Chapter 75 (Unicode)

3.5K 394 5
                                    

"နတ်ဘုရားရဲ့လက်|" လို့တင်စားခံရတဲ့ သူကတော့ သူ့ရဲ့လက်ဖဝါးဟာကျယ်ပြန့်ပြီး သေးသွယ်နေတဲ့ လက်ချောင်းတွေနဲ့ ဝက်တန်ပူရာကြော်ကို ပန်းကန်ထဲ ထည့်ရန် လုပ်နေသည်။ ကျူးကျူး သူ့နောက်ကို တိတ်တဆိတ်ရောက်နေမှန်း မသိသေးပေ။ ကျူးကျူး မသုံးရသေးတဲ့ ဇွန်းရှည်နဲ့ သူ့နောက်စေ့ကို "ဂေါင်" နဲ့ ခေါက်လိုက်သည်။ 

ကျူးကျူး မေးလိုက်သည်။ "နင်လက်ဆေးပြီးပြီလား?"

"ဟင့်အင်း"

"သွား၊ လက်သွားဆေး"

"ဪ"

ရှုဘီယင်တယောက် နောင်တတွေရနေသည်။

ဇူးမာကို ဂိမ်းထဲမှာ အတင်းကာကွယ်ပေးနေရတဲ့ ရည်ရွယ်ချက်က တော့ သူမအရင်ဘဝတုန်းက ဇူးမာရဲ့ဇနီးဖြစ်သွားမဲ့သူက ဂိမ်းထဲမှာရှိနေတာကြော်င့်ပေ။ ဒါကြောင့် "အိမ်မက်အစဉ်လိုက်" ထဲမှာ ဇူးမာရဲ့  ID ဟာ လုံးဝကို ကာကွယ်ပေးခံရပြီး ပစားပေးခံထားသည်။ အခုတော့ အရာအားလုံး ရယ်စရာဖြစ်ကုန်ပြီး အကုန်လုံးက သူမကို အိုဗာတွေလုပ်တယ်လို့ ရယ်ကုန်ကြပြီ၊။ သူမအမြင့်ရောက်လေလေ ပြုတ်ကျတာ နာလေလေပေ။

သူမနောင်တအရဆုံး အကြောင်းပြချက်က ဇူးမာဟာ "အိမ်မက်အစဉ်လိုက်" မှာ အကောင်းဆုံးပြသခဲ့တာကြောင့် ကျားချန်ကုမ္ပဏီကို ဝင်ခွင့်သွားတာပေ။ ဒီဘဝမှာ အဲဒီအခွင့်အရေးကို သူမဖျက်ဆီးမိသွားမှာ ကြောက်တာကြောင့်ပေ။

ဇူးမာရဲ့ အလုပ်အခွင့်အလမ်း ပျက်စီးသွားတဲ့အတွေးက ရှုဘီယင်ကို သွေးပျက်စေသည်။

'ဒီလိုအဖြစ်မခံနိုင်ဘူး'

သူမရဲ့ အရင်ဘဝက မှတ်ဉာဏ်က  သူမအတွက်တော့ အကောင်းဆုံး အားသာချက်ပေ။ သူမရဲ့ ထိန်းချုပ်မှုအောက်ကနေ အရာအားလုံး လွဲချော်သွားခွင့် မပြုနိုင်ပေ။

"ဒင်းဒုန်ဒမ်" ဇူးမာရဲ့ အသံဩဩက တံခါးကို ဖြတ်ပြီး ထွက်လာသည်။ "ဘီယင်၊ ငါမင်းကို ပြောစရာရှိတယ်"

အဲဒီညက ရှုဘီယင်တယောက် အိပ်ရာကနေနိုးလာပြီး သူမတို့နှစ်ယောက်မစေ့စပ်ခင် အချိန်ကို ပြန်လည်မွေးဖွားလာမှန်းသိသွားတော့သည်။ ချက်ချင်းဆိုသလိုပဲ သူမဇူးမာကို စိတ်လှုပ်ရှားစွာနဲ့ ဖုန်းဆက်လိုက်ပြီး သူ့ကို တွေ့ချင်ကြောင်းပြောလေသည်။ သူမငိုတာကို မမြင်ရက်တဲ့ ဇူးမာဟာ နောက်တမြို့ကနေ ချက်ချင်းပြန်လာပေမဲ့လမ်းမှာ ကားအက်ဆီးဒန့် ဖြစ်သွားသည်။ ကံကောင်းတာက ခြေထောက်နည်းနည်းလောက်ပဲ ထိသွားတာပေ။

အဲဒါကြောင့် သူတို့ရဲ့ စေ့စပ်ပွဲက ယာယီရွှေ့ဆိုင်းလိုက်ရသည်။

တပတ်လောက်စောင့်ဆိုင်းပြီးနောက် ရှုဘီယင်ဟာ ထပ်မစောင့်ဆိုင်းနိုင်တော့ပေ။ 

သူမအဝတ်တွေကို သိမ်းဆည်းပြီး ဇူးမာဆီကို ပြောင်းနေရန် လုပ်တော့သည်။ တံခါးမှာ ရပ်နေတဲ့ ဇူးမာဟာ သေးသွယ်ပြီး သူ့မျက်လုံးတွေဟာ လှပပေမဲ့ သူပင်ပန်းနေပုံပေါ်နေသည်။ သူ့လေသံက အမြဲတမ်းပေါ့ပါးပြီး နူးညံ့သည်။ သူ့ရဲ့ အရင်ဘဝက ရှုဘီယင်နဲ့ လက်ထပ်ပွဲကတောက်ကဆဖြစ်ချိန်ရော ဒီဘဝစေ့စပ်ပွဲရော သူဟာ အေးဆေးတဲ့ အကြည့်ကြောင့် ရှုဘီယင် သူ့ကို ဖောက်မမြင်နိုင်ပေ။

"ဘီယင် စေ့စပ်ပွဲလုပ်မှာကို ပြန်စဉ်းစားကြည့်ကြရအောင်"

"ဘာ!!?"  သူမမျက်နှာပျက်သွားတော့သည်။

.......

အဲဒီလူ အာရုံစိုက်ခံရတဲ့ ကိစ္စပြီးနောက် ကျူးကျူး ဂိမ်းထဲကို အမြဲတမ်းဝင်လိုက်တိုင်း သူ့ဖန်တွေနဲ့ အဝိုင်းခံရသည်။ သူမအသင်းထဲကနေ အသာလစ်ထွက်လာပြီး ရှုခင်းပဲ ထိုင်ကြည့်နေလိုက်သည်။ ခုတလောဂိမ်းထဲမှာ သူမနဲ့ ဆင်တူတဲ့ နာမည်တွေ ဆိုင်းဘုတ်တွေ များလာသည်။

"ပါးစပ် နွေဦး ပါးစပ်"  "ကျူးကျူးကျူး"   "ကျူးကျူးကျူးလေး " ......အထူးသဖြင့် အကုန်လုံး ကျောက်စိမ်းနတ်ဘုရားကိုင်ကြတာကြောင့် အကုန်လုံးက ကျူးကျူး ID အစစ်တွေ့ရင်တောင် သေချာအောင်လို့ နှစ်ခါပြန်စစ်နေရသည်။

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now