Chapter 26(Unicode)

5.4K 568 5
                                    

ချန်ကျမ်းတယောက် ကားတံခါးအပြင်ဘက်ကိုကြည့်ရင်းနဲ့ အနေရခက်စွာ ပြောလိုက်သည်။ "ငါ သိုးသားနှပ်ချက်စားချင်တယ်"

ကျူးကျူးဟာ အဆင်သင့်ပြန်ဖြေလိုက်သည်။ "ကောင်းပြီ"

"နံရိုးပေါင်း"

ကျူးကျူး ။"  ....ရတယ်"

 "ငါးချဉ်စပ်"

ကျူးကျူးတယောက် အံသွားတွေကြိတ်ပြီး ချန်ကျမ်းကို မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်လိုက်သည်။နောက်တစက္ကန့်မှာ ချန်ကျမ်းဟာ သက်ပြင်းချလိုက်ပြီး " ငါ့လက်နာလာသလိုပဲ"

ကျူးကျူး ။" .........ငါတောင်းပန်ပါတယ်"

သူမသူ့ကို လွှတ်ထားပေးရဦးမယ်။

တက္ကစီသမားဟာ နောက်ကြည့်မှန်ကနေ ထူးဆန်းတဲ့စုံတွဲကိုကြည့်ပြီး ရုတ်တရက်စိတ်ပျော်သွားတော့သည်။

...........

ဘယ်လက်ဟာ ကျောက်ပတ်တီးသေချာစီးထားပြီး ညာလက်ကတော့ လွတ်လပ်စွာလှုပ်ရှားနိုင်တာကြောင့် နေ့စဉ်ကိစ္စတွေကို ထိခိုက်မှုမရှိပေ။ ကျူးကျူးဟာ ချန်ကျမ်းကိုပျော်ရွှင်စွာနဲ့ မျက်လုံးပင့်ကြည့်လိုက်ပြီး ဒီလူအစာစားပြီးရင်တော့ ပါးစပ်ပိတ်ထားဖို့ မျှော်လင့်နေသည်။

သူမတွေးထားတာက စာအုပ်ထဲကအကြောင်းအရာအတိုင်းဆိုရင် ချန်ကျမ်းဟာ တောင်ပေါ်ကပန်းလေးတပွင့်ပေ။ သူမအကြာကြီးနားလည်လာတာဟာ အခုချန်ကျမ်းရဲ့ပုံစံကြောင့် လုံးဝကျိုးပျက်သွားတော့သည်။

ညစာစားပြီးနောက် ကျူးကျူးဟာ တီဗွီဖွင့်လိုက်ပြီး ချန်နယ်တွေကို ပြောင်းကြည့်နေလိုက်သည်။ ချန်ကျမ်းဟာ သူမဘေးနားမှာထိုင်ပြီး သူ့မိုဘိုင်းဖုန်းကိုနှိပ်လိုက်သည်။ ကျူးကျူးလှည့်ကြည့်လိုက်တော့ သူများထက်မြန်တဲ့အရှိန်နှုန်းနဲ့ သူစာရိုက်နေတာကို တွေ့လိုက်ရသည်။

ကျူးကျူးတိတ်တဆိတ်နှာခေါင်းရှုံ့လိုက်သည်။

သူမတခဏစိတ်ပျံ့လွှင့်သွားချိန်မှာပဲ ရသစုံချန်နယ်မှာ ကျူးကျူးလက်ရပ်မိသွားသည်။ အဲဒါက စင်မြင့်နဲ့ ပွဲပေ။ အစီအစဉ်တင်ဆက်သူဟာ သူတို့ကို "e-sport လောကရဲ့ တက်သက်စတွေ " လို့မိတ်ဆက်ပေးပြီး သူတို့ဟာ နာမည်အတော်ကြီးပေသည်။

အကြာကြီးပျောက်ဆုံးနေတဲ့မှတ်ညဏ်ဟာ ပြန်ပေါ်လာတော့သည်။ ကျူးကျူးဟာ သူမစာအုပ်ထဲကိုကူးပြောင်းရောက်လာတယ်ဆိုတာတောင် မေ့တော့မလို့ပေ။ ဒီစာအုပ်မှာဆိုရင် သူမက အရေးမပါတဲ့ဇာတ်ပို့လေးသာ ဖြစ်တယ်။ တကယ့်ဇာတ်လိုက်မက ပြန်လည်မွေးဖွားပြီးနောက် ဇူးမာနဲ့ ပျော်ရွှင်စွာနေသွားပြီး အချိန်ပြည့်အိမ်ရှင်မဘဝကိုယူကာ သူမလိုချင်တဲ့ဘဝကို ထုဆစ်သွားသည်။

စာအုပ်ထဲကချန်ကျမ်းဟာ အများကြီးဖော်ပြမခံရပေ။ အရင်ဘဝရဲ့မှတ်ညဏ်လောက်မှာပါရုံပဲ။ ဇာတ်လိုက်မပြန်လည်မွေးဖွားပြီးနောက် ဇူးမာနဲ့သူမရဲ့ချစ်သူဆက်ဆံရေးကို တည်မြဲအောင်ပဲ ဂရုစိုက်နေပြီး သူမက ချန်ကျမ်းကို လုံးဝမေ့သွားသည်။

ကျူးကျူးတွေးလိုက်သည်။ 'တကယ်လို့သူမစာအုပ်ထဲကအကြောင်းအရာတိုင်းလိုက်ရမယ်ဆိုရင် သူမသာ ဇာတ်လိုက်မကို သွားရန်မစရင် ဗီလိန်ဟာ သူတို့နဲ့ဘာပတ်သက်မှုမှရှိမှာမဟုတ်ပေ။'

'အရမ်းကောင်းတာပဲ'

ကျူးကျူးဟာ တီဗွီကိုပိတ်ကာ ဆိဖာပေါ်ခြေဆန့်လဲလိုက်ကာ ဖုန်းကို ကောက်ကိုင်လိုက်သည်။

အခုတလော သူမအပြိုင်အဆိုင်ပြင်းတဲ့မိုဘိုင်းဖုန်းဂိမ်းတခုဆော့ဖြစ်နေသည်။ ဂိမ်းဟာ အဘက်ဘက်ကကောင်းပြီး နိုင်တာကပိုတောင်လှပပေသည်။

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းDonde viven las historias. Descúbrelo ahora