Chapter(160) B

301 42 8
                                    

အဖြူဝတ်မိန်းကလေး

မြင်းလှည်းသည် လောင်မီးမြို့၏ လမ်းတစ်လျှောက်မောင်းလာစဥ် လေထုမှာမုန်မှိုင်းနေ၏။ မြင်းလှည်းပေါ်၌ တိတ်ဆိတ်သွားသော်လည်း တစ်မြို့လုံးကမူ စိတ်လှုပ်ရှားစွာ ဆူပွက်နေသည်။

"ငါတို့တော့သွားပြီ။"  ဝေ့တျန်းရှုန်မှာ ခေါင်းအားငုံ့ထား၍ လက်သီးများအား တင်းတင်းကျပ်ကျပ် ဆုပ်ထားသဖြင့် လက်သည်းများက သူ၏အရေပြားထဲသို့ စိုက်ဝင်သွားသည် ။

သူ့အား မည်သူကမျှပြန်မပြောချေ။ မုယန်သည် ပြတင်းပေါက်အားဖွင့်ကာ လှုပ်ရှားနေသော လောင်မီးမြို့ကြီးအားကြည့်လိုက်သည်။

“လူတိုင်းဟာ အဆုံးမှာ သေကြပေမယ့် ငါ့ဆရာက ငါ့ဘဝကို အဓိပ္ပာယ်ရှိစေခဲ့တယ်။ ဒါကြောင့်မို့လို့ လိုအပ်ရင် ငါ့အသက်ကို ဆုံးရှုံးရရင်တောင် ငါ့မှာရှိသမျှသုံးပြီး မျိုးနွယ်စုကို အကာအကွယ်ပေးဖို့ ဆန္ဒရှိတယ်”  သူ၏မျက်လုံးထဲမှ ဆုံးဖြတ်ချက်သည် ဝေ့တျန်းရှုန်နှင့် ကွာခြားလှပေသည်။  သူ၏ဘေးမှဝေ့ကျင်းကမူ ငိုနေကာ သူမ၏မျတ်နှာအား လက်နှစ်ဖက်ဖြင့်အုပ်ထား၏။ 

"ငါအသက်မရှင်နေသင့်ဘူး။ ငါသာအသက်ဓာတ်ကုန်ဆုံးတာကို အချိန်နည်းနည်းလေး ပိုပြီးခံနိုင်ရည်ရှိခဲ့ရင် အဖေက ဒီလိုအခြေအနေမျိုးရောက်မှာမဟုတ်ဘူး။  သူ့အသက်အရွယ်နဲ့…”

လီတျန်းမင်သည် ဝေ့ကျင်း၏ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်ကို မြင်လိုက်ရသောအခါ သူ၏ရင်ဘတ်ထဲတွင် မီးတောက်လောင်နေသည့်ပမာ ခံစားလိုက်ရသည်။ ထို့နောက် ဝေ့ကျင်း၏ပါးပြင်ပေါ်မှမျတ်ရည်များအား သူ၏အင်္ကျီလက်စအားသုံးကာသုတ်ပေးလိုက်၏။ 

"စိတ်မပူပါနဲ့။ အမေရဲ့သားက လျှပ်စီးအိမ်တော်က နောက်ဆုံးခွေးတစ်ကောင်ကို ဖယ်ရှားပစ်မှာပါ။ ဝေ့မျိုးနွယ်ထဲက တစ်ယောက်ယောက်ကိုထိတာနဲ့ သူတို့ နောင်တရသွားစေရမယ်" 

ဝေ့အိမ်တော်၌မူ ဤညသည် အိပ်ရေးပျက်သောညဖြစ်လာနိုင်ပေ၏။ သူတို့သည် ဆွေးနွေးကြပေမည်။ ထိတ်လန့်တုန်လှုပ်နေကြ၍ အသက်ရှင်ရန် အခွင့်အလမ်းအား ရှာဖွေကြလိမ့်မည်ဖြစ်လေ၏။ ထို့အတွက်ကြောင့် လီတျန်းမင်သည် သားရဲတွင်းအဝင်အဝ၌သာ ကျန်နေခဲ့ပြီး အိမ်တော်အထိမလိုက်တော့ချေ။ ကံကြမ္မာအားအရှုံးပေးနေသည့် မြင်ကွင်းများအား လိုက်ကြည့်ကြည့်နေရန်စိတ်မဝင်စားချေ။ 

သားရဲခေတ်၏အရှင်သခင် Vol.1Où les histoires vivent. Découvrez maintenant