Chapter 22(Unicode)

5.8K 577 15
                                    

ကျူးကျူး ။ "....." 'ဒါပဲလား၊ သွားပြီပေါ့?!!'

သူမဒေါသထွက်စွာနဲ့ ဖိနပ်ပါးကိုကောက်ယူပြီး ချန်ကျမ်းဆီပစ်ပေါက်လိုက်သည်။ ဖိနပ်တွေဟာ ချန်ကျမ်းဖင်ကိုမှန်ပြီး ပြုတ်ကျသွားသည်။ 'နောက်ဆုံးတော့ သူရပ်လိုက်ပြီ'

သူ့နောက်က ကျူးကျူးဟာ သွားကိုကြိတ်ရင်းနဲ့ "ငါ့ကိုကူဦး"

ပြုတ်ကျတဲ့အရှိန်ဟာ မသေးပေ။ သူမလက်ထောက်ပြီးထလိုက်ပေမဲ့ သူမတကိုယ်လုံးဟာ ကိုက်ခဲနေပေသည်။ ချန်ကျမ်းဟာ ဒီလိုတော့လည်း လူကောင်းပုံပေါက်ပေသည်။ သူ သူမကိုဆိုဖာဆီချီသွားပြီး ချောကလက်တတောင့်ကို အခွံခွာပေးသည်။ ကျူးကျူးဟာ လက်စားချေတဲ့အနေနဲ့ အပိုင်းအကြီးကြီးကိုက်လိုက်ပြီး ချန်ကျမ်းကို စိန်ခေါ်သလိုကြည့်လိုက်သည်။

ချန်ကျမ်းဟာ သူမကို အကြာကြီးစိုက်ကြည့်နေလိုက်သည်။ 

ချန်ကျမ်းဆီကနေ စိုက်ကြည့်ခံရတဲ့ခံစားချက်ဟာ ထူးဆန်းတယ်။ သူ့မျက်လုံးတွေဟာ သေးသွယ်ပြီး မျက်ဆံတွေဟာ လှပတဲ့အနက်ရောင်ပေ။ သူ့မျက်လုံးထဲက ခံစားချက်ဟာ အမည်ဖော်လို့မရတာကြောင့် ကျူးကျူးဟာ တဖြည်းဖြည်းတည်သွားပြီး မရယ်နိုင်တော့ပေ။ 

သူမတံတွေးမျိုချလိုက်ပြီး မျက်နှာပြောင်တိုက်စွာနဲ့ " ဘာလဲ၊ ဘာကြည့်နေတာလဲ၊ ငါလှတာ ငါသိတယ်"

ချန်ကျမ်းဟာ သူမကိုဆက်စိုက်ကြည့်နေပြီး "မဆိုးဘူးလား?"

ကျူးကျူး ။ "....ဟမ်?"

ချန်ကျမ်း  ။ " ကြည့်ရတာ အဲဒါဒိတ်ကုန်နေပြီထင်တယ်"

ကျူးကျူး ။ "......"

သူမရုတ်တရက် သူတို့နှစ်ယောက် supermarket သွားတဲ့နေ့တုန်းက ချောကလက်မဝယ်ခဲ့တာကို သတိရသွားသည်။ 'ဒီတော့ ချန်ကျမ်း ဒီချောကလက် ဘယ်ကရလာတာလဲ'

ကျူးကျူး တဖြည်းဖြည်းမျက်နှာပျက်လာတဲ့ချိန်မှာပဲ ချန်ကျမ်းဟာ အေးအေးဆေးဆေးပြောလိုက်သည်။ "အဲဒါမနှစ်ဆောင်းတုန်းကဝတ်တဲ့ကုတ်အင်္ကျီအိတ်ထဲက ရှာတွေ့တာ"

ကျူးကျူးဟာ သူမလည်ချောင်းထဲငါးတကောင်လုံးဝင်နေသလိုမျိုး ကျန်နေတဲ့ချောကလက်ကို မျိုချတာရော ထွေးတာရော မလုပ်ပဲ ကြောင်သွားတော့သည်။

'ဒီ ချန်ကျမ်းစုတ် ဓားပေါင်းထောင်နဲ့ချီပြီး ထိုးသတ်ရမှာ'

သူမချန်ကျမ်းကို ဒေါသနဲ့စိုက်ကြည့်လိုက်ပြီး စစ်ကြေညာလိုက်သည်။ "နင်!!! မနက်စာ ငတ်ပြီမှတ်"

ချန်ကျမ်းဟာ သူ့ရဲ့ပျောက်ဆုံးနေတဲ့ရှင်သန်ချင်တဲ့စိတ်ကို သူ့အစားအစားကြောင့် ပြန်လည်သတိဝင်သွားတော့သည်။ သူနှစ်ယောက်ကြားရဲ့လေထုကို ဖြေလျော့ရန်အလို့ငှာ "ငါ့ဆီမှာ ဒိတ်မကုန်သေးတဲ့ချောကလက်တထုပ်ရှိသေးသလိုပဲ၊ စားဦးမလား?"

ကျူးကျူး ။ "......"

'ဪ အေးအေး မေးပေးလို့ကျေးဇူးနော်' 

ဒါပေမဲ့ ဒီအဖြစ်အပျက်ကြောင့် သူတို့နှစ်ယောက်ကြားမှာရှိနေတဲ့ အနေရခက်မှုဟာ အနည်းငယ်ပျောက်သွားသလိုပဲ။ အခုတလော သူတို့ထမင်းစားပွဲမှာ တူတူထိုင်စားနေပေမဲ့ အများဆုံးမှ စကားနှစ်ခွန်းလောက်ပဲ ပြောဖြစ်လေသည်။ နောက်ဆုံးတော့ ကျူးကျူးဟာ သူ့အတိတ် ယုတ်စွအဆုံး သူ့ရဲ့ ၂၄ နာရီပိတ်ထားတဲ့ စာကြည့်ခန်းတံခါးနောက်ကိုတောင် မသိပေ။ 'ဒါပေမဲ့ သူမအများကြီးသိဖို့လိုလို့လား?'သူမတိတ်တခိုးသက်ပြင်းချလိုက်သည်။



ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now