာအုပ်ထဲကို ကူးပြောင်းလာပြီးနောက်ပိုင်း သူမဟာ စာဖိုမှုးတယောက်အနေနဲ့ပဲအလုပ်ရှုပ်နေတာကြောင့် သူမရဲ့အသက်မွေးလမ်းကြောင်းစကေးတွေကိုတောင် မေ့ချင်ချင်ဖြစ်နေပြီ။
သူမက ဒီအချိန်က ပြန်လည်ထူထောင်ရေးလုပ်ရမဲ့ ကာလလို့ သတ်မှတ်လိုက်သည်။ ချန်ကျမ်းကိုကွာရှင်းပြီးသွားရင်လည်း သူမလမ်းကြောင်းအတိုင်း သူမဆက်နေသွားလို့ရပြီး သူမကြိုက်သလောက် ပန်းချီဆွဲနိုင်သည်။ ငွေကိုစိတ်ပူမနေပဲ သူမရဲ့အိမ်မက်ဘဝလို နေသွားနိုင်သည်။
ဒီလိုတွေးပြီးတော့ ကျူးကျူးဟာ ပျော်ရွှင်စွာနဲ့ ဂိမ်းဖိုရမ်ထဲဝင်လိုက်သည်။
"အိမ်မက်အစဉ်လိုက်" ဟာ ဇာတ်ကောင် တခုစီကို CG လက်ရာတွေနဲ့ မွမ်းမံထားပြီး ရွေးချယ်ခံရတဲ့သူက အသစ်နယ်မြေတွေကို သွားရန် အခွင့်အရေးရနိုင်သည်။ ကျူးကျူးဟာ ကျားချန်လိုမျိုး စွမ်းရည်ပြိုင်ပွဲကိုအသားပေးတဲ့၊ လုပ်ဆောင်နိုင်စွမ်းနဲ့ပဲ စကားပြောတဲ့ ကုမ္ပဏီကြီးအပေါ် အမြင်ကောင်းရှိသည်။
ကျူးကျူး ကွန်ပြူတာ ပိတ်လိုက်သည်။
သူမ ညစာအတွက် ဘယ်လိုအရသာရှိတာချက်ရင်ကောင်းမလဲမတွေးရသေးတာကြောင့် ဈေးဝယ်ထွက်ရန်ပဲ ဆုံးဖြတ်လိုက်သည်။
အခုတလော အပူချိန်ကျဆင်းသွားပြီး လေအေးအေးတွေ တိုက်ခတ်နေသည်။ မိုးလေဝသဌာနကတော့ နောက်အပတ်ဆိုရင် နှင်းကျနိုင်ကြောင်း ပြောထားသည်။ ကျူးကျူးဟာ သူမမှာ ကုတ်အင်္ကျီအထူမရှိသေးကြောင်း တွေးမိလိုက်ပြီး အနီးအနားက ကုန်တိုက်ကြီးကို သွားလိုက်သည်။
ညနေခင်းမှာ ကောင်းကင်ဟာ မှောင်မိုက်လုဖြစ်နေပြီး မီးခိုးရောင်နဲ့အဖြူရောင် တိမ်ထူထူတွေဟာ ကောင်းကင်ကို ဖုံးလွှမ်းထားသည်။ လေအေးဟာ အသည်းခိုက်လောက်အောင် မအေးပေမဲ့ ပတ်ဝန်းကျင်က ရွှေရောင်သစ်ရွက်တွေကိုတော့ နေရာတိုင်းကို ပြန့်ကြဲသွားစေသည်။
ကျူးကျူး mask တပ်လိုက်ပြီး သူမလည်ပင်းကို ပုလိုက်ကာ အနည်းငယ်ချမ်းတာကြောင့် တုန်ယင်သွားသည်။

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now