Chapter(70)

382 46 0
                                    

အဖိုး!

အဓိကတပည့်ဖြစ်လာသည့် လီတျန်းမင်ဟူသောအမည်သည် နေရာတိုင်းသို့ပျံ့နှံသွား၍ရုတ်ရုတ်သဲသဲဖြစ်ကာ တစ်တိုင်းပြည်လုံးသို့ လှုပ်ခက်သွားစေခဲ့သည်။

ထို့အပြင် ထိုလှုပ်ခက်မှုသည် လီတျန်းမင်၏အတိတ်ဇာတ်ကြောင်းများအား ပြန်လည်ပေါ်ထွက်လာခဲ့စေလေ၏။ 

သို့သော် သူ့အား ချီးမွမ်းသည်ဖြစ်စေ ကျိန်ဆဲသည်ဖြစ်စေ လူတိုင်းအတွက်တူညီနေသောအတွေးတစ်ခုတော့ရှိကြသည်။

ထိုအတွေးမှာ အသက်အရွယ်အရရော ပါရမီအရရော နှစ်လုံးစလုံးတွင် အဓိကတပည့်ဖြစ်ရန်သင့်လျှော်သည့် လင်းရှောင်းရှောင်းအားသနားနေကြခြင်းပင်။ 

အဆင့်တိုက်ပွဲ၏ စည်းမျဉ်းများအား ပြန်လည်ပြင်ဆင်ရန် အသနားခံစာများသည်ပင် မီးတောက်ဝါမျိုးဆက်ကျောင်းတော်ဆီသို့ရောက်ရှိလာခဲ့သည်။ ထိုသို့သော ပါရမီရှင်တစ်ဦးစိတ်ထိခိုက်သွားမည်အား မည်သူကမျှ မလိုလားကြချေ။

ထို့နောက် နေ့ခင်းဘက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေမှုသည် နောက်ဆုံးတွင် ညအချိန်၌ အဆုံးသက်သွားလေ၏။

ယခုတွင် လီတျန်းမင်သည် ကောင်းကင်သားရဲတွင်းသို့ဝင်ရောက်ခြင်း၏ ပထမဆုံးပန်းတိုင်အား ပြီးမြောက်အောင်မြင်ခဲ့သောကြောင့် အန်တီလီအား စားသောက်ပွဲတစ်ခုအားကျင်းပပေးရန် အန်တီလီအားတောင်းဆိုခဲ့သည်။ ထို့နောက် သူတို့သည် နှစ်သက်စွာဖြင့် စားသောက်ခဲ့ကြလေ၏။

ဝေ့ကျင်းသည် လှုပ်ရှားသွားလာရန်ပြသနာရှိသောကြောင့် လီတျန်းမင်က သူမအား ကိုယ်တိုင်ခွံကျွေးရလေ၏။ 

“ငါ့သား ငယ်ငယ်တုန်းက အစားအသောက်နဲ့ပက်သက်ပြီး ဇီဇာကြောင်လွန်းလို့ အမေက ချော့ကျွေးရတယ်။ အခုတော့ နေရာတွေ ပြောင်းသွားပြီ” ဟု ဝေ့ကျင်းကလှမ်းပြောသည်။

ထမင်းစားပြီးနောက် လီတျန်းမင်က သူ့အမေအား အိမ်ဝင်းထဲသို့ ခေါ်သွားက အန်တီလီက ပန်းကန်များအား သိမ်းဆည်းလိုက်၏။ ယခုည၌ ကောင်းကင်ကြီးသည် လှပနေကာ ကြယ်များကတန်းစီနေကြလေ၏။ ကြယ်များ၏အတွင်း၌ မီးတောက်လေးများက တေညက်လောက်လောင်နေပုံရကာ အလင်းရောင်ဖျော့ဖျော့အားထုတ်လွှတ်နေကြ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora