သားရဲခေတ်၏အရှင်သခင် Chapter(1)

2.9K 145 6
                                    

အသက်နယ်မြေအတွင်းမှဥဆယ်လုံး
===========================

ဒဏ္ဍာရီများ၏အဆိုရ ကောင်းကင်တာအိုသည်ခြောက်သွေ့သွားခဲ့ကာ ပြန်လည်ဝင်စားခြင်း၏သံသရာစက်ဝန်းသည်လည်းအကန့်အသက်သို့ရောက်ရှိသွားပြီဖြစ်လေ၏။ထိုအချိန်သို့ရောက်လာသောအခါ အဆုံးမရှိသောနယ်မြေများ၌ ရှေးဦးဆိုးသွမ်းသားရဲဆယ်ကောင်သည်မွေးဖွားလာမည်ဖြစ်ကာ ထိုဆိုးသွမ်းသားရဲဆယ်ကောင်သည် နတ်ဘုရားများထက်ပင်ကြီးမားသည့်ကိုယ်ခန္ဓာများအားပိုင်ဆိုင်ထားကြမည်ဖြစ်၏။ထိုသားရဲဆယ်ကောင်နိုးထလာသောအခါ ကောင်းကင်နှင့်မြေကြီးသည်ပြိုကျလာမည်ဖြစ်သည်။အသက်စွမ်းအားများသည်လည်းကုန်ဆုံးလာမည်ဖြစ်ကာအချိန်များသည်လည်းပြောင်းပြန်ဖြစ်ကုန်မည်ဖြစ်လေ၏။နောက်ဆုံးကြယ်များပင်လျှင်ပျက်သုဥ်းကုန်မည်ဖြစ်လေသည်။

ဤကမ္ဘာဟောင်းကြီးပျက်သုဥ်းသွားမှသာ ရှေးဦးဆွမ်းသားရဲများလည်းပျောက်ကွယ်သွားမည်ဖြစ်လေ၏။သားရဲများပျောက်ကွယ်သွားလျှင် ကောင်းကင်နှင့်မြေကြီးသည် တစ်ဖန်ပြန်လည်အသက်ဝင်လာပေလိမ့်မည်။ထို့နောက် ကမ္ဘာသစ်တစ်ခုပြန်လည်မွေးဖွားလာမည်ဖြစ်ကာ မူလဘူတစွမ်းအားများကလည်းတစ်ဖန်ပြန်လည်အသက်ဝင်လာမည်ဖြစ်လေသည်။

……

အပြင်ဘက်၌ မုန်တိုင်းထန်နေကာ တိမ်ညိုများသည် မီးတောက်ဝါမျိုးဆက်ကျောင်းတော်ကြီးအားဖုံးအုပ်ထားသည်။ကျောင်းတော်ကြီးမှတပည့်လီတျန်းမင်သည် မိုးရေများအားအံတု၍ သူ၏အသက်သားရဲဖြစ်သော တောင်ပံလေးခုရွှေရောင်သိမ်းငှက်ကြီး၏နောက်ကျော၌စီးနင်းလာကာ အိမ်တစ်အိမ်၏အရှေ့သို့ဆင်းသက်လိုက်လေ၏။

ထို့နောက် အိမ်လေးထဲ၌ အဖြူရောင်ဝတ်စုံအားဝတ်ထားသည့် လှပသောမိန်းကလေးတစ်ဦးသည် တံခါးခေါက်သံအားကြားလိုက်ရသဖြင့် လက်တစ်ဖက်ကသူမ၏ဂါဝန်အားကိုင်ထား၍ နောက်လက်တစ်ဖက်သည် ထီးအားကိုင်ရင်း အိမ်အပြင်မှလီတျန်းမင်အားကြိုဆိုလိုက်လေ၏။

"မင်္ဂလာနှစ်ပတ်လည်နေ့ပါ...ချင်းချင်း"
နှစ်ယောက်သားသည် အထဲသို့ အပြေးဝင်လာကြရင်း လီတျန်းမင်သည် သူ၏လက်ထဲမှကျောက်စိမ်းဆံထိုးတစ်ခုအားထုတ်ကာပေးလိုက်သည်။

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now