"အမှန်အတိုင်းပြောပြ၇ရင် မရီးဆီကို ဂိမ်းကနေ တရားဝင်စာပို့လိုက်တယ်။ သုံးရက်အားလပ်ရက်လက်မှတ်ပေါက်တယ်။ မိသားစုဝင်တယောက်လည်း ခေါ်လာလို့၇တယ်လို့ ပို့လိုက်တယ်။ မရီးက သေချာပေါက် မင်းကို ခေါ်သွားမှာပဲ။ နှစ်ယောက်သားအချိန်ကောင်းလေးပိုင်ဆိုင်နိုင်ပါစေ။ တယောက်တည်း အလုပ်ချည်းပဲ လုပ်မနေနဲ့"
ချန်ကျမ်း နောက်ဆုံးတော့ ခေါင်းမော့လာပြီး နွေးထွေးတဲ့လေသံနဲ့ပြောလိုက်သည်။ "အခုချိန်ကနေစပြီး အချိန်ပို ပိုဆင်း၇မယ်"
သူဌေးက ပျော်ပုံပေါ်မနေတာကြောင့် တုနွမ်ဟာ သူစီစဉ်တဲ့ကိစ္စဟာ မြင်းဖင်ကို ပြေးနှိုက်သလိုဖြစ်သွားကြောင်း နားလည်လိုက်သည်။
သူစိတ်ကောက်စွာနဲ့ပြောလိုက်သည်။ "ဒါဆိုလည်း အချိန်ပိုပဲ ဆင်း၇တော့မှာပေါ့"
ညရောက်လို့ ချန်ကျမ်းတံခါးကိုဖွင့်လိုက်ချိန် အစားအသောက်ရဲ့၇နံ့ကို ၇လိုက်သည်။ ကျူးကျူးဟာ ပျော်ရွှင်စွာနဲ့ အလုပ်ရှုပ်နေပြီး နှစ်ခါတွေးစရာမလိုပဲ ဆုပေါက်တဲ့ကိစ္စကြောင့်ပဲ ဖြစ်နိုင်သည်။
ချန်ကျမ်းဟာ တုနွမ်ပြောခဲ့တာကို တွေးမိလိုက်သည်။
"မရီးက သေချာပေါက် မင်းကိုခေါ်သွားမှာပဲ"
"နှစ်ယောက်သား အချိန်ကောင်းလေး ပိုင်ဆိုင်နိုင်ပါစေ"
ချန်ကျမ်းဟာ တခြားသူတွေနဲ့ ခရီးသွားတာ မကြိုက်ပေ။ 'ဒါပေမဲ့ ကျူးကျူးနဲ့ အတူတူသွားရင်တော့ စိတ်တိုစရာကောင်းမှာတော့ မဟုတ်ဘူး'
ကျူးကျူးဟာ နောက်ကိုလှည့်ကြည့်လိုက်ပြီး တောက်ပစွာပြုံးလိုက်သည်။ "လက်သွားဆေးတော့၊ ငါဗိုက်အရမ်းဆာနေပြီ"
အစားအစာတွေရဲ့၇နံ့ကပဲ ကောင်းမွန်လွန်းလို့်လား၊ သူမရဲ့အပြုံးကပဲ လှပလွန်းလို့လားမသိပေမဲ့ ချန်ကျမ်းဟာ တခဏကြောင်အသွားသည်။ တနေ့တာလုံးရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်သွားသလိုမျိုး တကိုယ်လုံး နွေးထွေးသွားသည်။
နှစ်ယောက်သား ထမင်းဝိုင်းမှာထိုင်ပြီး ကျူးကျူးဟာ ချန်ကျမ်းကို အရင်စားခွင့်ပေးထားသည်။ ဟင်းပွဲကတော့ ဆီနဲ့နှပ်ထားတဲ့ ပုစွန်ဟင်းပဲဖြစ်သည်။
ချန်ကျမ်းကတော့ ဒီတခေါက်မှာ အနည်းငယ်အတွေးနက်နေသလိုပေ။
သူဟာ ကျူးကျူး ဆုအကြောင်းပြောလာမှာကို စောင့်နေတာပေ။
ညစာစားပြီးသွားသည်ထိ၊ သူ့ပန်းကန်တွေဆေးပြီးသွားသည်ထိ၊ ကျူးကျူးရေချိုးပြီးလို့ Mask ကပ်ပြီးသည်ထိ၊TV ကြည့်ပြီးလို့ ဂိမ်းကစားပြီးသည်ထိ ဆုပေါက်တဲ့အကြောင်းမပြောလာပေ။
နောက်တော့ သူမအခန်းထဲဝင်သွားသည်။
မီးပိတ်သွားပြီး အခန်းကလည်း မှောင်မဲသွားသည်။
အမှောင်ထဲမှာ ရပ်ကျန်နေခဲ့တဲ့ ချန်ကျမ်း ။ "...."
ကျူးကျူးဟာ ချန်ကျမ်းကို တမင်မသိချင်ယောင်ဆောင်နေတာမဟုတ်ပဲ အစကတည်းကနေ ခေါ်ဖို့စဉ်းစားတဲ့ စာရင်းထဲမှာ ထည့်ကိုမတွက်တာပေ။
သူမစဉ်းစားလိုက်တော့ သူမမှာ သူငယ်ချင်းလည်းမရှိပေ။ ဆွေမျိုးလည်းမရှိပေ။ ပထမတော့ လက်မှတ်ကို ရောင်းလိုက်မလား တွေးမိသည်။ 'သုံးရက်အားလပ်ရက်ခရီးမှာ မိသားစုဝင်ပဲ ခေါ်လာလို့၇မယ်ဆိုတော့အတွဲလိုက်ကစား၇မဲ့ဂိမ်းတွေနဲ့ စီစဉ်ထားတာဖြစ်နိုင်တယ် ' အချိန်အကြာကြီးတွေးပြီးနောက်သူမတယောက်တည်းသွားဖို့ပဲဆုံးဖြတ်လိုက်သည်။
'ချန်ကျမ်းလား? ချန်ကျမ်းက သေချာပေါက်ငါနဲ့သွားမှာမဟုတ်ဘူး'
'ချန်ကျမ်းက အိမ်ထဲကနေ အိမ်ပြင်တောင်ထွက်တာ မဟုတ်ဘူး' ဒါကြောင့် အဲဒီဖြစ်နိုင်ခြေကို စွန့်လွှတ်လိုက်သည်။
သူမပျော်ရွှင်စွာနဲ့ ခရီးအတွက်ပြင်ဆင်နေသည်။ "အိမ်မက်အစဉ်လိုက်" ရဲ့ Customer Service နဲ့ဆက်သွယ်ပြီး သူမတယောက်တည်းသွားမည်ဖြစ်ကြောင်း ပြောလိုက်သည်။ ပို့ပြီးနောက် ချက်ချင်းသွားမဲ့နေရာရဲ့ရာသီဥတု၊ နေရာအတိအကျတွေကို စုံစမ်းတော့သည်။ သီးခြားကမ်းခြေလည်းရှိတာကြောင့် ပျော်ပျော်ရွှင်ရွှင်နဲ့ ဘီကီနီတွေပါ ထုပ်ပိုးတော့သည်။
'နေလောင်ခံ၇တာမကြိုက်ပေမဲ့ ကမ်းခြေမှာတော့ နေလောင်ခံ၇မှာပေါ့'
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...