သားရဲခေတ်၏အရှင်သခင် Chapter(45) A

429 56 0
                                    

ဝိဉာဉ်အရင်းအမြစ်စွမ်းရည်!


တည်းခိုခန်းကိုပြန်သည့်လမ်း၌

"မင်းသိပါတယ်။ မှော်ဝင်ဧရာမကြယ်သားရဲရဲ့ တောက်ပနေသောကြယ်အကြည့်က သောက်ရမ်းကိုအစွမ်းထက်တာကွ။ ကံကောင်းလို့ ငါမင်းကိုကယ်နိုင်ခဲ့တာနော်။ မဟုတ်လို့ကတော့ မင်းရဲ့ခန္ဓာကိုယ်မှာ အပေါက်တစ်ပေါက် ဒါမှမဟုတ် နှစ်ပေါက်လောက်ရှိနေပြီ" လီတျန်းမင်ကဂုဏ်ယူဝံကြွားစွာဖြင့်ပြောလိုက်သည်။ 

ကြက်ကလေးမှာ မျက်လုံးပြူးသွားလေ၏။

"အော်..အေးအေး။ငါကလည်း အဲ့ဒီဟာကြီးကိုမရှောင်တက်ဘူးသိလား"

ဒါနဲ့...မင်းရဲ့ဝိညာဉ်ကို သန့်စင်ပြီးရင်  ဝိညာဉ်ရင်းမြစ်စွမ်းရည်ကို ရနိုင်မှာလား။  မင်းကလည်း သာမာန်အသက်သားရဲမဟုတ်ဘူးလေ။"

"ငါကဘယ်လိုလုပ်သိမှာတုံး?  ဟမ့်...ငါတောင်မှ ဝိညာဉ်အရင်းအမြစ် စွမ်းရည်ဆိုတာ ဘာမှန်းမသိဘူး!"

ဝိညာဉ်အရင်းအမြစ်စွမ်းရည်သည် မည်သည့်အရာဆိုသည်အား နားလည်ရန် ကျင့်ကြံခြင်း၏ဒုတိယအဆင့်ဖြစ်သော ဝိဉာဉ်အရင်းအမြစ်အဆင့်၏ လျှို့ဝှက်ချက်များအား ဦးစွာနားလည်နေရန်လိုအပ်သည်။ သားရဲသွေးကြောအဆင့်၏အထွတ်အထိပ်သို့ရောက်ရှိပြီးနောက် သားရဲသခင်နှင့် ၎င်း၏အဖော်တို့သည် ၎င်းတို့၏ခန္ဓာကိုယ်တွင် စုစုပေါင်းသားရဲသွေးပြန်ကြောများ စုစုပေါင်းဆယ့်ရှစ်ခုရှိလာမည်ဖြစ်သည်။  ပြီးသည်နှင့် သူတို့သည် ၎င်းတို့၏ကိုယ်တွင်းရှိ ဝိညာဉ်အရင်းအမြစ်အား ဖန်တီးရန်အတွက် နှစ်ဦးစလုံး၏သားရဲကီကို အသုံးပြုနိုင်သည်။

ဝိညာဉ်အရင်းအမြစ်၏ အနေအထားသည် အသက်သားရဲအပေါ်တွင် မူတည်သည်။  ဥပမာအားဖြင့် မိုက်ဒက်စ်၏ ဝိညာဉ်အရင်းအမြစ်များသည် ၎င်း၏ခြေသည်းများ၊အမွေးများနှင့် နှုတ်သီးများပေါ်တွင် အဓိကတည်ရှိသည်။

သားရဲသွေးကြောများနှင့် နှိုင်းယှဉ်ပါက ဝိညာဉ်အရင်းအမြစ်များသည် သားရဲကီထက်ပင် ပိုမို၍သိုလှောင်ထားနိုင်သောကြောင့် ၎င်းသည်ဝိဉာဉ်အရင်းအမြစ်အဆင့်သားရဲသခင်များပိုမိုအားကောင်းလာရသည့် အဓိကအကြောင်းရင်းများထဲမှ တစ်ခုဖြစ်လေသည်။ အသက်သားရဲများ၏ကြယ်အရေအတွက်သည် ဤနေရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ကာ ကြယ်အရေအတွက်သည် ဖြစ်ပေါ်လာသော ဝိညာဉ်အရင်းအမြစ်အရေအတွက်အား ဆုံးဖြတ်ပေးသောကြောင့်ဖြစ်သည်။  ဥပမာအားဖြင့်၊ ကြယ်သုံးပွင့်ရှိသော အသက်သားရဲသည် ဝိဉာဉ်အရင်းအမြစ်အဆင့်သို့ဝင်ရောက်သောအခါ၊ သခင်နှင့်သားရဲနှစ်ဦးစလုံး၌ဝိညာဉ်အရင်းအမြစ်သုံးခုစီဖြစ်လာသည်။  သို့သော် ကြယ်ခြောက်ပွင့်သားရဲများအတွက်မူ ကြီးမားသောဝိညာဉ်ရင်းမြစ်ခြောက်ခုကို ဖွဲ့စည်းထားမည်ဖြစ်သည်။  ၎င်းတို့အားလုံးသည် ဝိဉာဉ်အရင်းအမြစ်အဆင့်၏ ပထမအဆင့်ဟု ဆိုနိုင်သော်လည်း ၎င်းတို့အကြားမှ ခြားနားချက်သည်အလွန်ကြီးမားလှသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora