Chapter 88 (Unicode)

3.1K 404 6
                                    

ချန်ကျမ်းကြက်ဥခေါက်ဆွဲစားမလို့လုပ်နေတုန်းအချိန်မှာပဲ နဂိုဂရုစကားပြောခန်းကို တုနွမ်ဟာ "ဖက်ထုပ်လောက်အ၇သာရှိတာမရှိဘူး " လို့ ပြောင်းလိုက်သည်။ လူအများကြီးဟာ စကရင်ကို ရွေ့လိုက်လျားလိုက်လုပ်နေကြပေမဲ့ တခဏအကြာမှာတော့ စကားပြောခန်းမှာ စာတွေဟာ ၉၉+ ထိရောက်သွားသည်။

တုနွမ် ။ "မရီးက သေလောက်အောင်လှတယ်ဟ! တကယ်ကို လှတာ!!"

ကျောင်းဖန် ။ "ငါထောက်ခံပေးနိုင်တယ်။ မင်းတို့မသိဘူးမလား။ တအုပ်စုလုံးကြောင်သွားတာဟ!!"

ဖုဇီချန် ။ "လခွမ်း! ငါမလိုက်လိုက်တာနဲ့ ဒီလိုကိစ္စကြီးကို လွတ်သွားတာလား? ငါ့ကို ဘာလို့ ဖုန်းမဆက်တာလဲ?"

ဖုဇီချန် ။ "ဘယ်လောက်ထိလှတာလဲ? ငါဘာလုပ်၇မလဲ? သူဌေးဆီကနေ ဓာတ်ပုံတောင်းကြည့်၇မလား? ငါရူးသွားပြီလား?!"

တုနွမ် ။ "မင်းမပြောနဲ့ ငါတောင် နောက်နေ့နေထွက်တာကို တွေ့လိုက်၇မှာမဟုတ်ဘူး "

ကျောင်းဖန် ။ "တုနွမ်မျက်နှာက အသက်ပဲ! မရီးကို သူတွေ့လိုက်ချိန် မျက်တောင်တောင်မခတ်ပဲ အသားကို စိုက်ကြည့်နေတဲ့ခွေးတကောင်လိုပဲ"

ဖုဇီချန် ။ "ငါအထီးကျန်လိုက်တာ! ဘုရားရေ၊ ငါငိုနေတာလား? ငါလည်း မရီးကိုတွေ့ဖူးချင်တယ်လေ"

ဆယ်မိနစ်ကြာပြီးနောက်

{ချန်ကျမ်းက ဂရုနာမည်ကို "အသင်းစကားပြောခန်း" လို့ပြောင်းလိုက်ပါသည်။}

{တုနွမ်က ဂရုကနေ နှင်ထုတ်ခံလိုက်၇ပါသည်။}

တခဏကြာပြီးနောက် ဂရုထဲမှာ ချန်ကျမ်း ရဲ့ ရှင်းလင်းပြီး နွေးထွေးကာ လေသံအတက်အကျမရှိ တဖြောင့်တည်း အသံမက်ဆေ့ရောက်လာသည်။

"အချိန်ပိုဆင်းချင်လို့လား ?"

ဇူးမာနဲ့ပတ်သက်ပြီးတော့ သူဌေးဟာ အလုပ်ကို ကိုယ်ရေးကိုယ်တာခံစားချက်တွေမယူလာမှန်း တုနွမ်သိသည်။

'...သူ့မှာက ကိုယ်ရေးကိုယ်တာခံစားချက်ကော ရှိရဲ့လား?'

ချန်ကျမ်းဆိုလိုချက်က ရှင်းလင်းသည်။ 'ဇူးမာကို ကစားခွင့်ပေးလိုက်၊ အလုပ်နဲ့ပဲ သက်သေပြပါစေ'

သူတို့ဆီမှာ စိတ်ပိုင်းဆိုင်ရာသန်မာတဲ့ ကစားသမားတွေ လိုအပ်တယ်။ ခဏတဖြုတ်ဆုံးရှုံးမှုရော လူစားထိုးတွေရော မလိုအပ်ပေ။ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှ ပြသာနာတွေကို ခေါင်းအေးအေးထားပြီး ကစားနိုင်ပြီး အကောင်းဆုံးကတော့ အချိန်ကိုက်လှုပ်ရှားမှုပေ။

တုနွမ်ဟာ သူ့သူဌေးအကြောင်းကို ရူးသွပ်သလို ပြောနေသည်။ "သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ လောက် ဘယ်သူကြံ့ခိုင်နိုင်မလဲ? အဲဒီအချိန်တုန်းက သူလူထုကြားထဲ ပထမဆုံးထွက်လာချိန်မှာ ငွေတွေအများကြီးဝင်ပြီး သူ့ရဲ့ပိုင်ဆိုင်မှုတွေက ထောင်ကိုထောင်နဲ့ချီလို့ထိ ရောက်သွားတာလေ။ ဒါတောင် သူဘဝင်မမြင့်ဘူး"

ဖုဇီချန်က မေးလိုက်သည်။ "မရီးရှေ့မှာဆိုရင်ရော တည်ငြိမ်လို့်လား?"

"တည်ငြိမ်တာပေ့ါ ၊ အိတ်တွေကို ကူသယ်ပေးတယ်၊ အိမ်ပြန်ဖို့ဦးဆောင်ခေါ်သွားပေးတယ်၊ ရှင်းရှင်းပြော၇ရင် မယားကြောက်ပဲ" အဲအကြောင်းပြောနေရင်းနဲ့တောင် တုနွမ်အားကျနေမိသည်။ 'ငါလည်း အဲလိုမျိုး အိမ်အတူပြန်ပြီး ညကျရင် စောင်နွေးအောင်လုပ်ပေးမဲ့သူတယောက်လောက်လိုချင်တယ်၊ အရမ်းအားကျလိုက်တာ"

ကျောင်းဖန်ဟာ အနည်းငယ်လန့်သွားသည်။ "သူဌေး အဲတာကို လုပ်ပြီးလောက်ပြီလား?"

"ဘာမဟုတ်တာတွေပြောနေတာလဲ? သူဌေးလည်းယောင်္ကျားတယောက်ပဲလေ!!"

တခြားနှစ်ယောက် ။ '..."

'အရမ်းကောင်းတယ်။ ဒီစာကြောင်းက အမှတ်ပြည့်ပဲ'

......

ချန်ကျမ်းကို အခုတလော ကျူးကျူးကောင်းကောင်းမွန်မွန်ဆက်ဆံနေသည်။ အဲဒီကိစ္စက တကယ်ပဲ သူမအမှားဆိုတော့ ချန်ကျမ်းရဲ့ အစိမ်းလိုက်ကိုက်စားတော့မတတ်အကြည့်ကိုတွေ့တွေ့ချင်း သူမရှုံးသွားသည်။

သူမအပြစ်ကို သူမအတွေးထဲမှာ အရမ်းနောင်တ၇နေသည်။ ချန်ကျမ်းဟာ ပျော့ကွက်ကို ၇ထားတော့ နည်းနည်းလောက် အမြင်မတူတာနဲ့ တိုးတိုးလေးပြောသည်။ "အသက်ရှင်ဖို့အတွက် စားသောက်နေရတာပါပဲ"

ကျူးကျူး ။ "...."

'ငါအရမ်းဒေါပွနေပေမဲ့ ပြုံးထား၇မယ်'

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now