Chapter 60(Unicode)

3.8K 427 6
                                    

အသင်းသားတော်တော်များများ လက်နက်တွေပြောင်းလိုက်ကြပြီး ခက်ခဲတဲ့ချောက်ကမ်းပါးမြေပုံအတွက် ပြင်ဆင်လိုက်ကြတယ်။ တကယ်လို့ နတ်ဘုရားသာမပါခဲ့ရင် သူတို့သေချာပေါက် လွယ်လွယ်နဲ့မသွားရဲပေ။ တဖက်မှာတော့ နတ်ဘုရားက နတ်ဘုရားအဆင့်လက်နက်တွေကို ပြင်ဆင်နေသည်။

ကျူးကျူးကတော့ ငါးဆားနယ်လိုပဲ နေနေလိုက်သည်။

အနောက်ဘက်ကမြင်းခွာ ။ "မိန်းကလေးကျူး၊ ဂိမ်းကစားနေတုန်း ပစ္စည်းလည်း မတပ်၊ အဆင့်လည်းမမြင့်၊ ဘာတွေလုပ်နေတာလဲ?"

ကျူးကျူး ။ "ရှုခင်းကြည့်နေတာ၊ ရှုခင်းက တော်တော်လှတာပဲ"

ပိုင်လုံမန် ။ "ဖူး၊ အစ်မက တကယ်စိတ်ဝင်စားစရာကောင်းတာပဲ"

ချန်ယုအိမ်ရာ ။ "တကယ်လှတယ်"

ပိုင်လုံမန် ။ "ဘယ်သူ့ကိုပြောနေတာလဲ နတ်ဘုရား?"

ကျူးကျူး မျက်မှောင်ကြုတ်လိုက်သည်။ 'အခုချိန်လောက်ဆိုရင် ဇူးမာက ရှုဘီယင်နဲ့ စေ့စပ်ထားလောက်ပြီထင်တယ်။ အခုလိုမျိုး အခြားတယောက်ကို လိုက်ကြူနေတာမျိုး မဖြစ်သင့်ပါဘူး'

'စာအုပ်ထဲမှာပါတဲ့ ဇူးမာက နူးညံ့ပြီး အားကောင်းတယ်။ ဒီလိုမျိုး မဖြစ်နိုင်ပါဘူး၊ သူ့မှာ ဇနီးလောင်းရှိနေသားနဲ့ ဘာလို့တခြားမိန်းမတွေနဲ့ လိုက်ချိတ်ဖို့ ကြိုးစားနေမှာလဲ?'

'ဇူးမာရဲ့ ဒီဇိုင်းတွေက ပျက်စီးသွားလို့လား?'

ကျူးကျူး သူမအတွေးတွေကို ပြန်ပြောင်းတွေးလိုက်သည်။ 'ဒါက တကယ့်ကမ္ဘာပဲ။ စာအုပ်ထဲမှာ ပြောထားသလိုမျိုး ချန်ကျမ်းက သွေးအေးပြီးတော့ မရက်စက်ပါဘူး၊ စာအုပ်ထဲမှာ ပေးထားတဲ့လူတွေကို သူမမယုံသင့်တာလား?'

သူမ သူမနှလုံးသားထဲမှာ အချေအတင်တွေးနေတုန်း ပိုင်လုံမန်က ခဏတိတ်ဆိတ်သွားပြီး "ဟို....ဘီယင်က အတူကစားကြမယ်တဲ့"

ရှုဘီယင်ကလည်း ဂိမ်းထဲမှာ အဓိကနေရာကပါဝင်နေသည်။ ကျူးကျူးလည်း ဖြတ်ပြောမဲ့ အခွင့်အရေးကိုယူပြီး "ဒါဆိုရင်လည်း ငါထွက်သွားလိုက်မယ်လေ"

Dumbledore လေး ။ "မဟုတ်ဘူး၊ မင်းနေရာမှာ လိုအပ်တယ်၊ အဆုံးက ပိုအန္တရာယ်များတယ်၊ နောက်ထပ်နှစ်ယောက်တောင် ထပ်လိုနေသေးတာ"

ကျူးကျူး မျက်ခုံးပင့်မိသွားတော့တယ်။ အသင်းသားစာရင်းထဲမှာ ချင်ဖန်ဘီယင်ဆိုတဲ့ နာမည်ပေါ်လာလေသည်။ သူမ ချက်ချင်းအသံဖွင့်လိုက်ပြီး သူမအသံက နူးညံ့ပြီးရင်း နူးညံ့ကာ "ကျူးမိန်းကလေး၊ ငါ့မှာ လက်နက်တွေမရှိလို့ခဏနေကျရင် ငါ့ကိုကူပေးဦးနော်"

သူမတကယ်ပဲ ရွဲ့နေတာလား ဂရုမစိုက်တာလား ကျူးကျူးမသေချာပေ။

ကျူးကျူး ။ "အိုး၊ ငါ့ RMB ကစားသမား၊ ငါနင့်ကို ပိုကောင်းတဲ့ သွေးပြန်ဖြည့်တဲ့အထုပ် ကူရှာပေးမယ်'

စကားတခွန်းတည်းနဲ့ တဖက်လူကို ဆွံ့အသွားစေသည်။

ချန်ယုအိမ်ရာ ။ "ဖူး!!"

ရှုဘီယင်မှာ မပျော်မရွှင်ဖြစ်သွားပြီး "အကိုနော်၊ အကိုက ညီမကို ရယ်နေတာလား"

ချန်ယုအိမ်ရာ ။ "မဟုတ်ဘူး၊ ဂိမ်းကို ဆက်ကစားကြမယ်"

ကျူးကျူး တယောက် အဲဒီ နူးညံ့ကျိရွှဲနေတဲ့ "အကို" ဆိုတဲ့ အသံကြောင့် ဦးခေါင်းခွံတောင် ထုံသွားသလိုပဲ။ 'မီးပွားငါးထောင်ထွက်၊ မီးခိုး ခုနစ်ပေရောက်၊ ဘုရားရေ၊ ဘယ်နေရာကနေ အဲလိုရှက်စရာကောင်းတဲ့ အသံထွက်လာရတာလဲ?'


{နာမည်တွေက ဂိမ်းနာမည်တွေမို့လို့ တခါတလေ အပေါ်မှာ လိုရေးထားတာရှိသလို တရုတ်အသံထွက်နဲ့ပဲ အောက်မှာရေးထားတာလည်းရှိလို့ ဖတ်ရတာ အဆင်မပြေရင် ထောက်ပြချင်တဲ့အချက်တွေရှိရင် လာပြောပေးကြပါနော် တခါတလေလည်း တရုတ်အဓိပ္ပာယ်တွေနဲ့မို့လို့ အဓိပ္ပာယ်ကောက်တာလွဲသွားရင်လည်း ပြောပေးကြပါ}

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWo Geschichten leben. Entdecke jetzt