သားရဲခေတ်၏အရှင်သခင် Chapter(21) A

495 65 0
                                    

ရေကန်အတွင်းမှထူးဆန်းသောတွင်း!

လီတျန်မင်းသည် ကျန်းဖေးလင်ပြသည့်လမ်းအတိုင်းသွားလိုက်သော်လည်း နတ်သုဒ္ဓါရှိရာဆီသို့မသွားသေးချေ။ လမ်းတစ်လျှောက်၌ ဝိဥာဥ်စွမ်းအားများမှာ ပိုမိုသိပ်သည်းလာကာ သားရဲရိုင်းများလည်းပို၍များပြားလာသည်။ ထို့အပြင် ဝိဉာဥ် ဆေးပင်များကိုလည်း ပို၍ပင်ပေါပေါများများတွေ့လာရသည်။ ရက်ကန်းနီတောင်၏ လေထုအပူချိန်မှာ တစ်နှစ်ပတ်လုံးမြင့်မားပြီး ထိုနေရာရှိအပင်များကလည်း နေရောင်မှ ဝိဉာဥ်စွမ်းအင်များအား တိုက်ရိုက်စုပ်ယူကြရသည်။ ထို့ကြောင့် ရက်ကန်းနီတောင်၌ မီးဓာတ်ဝိညာဥ်ဆေးဝါးများ ပိုမိုပေါများလာခဲ့သည်။

   
တစ်နည်းဆိုရလျှင် ရက်ကန်းနီတောင်သည် ထာဝရငရဲဖီးနစ်ငှက်အတွက် နိဗ္ဗာန်ဘုံတစ်ခုလိုပင်ဖြစ်နေလေ၏။

   
ကျန်းဖေးလင်ညွှန်ပြသည့်လမ်းအတိုင်း လီတျန်မင်းသွားနေသည်မှာ ဆယ်ရက်ခန့်ရှိပြီဖြစ်သော်လည်း နတ်သုဒ္ဓါအား မတွေ့ရသေးချေ။ သို့သော်လည်း သူတို့သည်လိမ္မော်ရောင်ကောင်းကင်ပုံစံရှိနေသည့် ဝိဉာဥ်ဆေးပင်များအား အများအပြားရရှိခဲ့ကြသည်။ မီးလင်ဇီးသုံးခုနှင့် အခြားလိမ္မော်ရောင်ကောင်ကင်ပုံစံများပါသည့် မဟာမီးတောက်သစ်သီးနှင့် ချော်ရည်စီးဆင်းသစ်ရွက်ကဲ့သို့သော မီးဓာတ်ဆေးပင်များအားရရှိခဲ့ကြသည်။ လမ်းတစ်လျှောက်လုံး၌ နှစ်ယောက်သားသည် ဆေးပင်အများအပြားအား ဝါးမျိုခဲ့ကြသည်။

" အဆင့်တက်ပြီကွ "

" သားရဲသွေးကြော အဆင့်ခြောက် "

ကျင့်ကြံခြင်းအဆင့်အားဖြင့်ဆိုပါက လီတျန်းမင်မှာ လီရွှယ်ကျောင်းအားကျော်ဖြတ်ကာ လီဇီဖန်း၏အဆင့်သို့ ရောက်ရှိပြီဖြစ်သည်။

" ကျင့်ကြံခြင်းအခြေအနေကအတော်ကိုလေးထူးခြားတာပဲ။ အရင်တုန်းက ငါကအခြေခံကနေ သားရဲသွေးကြောအဆင့်ခြောက်ရောက်ဖို့နှစ်တွေအများကြီးကြာခဲ့တယ် " လီတျန်းမင်အံ့သြစွာရွေရွတ်လိုက်သည်။ တကယ်တော့သူ၏ ကျင့်ကြံမှုမြန်နေရခြင်းမှာ ထာဝရငရဲဖီးနစ်ငှက်နှင့် ဆက်နွယ်မှုကြောင့်ပင်ဖြစ်သည်။ ယခင်သူ၏ အသက်သားရဲဖြစ်သော တောင်ပံလေးခုရွှေလင်းယုန်နှင့် ထာဝရငရဲဖီးနစ်ငှက်အကြားမှ ကွာခြားချက်မှာ အနှိုင်းမဲ့သည်မဟုတ်လော။

သားရဲခေတ်၏အရှင်သခင် Vol.1Hikayelerin yaşadığı yer. Şimdi keşfedin