Chapter(167)

278 34 3
                                    

လျှပ်စီးအိမ်တော်ကလီယန်ဖန်းပါ၊ လမ်းညွှန်ပေးပါအုံး!

ဝေ့ချင်း၏အသက်သားရဲအား ေဝ့အိမ်တော်၏ သင်္ချိုင်းတွင် မြှုပ်နှံထားခဲ့ပြီး ၎င်းအတွက်အုတ်ဂူတစ်ခုတည်ဆောက်ထားပေးလေ၏။ ဝေ့ချင်းသည် ထိုအုတ်ဂူရှေ့မှ ထွက်သွားရန်ဆန္ဒမရှိသောကြောင့် ဝေ့တျန်းကန်သည် သူ့အားထိုနေရာ၌ ကုသရန် သမားတော်များအားအမိန့်ပေးခဲ့ရသည်။

"အစ်ကိုကြီး ကျွန်တော့်ရဲ့ကျန်တဲ့ဘဝတစ်ခုလုံးကို ဒီမှာပဲနေပြီး သူနဲ့အတူတူဖြတ်သန်းတော့မယ်ဗျာ" ဝေ့ချင်းသည် အုတ်ဂူအားစိုက်ကြည့်နေရင်း သူ၏မျတ်လုံးများမှာ နီရဲလာလေ၏။

" ဝေ့အိမ်တော်ကသာရှုံးသွားရင်း ငါတို့ ဒီမှာ ဆက်နေဖို့ မဖြစ်နိုင်တော့မှာကို ငါကြောက်မိတယ်။"  မီးတောက်ဝါမျိုးဆက်ကျောင်းတော်သခင်ဝေ့တျန်းရှုန်ကသက်ပြင်းချလိုက်၏။

ထိုအခါဝေ့တျန်းကန်မှာ ဝေ့တျန်းရှုန်အားစိုက်ကြည့်နေလေ၏။

“အဖေ၊ ကျွန်တော်…”

ဝေ့ဇီခွန်းက ခေါင်းယမ်းသည်။  “အဖေ ကျွန်တော်အရိုးသားဆုံးပြောမယ်ဗျာ။ ဒီနေ့ကျွန်တော်တို့ရှုံးသွားပြီ။ မနက်ဖြန် ကျွန်တော်ရယ်၊ အစ်ကိုကြီးရယ်၊ မုယန်ရယ်၊ ဇောင်ယွမ်ဂျီရယ်ရှိတယ်ဆိုပေမယ့် မျိုးဆက်သစ်တွေထဲမှာကျ ရွယ်လင်ဂျီနဲ့လင်းရှောင်တင်းကိုကိုင်တွယ်နိုင်တဲ့လူမရှိဘူးလေ"

“ဟုတ်တယ်အဖေ။ ကျွန်တော့ရဲ့သားသွားရင်တောင် သူ​သေသွားမှာဗျ။ လင်းဇောင်က အဖေ့ကိုတောင်သက်ဖို့လုပ်သေးတာ။ ကလေးတွေဆိုပြောမနေနဲ့တော့" ဝေ့ဂေါင်ဟောင်နှင့် ဝေ့လင်းရွှမ်အားကြည့်လိုက်သောအခါ ဝေ့တျန်းရှုန်၏အကြည့်များမှာတုန်ရီနေ၏။

လူငယ်အားလုံးသည် ထောင့်တစ်နေရာတွင် ရှိနေကြကာ အားလုံးသည် အထိတ်တလန့်နှင့် မငြိမ်မသက် ဖြစ်နေကြသည်။ အိမ်တော်တစ်ခုလုံးသည် ဝမ်းနည်းဖွယ်ကောင်းသော အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ဝေ့ချင်း၏သနားကောင်းသောအခြေအနေအားလူတိုင်းမြင်နိုင်ကာ ဝေ့တျန်းကန်သည်ပင်သေလုနီးပါးဖြစ်ခဲ့ရသည်။ 

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now