Chapter(129)

260 28 0
                                    

ရှေးဟောင်းတိုက်ပွဲ၏ဆယ့်ကိုးရက်မြောက်နေ့!

ရွယ်လင်ဂျီသည် မပျံသန်းနိုင်သောကြောင့် နှင်းမုန်တိုင်းနဂါးအားအားကိုးနေရ၏။ နှင်းမုန်တိုင်းနဂါးသည်အတောင်ပံမရှိသောလည်း မုန်တိုင်းစွမ်းအားကြောင့် လေထဲ၌ပျံဝဲကာ လီတျန်းမင်အားလိုက်ဖမ်းနိုင်လေ၏။

ကံမကောင်းစွာဖြင့် သူမသည် အချိန်နယ်မြေအတွင်းသို့ဝင်ရောက်လာသည့်အခါတိုင်း လီတျန်းမင်နှင့်ပို၍ဝေးကွာသွားလေ၏။

လီတျန်းမင်သည် ရွယ်လင်ဂျီအား ဒဏ်ရာရနေသောမိုလင်းရှိပါက ကောင်းကောင်းတိုက်ခိုက်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့်၊ လီတျန်းမင်၏တစ်ခုတည်းသောလုပ်ရမည့်အရာမှာ မိုလင်းအားအစီအရင်အတွင်းသို့ခေါ်ဆောင်သွားရန်ဖြစ်လေ၏။

“ပညါသင်ဖက်အစ်ကို မိုလင်း။ အစီအရင်ထဲရောက်တာနဲ့ ကျွန်တော်တို့အတူရှိမရှိကမသေချာဘူး။ အတူတူရှိမနေတော့ရင် ပုန်းနေလိုက်တော့။ ကောင်းကင်သုခဘုံကိစ္စကမေ့လိုက်တော့မှရမယ်"

“ကောင်းပြီ။  ငါ့ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်”  မိုလင်းသည် အနောက်သို့ လှည့်ကြည့်လိုက်သောအခါ ရွယ်လင်းဂျီကလိုက်မမှီတော့သည်အားတွေ့လိုက်ရသည်။ သူတို့နှစ်ဦး၏လွတ်မြောက်နိုင်မှုသည် သူ့အတွက် အကောင်းဆုံးရလဒ်ဖြစ်လေ၏။

အစီအရင်ကသာ နေရာကူးပြောင်းပေးနိုင်စွမ်းမရှိလျှင် ရွယ်လင်ဂျီသည် တစ္ဆေသရဲကဲ့သို့ အနောက်မှဆက်လိုက်နေမည်ဖြစ်လေ၏။ 

ထို့နောက် အစီအရင်အနားသို့ရောက်လာကြ၏။ လီတျန်းမင်သည် မိုလင်းအားတင်းကြပ်စွားကိုင်ထားရင်း အစီအရင်အတွင်းသို့ဝင်လိုက်၏။ ကြက်ကလေးသည် လုစုမကွဲစေရန် အသက်နယ်မြေအတွင်းသို့ဝင်ရောက်သွားခဲ့သည်။ ထို့နောက် နေရာကူးပြောင်းခြင်းစတင်ချိန်၌ မုန်တိုင်းတစ်ခု တိုက်ခတ်လာသည်။

မုန်တိုင်း၏ စွမ်းအားသည် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှသည်။  လီတျန်းမင်သည် မိုလင်းအားလုံခြုံစေရန် သူ၏ သံကြိုးအား အသုံးပြုနေသော်လည်း၊ သူတို့သည် အခိုးအငွေ့ဖြင့်ပြောင်းကာ လူစုကွဲသွားလေ၏။ တစ်ခဏအကြာ၌ လီတျန်းမင်သည် ကောင်းကင်မှ ပြုတ်ကျလာလေ၏။ သူ၏ပတ်ဝန်းကျင်၌ လူဖြစ်စေ၊ သားရဲဖြစ်စေ မည်သူမျှမရှိချေ။ အစီအရင်၏ ရှုပ်ထွေးမှုများသည် ၎င်းတို့အား လိုက်သက်သူများထံမှအမှန်တစ်ကယ်လွတ်မြောက်စေခဲ့လေသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now