Chapter(160) A

260 33 0
                                    

အဖြူဝတ်မိန်းကလေး!

ရွယ်လင်မျိုးနွယ်သည် မျိုးဆက်သုံးခုစလုံး၌ လူအင်အားနည်းသော်လည်း ၄င်းတို့၏စွမ်းအားအကြီးဆုံးဝှတ်ဖဲမှာ ၄င်းတို့၏မျိုးဆက်သစ်ဖြစ်လေ၏။ အဘယ့်ကြောင့်ဆိုသော် လင်းရှောင်တင်းနှင့် ရွယ်လင်ဂျီတို့ရှိသောကြောင့်ပင်။

ဤစိန်ခေါ်မှုသည် ခွန်အားတိုက်ပွဲမဟုတ်ပဲ လူအင်အားတိုက်ပွဲတစ်ခုဖြစ်နေ၏။ တိုက်ပွဲ၏တစ်ဖက်တွင် မျိုးနွယ်စုနှစ်စုရှိနေခြင်းသည် တိုက်ပွဲချိန်ခွင်လျှာအား တိမ်းစောင်းသွားစေနိုင်သည်။ မုယန်သည်   မည်မျှပင် သန်မာနေပါစေ လျှပ်စီးအိမ်တော်သည် မုယန်မောပန်းနွမ်းနယ်လာသည်အထိ တိုက်ခိုက်ရေးသမားများအား ဆက်လက်စေလွှတ်နိုင်သည်။ လင်းတျန်းကျန်း၌ ညီအစ်ကိုငါးယောက်ရှိကာ ၎င်းတို့တစ်ဦးစီသည် ကောင်းကင်စိတ်ဆန္ဒအဆင့်၌ ရှိကြသည်။ ထို့ကြောင့် မုယန်အားခြိမ်းခြောက်နိုင်လေ၏။

နှိုင်းယှဥ်ကြည့်လျှင် ဝေ့မျိုးနွယ်သည် လူအင်းအားနည်းပါးသွားကာ တစ်ဖက်မှလူအင်အားများလာသောကြောင့် ရှုံးနိုင်ခြေပိုများသွားပေသည်။  သူတို့နှင့်အတူ တိုက်ခိုက်နိုင်သည် ဆွေမျိုးများအား ရှာဖွေ နိုင်သော်လည်း သုခဘုံသည် ဝေ့မျိုးနွယ်အားပျောက်ကွယ်စေလိုသောကြောင့် စစ်ဆေးရေးမှူးများအားမည်သူကမှမလွန်ဆန်ဝံ့ကြချေ။ ဒုတိယအနေနှင့် လျှပ်စီးအိမ်တော်မှ အဖွင့်ဝင်များသည် ၎င်းတို့၏နယ်ပယ်၌ ကျွမ်းကျင်ကြသူများချည်းဖြစ်လေရာ လူအနည်းစုကသာ ၎င်းတို့အား ဆန့်ကျင်နိုင်ကြမည်ဖြစ်ပေသည်။

လျှပ်စီးအိမ်တော်အား အနိုင်ယူနိုင်သည့် တစ်ခုတည်းသောအဖွဲ့အစည်းမှာ ဟင်္သါငှက်မျိုးနွယ်စုဖြစ်သော်လည်း ထိုသူတို့မှာ မစွန့်စားရဲကြချေ။ ဝေ့မျိုးနွယ်စုအား ကယ်တင်ရန် သူတို့ကိုယ်တိုင်အသက်နှင့်ရင်း၍လှုပ်ရှားကြရမည်လော။ လီတျန်းမင်သည် စစ်ဆေးရေးမှူးများ၏အရှေ့တွင် ခေါင်းငုံ့ထားဆဲဖြစ်သော ဘုရင်အား ကြည့်လိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် မဖြစ်နိုင်တော့သည်အား သူသိလိုက်၏။ သို့သော် ဤသည်မှာ တော်ဝင်မျိုးနွယ်အတွက် အန္တရာယ်အလွန်များသောကြောင့် ၎င်းသည် အမှန်တကယ် နားလည်ပေးနိုင်ပေသည်။ အမှားတစ်ခုသည် တော်ဝင်မျိုးနွယ်စု၏ ထောင်စုနှစ်တစ်ခုကြာအုပ်စိုးမှုအား အဆုံးသတ်သွားစေမည်ဖြစ်ကာ တော်ဝင်မျိုးနွယ်သည်လည်း လျှပ်စီးအိမ်တော်၏အကြံအစည်များအောက်၌ အဆုံးသက်သွားနိုင်ပေသည်။ ထို့နောက် လျှပ်စီးအိမ်တော်သည် ဟင်္သါပြဒါးနိုင်ငံ၏ရာဇပလ္လင်ကိုပါမျတ်စောင်းထိုးလာနိုင်ပေသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Hikayelerin yaşadığı yer. Şimdi keşfedin