Chapter(111)

272 41 0
                                    

ကျေးဇူးကန်းသူ!

သုံးနှစ်။  သုံးနှစ်ရှိလေပြီ။

လင်းရှောင်တင်းသည် နွေရာသီရောက်နေသော်လည် နက်ပြာရောင်၀တ်စုံ၊ ပခုံးတစ်ဝိုက်တွင် သားမွှေးခြုံထည်အားဝတ်ထားကာ အနက်ရောင်ဖိနပ်ရှည်အားစီး၍ မီးတောက်ဝါစေတီမှထွက်လာ၏။

မိုလင်းနှင့် ရှင်းချွယ်တို့သည် တပည့်များအတွင်း၌ လူကြိုက်များကာ ချောမောသည်ဟုဆိုရမည်ဖြစ်သော်လည်း လင်းရှောင်တင်းနှင့်ယှဥ်လျှင် လူအများအကြားထင်ရှားပေါ်လွင်စေမည့်အရာတစ်ခု ကင်းမဲ့နေသည်။ လင်းရှောင်တင်း၏အမူအရာ၊ သူ၏အငွေ့အသက်၊ သူ၏ပြုံးလိုက်ပုံမှာ သူသည် လောက၏အရှင်သခင်ဖြစ်နေသည်ပမာပင်။ ကောင်းကင်သားရဲတွင်းရှိ အကြီးအကဲများပင်လျှင် ငေးမောနေမိကြ၏။

သုံးနှစ်ကျော်သွားခဲ့လေပြီ။ လင်းရှောင်တင်းမှာ ယခုအချိန်၌ ပို၍ရင့်ကျတ်လာပုံရကာ ပို၍ယုံကြည်မှုများရှိလာသည်ဟုထင်ရသည်။

လင်းရှောင်တင်းထွက်ပေါ်လာသောအခါ လူအုပ်ကြီးမှာတိတ်ဆိတ်နေတော့၏။ တပည့်များစွာသည် သူ့အား မနာလိုစိတ်ဖြင့် စိုက်ကြည့်နေကြသည်။ သူ၏ရုတ်တရက်ထွက်ပေါ်လာမှုသည်တည်ရှိနေရုံမျှဖြင့် အပြင်ဘက်တွင် စုရုံးနေသော လူတိုင်းအား ရင်သပ်ရှုမောဖွယ် မိုးကြိုးတစ်ခုပစ်ချလိုက်သည့်ပမာဖြစ်သွားသည်။ ဖြူစင်သောမျက်နှာနှင့် သွယ်လျသောအသွင်အပြင်ဖြင့် သူအား တစ်မိုးအောက်တစ်ယောက်သာရှိသည်ဟု ခေါ်ဆိုခြင်းမှာလွန်ပုံမရချေ။

"ဆရာ၊ ကျောင်းတော်သခင်"  တက်ရောက်လာသော အကြီးအကဲများ၌ သူသည် မုယန်နှင့်ကျောင်းတော်သခင်ကိုသာနူတ်ဆက်လေ၏။

ထိုအခါမုယန်က သူ၏လက်အား မထူးခြားစွာ ဝှေ့ယမ်းလိုက်သည်။  "ရိုသေနေစရာမလိုဘူး"

ထို့နောက် လင်းရှောင်တင်းသည် ခေါင်းညိတ်ကာ သူ၏ဘေးနား၌ ရင်ခုန်စွာရပ်နေသော မိန်းကလေးအားပြုံးပြလိုက်သည်။ ထိုအခါမူချင်းချင်းသည် သူ့ထံသို့ ပြေးဝင်ကာ သူမညလုံးပေါက် အိပ်မက်မက်ခဲ့ရသော ထိုယောက်ျားအား ပွေ့ဖက်လိုက်သည်။ သို့သော် သူမ လင်းရှောင်တင်း၏ရင်ခွင်ထဲမှထွက်လိုက်၍ ပထမဆုံးမြင်လိုက်ရသည့်အရာမှာ လီတျန်းမင်၏မျတ်လုံးများပင်။ ထိုမျက်လုံးများသည် မည်သည့်အရာအားပြောရန်ကြိုးစားနေသနည်း။  သူ၏ ငြိမ်သက်နေသော အပြင်ပန်းပုံစံ၌  အသက်ရှူကျပ်မတက်အထိ သက်ဖြက်လိုသည့်စိတ်ဆန္ဒများအား ဖုံးကွယ်ထားကာ မူချင်းချင်းမှာထိုအမုန်းများအတွင်း၌နစ်မြုပ်သွားသလိုပင်ခံစားလိုက်ရသည်။ ဤသည်မှာ ခဏတာမဟုတ်ပဲ သုံးနှစ်စာ သွေးဆာနေသည့်အမုန်းတရားတစ်ခုပင်။

သားရဲခေတ်၏အရှင်သခင် Vol.1Tempat cerita menjadi hidup. Temukan sekarang