Chapter(91)

339 45 1
                                    

မီးတောက်ဝါကျောက်တုံး၏ဆန်းကြယ်မှု!

"လင်အာ။" လီတျန်းမင်သည် သူမထံ သို့ချဉ်းကပ်သွားခဲ့သည်။  "အစ်ကို လင်အာ ကို မကြောက်စေခဲ့ဘူး မဟုတ်လား"

“ဘယ်ကသာအစ်ကိုကြီးရယ်။အစ်ကိုကြိးလုပ်တာကိုလင်အာကထောက်ခံပြီးသား။ ဝေ့လင်းရွှမ်က အစ်ကိုကြီးကိုအရင်ရန်လာစတာလေ။" ဟု ကျန်းဖေးလင်ကပြောလိုက်၏။

လီတျန်းမင်သည် ဤကောင်မလေးအား အချိန်ကြာလေ ပို၍မြတ်နိုးမိလာလေပင်။ သူမနှင့်အချိန်ကြာကြာဆက်ဆံလေ သူမသည် ကျိုးကြောင်းဆီလျှော်မှုမရှိသည့် မိန်းကလေးမဟုတ်ကြောင်းသိလာလေပင်။ သူမ၌ ကိုယ်ပိုင်မူနှင့် အမြင်များရှိလေ၏။

ဤအခြေအနေ၌သာ လီတျန်းမင်ရှုံးသွားခဲ့လျှင် ဝေ့လင်းရွှမ်ကအလွတ်ပေးမည်လော။

"အစ်ကိုကြီး၊ လင်အာတို့နှစ်ယောက် အတူတူအဆုံးအစွန်အထိစိန်ခေါ်နိုင်မလားဆိုတာကိုစမ်းကြည့်ချင်လား" ကျန်းဖေးလင်ကမေးလိုက်၏။  

"လုပ်လိုက်လေ ကြာသလားလို့" လီတျန်းမင်က မီးတောက်ဝါကျောက်တုံးအားကြည့်လိုက်၏။

လီတျန်းမင်သည် စိန်ခေါ်မှု အဆင့်လေးဆင့်အား ချိတ်ဆက်ကာ ဝေ့လင်းရွှမ်အားရှုံးနိမ့်စေခြင်းသည် စိတ်လှုပ်ရှားဖွယ်ကိစ္စတစ်ခုဖြစ်ပါက၊ နှစ်ပေါင်းတစ်ထောင်ကျော်အတွင်း မည်သူကမျှ မအောင်မြင်ခဲ့သည့် အဆင့်ငါးချိတ်ဆက်ခြင်းအား အောင်မြင်သွားလျှင် မည်သို့ဖြစ်သွားမည်နည်း။

ထိုစဥ် လူအများသည် လီတျန်းမင်မှာ မီးတောက်ဝါကျောက်တုံးဆီသို့ ဆက်လက်လျှောက်လှမ်းနေမည်ဟု မည်သူကမျှ မမျှော်လင့်ထားချေ။ ပထမ၌ အဆင့်လေးချိတ်ဆက်ခြင်းအား အောင်မြင်ရန် လီတျန်းမင်က အဘယ်ကြောင့်အရည်အချင်းရှိနေရသည်အား သူတို့နားမလည်နိုင်ခဲ့ကြချေ။ သူ့အသက်အရွယ်နှင့် ကျင့်ကြံမှုအဆင့်အားတွေးကြည့်လိုက်လျှင် ဤသည်မှာအထင်ကြီးစရာပင်။

သို့တိုင် ကောင်းကင်သားရဲတွင်း၏ အထွတ်အထိပ်ပါရမီရှင်မျိုးဆက်အသီးသီးက မအောင်မြင်ခဲ့သည့် အဆုံးအစွန်အထိစိန်ခေါ်ခြင်းအား စိန်ခေါ်ရန် လီတျန်းမင်ကသတ္တိရှိနေပေသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Onde histórias criam vida. Descubra agora