ကျူးကျူး ရက်အတော်ကြာစောင့်ကြည့်ပြီးနောက် လက်လျော့လိုက်တော့သည်။
'လူတယောက်မှ မနေတဲ့ အိမ်တလုံးရဲ့နေ့စဉ်ဘဝလိုပဲ။ ရေဆာရင် ဗိုက်ဆာရင် ရေခဲသေတ္တာဆီသွားစားမယ်။ ပြီးရင် စာကြည့်ခန်းထဲမှာပဲ အချိန်ကုန်မယ်'
သူမအတွက် ထူးဆန်းနေတာတခုကချန်ကျမ်း ဒီလောက် အခန်းထဲမှာပဲ အောင်းနေတာတောင် ဝိတ်မတက်လာတဲ့အပြင် အသားအရေကလည်း နူးညံ့ချောမွေ့နေတာပါပဲ။ ဒီအကြောင်းကို တွေးရင်းကျူးကျူးနှလုံးသားဟာ မနာလိုအားကျမှုတွေနဲ့ပြည့်နေသည်။ သူမရဲ့ကိုယ်နဲ့ အသားအရေကို ထိန်းထားဖို့အတွက် အစားလျော့စားပြီးလေ့ကျင့်ခန်းလည်း လုပ်ပေး၇သေးသည်။ သူမဗိုက်ခေါက်ထွက်လာပြီး အင်္ကျီတွေဝတ်ရင် ကြည့်၇ဆိုးနေမှာကြောက်လို့်ပေ။
ချန်ကျမ်းဟာ နောက်ဆုံးလက်ကျန်နို့ချဉ်ဘူးကို စိုက်ကြည့်နေပြီး ဖွင့်မလို့လုပ်လိုက်သည်။
ကျူးကျူးရဲ့စိုက်ကြည့်နေမှုဟာ အရမ်းသိသာတာကြောင့် မသိချင်ယောင်တောင်နေလို့်မ၇ပေ။ သူကျူးကျူးကို ပြန်ကြည့်လိုက်ပြီး သူ့လက်ထဲကနောက်ဆုံးနို့်ချဉ်ဘူးကို ကြည့်လိုက်သည်။ တခဏတွေးတောလိုက်ပြီး နို့ချဉ်ဘူးကို ကျူးကျူးလက်ထဲထိုးပေးလိုက်သည်။
နို့ချဉ်တဘူးကိုင်ထားပြီး ကြောင်အနေတဲ့ ကျူးကျူး ။ "?????"
'ဘာကိုဆိုလိုတာလဲဟ?'
ကျူးကျူးမသိတာက အစားသရဲအတွက် ဒီကိစ္စဟာ အရမ်းကိုကြီးမားတဲ့ စွန့်လွှတ်မှုဆိုတာကိုပေ။
အခုတလော ချန်ကျမ်း အပြင်ထွက်တဲ့အကြိမ်ဟာ များပြားလာသည်။ ကျူးကျူးကတော့ အိမ်မှာပဲပျင်းရိနေသည်။ 'ငါတို့နှစ်ယောက်က ကိုယ်ပိုင်ကွာခြားချက်တွေရှိတယ်။ အများကြီးဝင်မစွက်ဖက်တာ ကောင်းတယ်'
ချန်ကျမ်းအပြင်ထွက်ချိန်မှာ သူမကလည်း ထုံးစံအတိုင်းဂိမ်းကိုဖွင့်လိုက်သည်။ ဒါပေမဲ့ ဂိမ်းကနေ စာတစောင်ပို့ထားတာတွေ့လိုက်၇သည်။
CG ဒီဇိုင်းအတွက်သတ်မှတ်ချက်ထွက်လာတာမဟုတ်ပေ။ ကျူးကျူးမထင်မှတ်ထားတဲ့အကြောင်းအရာက သူမဆုကြီးပေါက်တယ်ဆိုတာပါပဲ။
{ချစ်ခင်၇ပါသော ကစားသမားကျူူးကျူးကျူး၊ ဒီလအတွင်းမှာ သီးခြားအပန်းဖြေနေရာကို သုံးရက်ခရီးသွားခွင့်၇မဲ့ ဘောင်ချာကတ်ပေါက်ပါသည်။ မိသားစုဝင်တယောက်လည်း ခေါ်လာလို့၇ပါသည်။ ဒီဆုကို လက်ခံမယ်ဆိုရင် တပတ်အတွင်း အကြောင်းပြန်ပေးပါ။ ကြိုတင်ပြီးတော့ ပျော်၇ွှင်စရာခရီးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါသည်။}
'ဟုတ်ကောဟုတ်ရဲ့လား?'
ကျူးကျူးဟာ မယုံကြည်နိုင်တာကြောင့်တခေါက်ပြီးတခေါက် ကြေငြာမဟုတ်ပဲ ဆုတကယ်ပေါက်တာသေချာအောင် စစ်ကြည့်နေသည်။
သူမချက်ချင်းပဲ ပြန်ဖြေလိုက်သည်။ "ဆုကိုလက်ခံမယ်"
နေ့ခင်းဘက် အိပ်ငိုက်တာကြောင့် ကျူးကျူးလမ်းလျှောက်ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။ 'ငါနောက်ဆုံးတော့ ခရီးသွားခွင့်၇ပြီ သေချာပေါက်ကို သွား၇မယ်'
'မိသားစုဝင်တယောက်ခေါ်လာလို့၇တာအတွက်....'
တချိန်တည်းမှာပဲ
ချန်ကျမ်းဟာ ရုံးခန်းထဲမှာ ဒေတာတင်ပြချက်တွေကို ဖတ်ရန် စောင့်နေသည်။
တံခါးကိုဖြတ်ပြီး တုနွမ်ဟာ သံသယဖြစ်စရာကောင်းစွာစိတ်လှုပ်ရှား ရယ်မောလျက်ဝင်လာသည်။ "သူဌေး၊ သတင်းကောင်းရှိတယ်"
ချန်ကျမ်းဟာ ဂရုတောင်မစိုက်ပေ။
တုနွမ်ဟာ နှာခေါင်းကိုထိရင်း ရှေ့ကိုတိုးလာရင်း ပြောလိုက်သည်။ "ဘာအကြောင်းလဲလို့ ဘာလို့မမေးတာလဲ?"
ချန်ကျမ်း ။ "...." ချန်ကျမ်းရဲ့ရေသေလို မျက်ဝန်းတွေဟာ တုနွမ်ဆီရောက်သွားသည်။ အဲတော့မှ သူဟာ ချန်ကျမ်းနဲ့ အလွန်နီးကပ်နေကြောင်း သတိထားမိသွားသည်။
တုနွမ်ဟာ နောက်ကိုဆုတ်ရင်း ပြောလိုက်သည်။ "အခုတလော အချိန်ပိုတွေဆင်းပြီး အလုပ်တွေကြိုးစားနေတာ၊ ဘာလို့ အပြင်ဘက်ထွက်ပြီး သွားမကစားတာလဲ?"
ချန်ကျမ်းဟာ သူ့ကို "ဘာတွေပြောနေတာလဲဟ" ဆိုတဲ့မျက်နှာပေးနဲ့ကြည့်လိုက်သည်။ တုနွမ်ဟာ သူလိုချင်တဲ့တုံ့ပြန်မှုမ၇တာကြောင့် စိတ်ပျက်စွာနဲ့ သက်ပြင်းချလိုက်သည်။ "မရီးကိုယ်စား ငါ့နှလုံးသားတွေ ကွဲပါပြီ"
CZYTASZ
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...