Chapter(99)

299 43 1
                                    

တစ်ခါတည်းဖြင့်အဆင့်နှစ်ဆင့်ချိုးဖြက်ခြင်း!

လီတျန်းမင်သည် ဝိညာဉ်စွမ်းအင်အား ထာဝရငရဲသားရဲကီအဖြစ်သို့ ပြောင်းလဲလေလေ သူ၏ပတ်ဝန်းကျင်၌ ပြင်းထန်သော ဝိညာဉ်စွမ်းအင်မုန်တိုင်းများနှင့်အတူ သူကပို၍ တည်ငြိမ်လာလေလေဖြစ်သည်။  သူသည် သူ၏တိုက်ပွဲကျင့်စဥ်အသစ်အား လေ့ကျင့်နိုင်သည့်အခြေအနေသို့ပင်ရောက်သွားကာ ဘယ်ဘက်လက်ရှိ စိတ်ရှုပ်ထွေပြားမျတ်လုံးကိုပင် ကျင့်ကြံသွားနိုင်လေ၏။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း လီတျန်းမင်သည် သားရဲကီများအားပြောင်းလဲခြင်းမှ မီးတောက်လျှပ်တစ်ပြက်အရိပ်နှင့် နွေဦးသုံးသွယ်ရိုက်ချက်တို့အားပြောင်းလဲလေ့ကျင့်ခဲ့သည်။   

ထို့နောက် လီတျန်းမင်သည် လူတိုင်းအား သိသိသာသာတုန်လှုပ်ချောက်ချားသွားစေခဲ့ပြီး မကြာမီတွင် စေတီ၌ ကျင့်ကြံနေသည့် တပည့်များစွာအတွက် အာရုံစူးစိုက်မှုဗဟိုချက်ဖြစ်လာခဲ့သည်။ လီတျန်းမင်နှင့် သူ၏အမေ ဝေ့ကျင်းအကြောင်းအားဆွေးနွေးမှုများသည် ဘယ်သောအခါမှရပ်တန့်မသွားသော်လည်း လီတျန်းမင်ကမူ သူ၏တိုက်ပွဲဝင်ကျင့်စဥ်များကိုသာ အာရုံစူးစိုက်၍လေ့ကျင့်ခဲ့ပေသည်။ ခဏအကြာ၌ အဆင့်ငါးအပိုင်းအား လှည့်ပတ်၍ ထိုးဖောက်နေသော မီးတောက်နေသောပုံသဏ္ဍာန်မှာ စေတီ၏ ဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့သည်။ လီတျန်းမင်၏ကိုယ်ဟန်အနေအထားများ ပို၍ကောင်းလာသည်နှင့်အမျှ သူ၏တိုက်ပွဲဝင်ကျင့်စဥ်များသည် သူ၏လှုပ်ရှားများနှင့် ကောင်းစွာပေါင်းစပ်နေသည်မှာထင်ရှားပါသည်။

"ဟာ... ပြီးပြည့်စုံတဲ့ချိတ်ဆက်ခြင်းတင်မဟုတ်သေးဘူး။ ကျောက်တုံးဘေးမှာ တိုက်ပွဲဝင်ကျင့်စဥ်တွေကိုပါကျင့်နေတာလားဟ..လခွီး"

"ငါက အဆင့်နှစ်အပိုင်းနဲ့ချိတ်ဆက်ထားနိုင်ပေမယ့် အဆင့်နှစ်အပိုင်းထဲမှာ တိုက်ပွဲဝင်ကျင့်စဥ်တွေကိုမလေ့ကျင့်နိုင်ပါဘူးကွာ"

“ကျင့်ကြံခြင်းနဲ့ပတ်သက်လာရင် သူက တကယ့်ကို ဘီလူးတစ်ကောင်ပါကွာ။  ကျင့်ကြံမှုအတွက် အဓိကလိုအပ်တဲ့အသက်အရွယ်ကို ကျော်လွန်သွားတာက ဆိုးလွန်းတယ်။”

သားရဲခေတ်၏အရှင်သခင် Vol.1Hikayelerin yaşadığı yer. Şimdi keşfedin