Chapter(158)

268 38 0
                                    

ကလေးများများမွေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်!

ကောင်းကင်နှင့်မြေကြီးကို ဦးညွှတ်ပါ!

"မိဘများကို ဦးညွတ်ပါ!"

"သတို့သားနဲ့ သတို့သမီး တစ်ယောက်ကိုတစ်ယောက် ဦးညွှတ်ပါ။  အခု သတို့သမီးအခန်းကိုသွားနိုင်ပါပြီ"

အခမ်းအနားပြီးသွားလေပြီ။

လျှပ်စီးအိမ်တော်သည် ပွဲလမ်းသဘင်အငွေ့အသက်များဖြင့် ချက်ချင်း ဖုံးလွှမ်းသွားသည်။

လင်းရှေောင်တင်းသည် လက်ရှိတွင် သတို့သားဝတ်စုံအား၀တ်ဆင်ထားကာ သူ၏ရင်ဘတ်ပေါ်တွင် အနီရောင်နှင်းဆီပွင့်ကြီးအားတပ်ဆင်ထား၏။

လျှပ်စီးအိမ်တော်ရှိ အသက်သားရဲအများအပြားသည် လေထဲ၌ကခုန်နေကြကာ ၎င်းတို့၏ခန္ဓာကိုယ်တစ်ဝိုက်မှ လျှပ်စီးကြောင်းများက အိမ်ကြီးအား တောက်ပစေရန် ဖန်တီးပေးနေလေ၏။ 

လင်းရှောင်တင်းကမူ သူ၏သူတို့သမီးအား အပြုံးဖြင့်ငေးကြည့်နေ၏။ အရာအားလုံးသည် စီစဥ်ထားသည့်အတိုင်းပင် အတိအကျဖြစ်နေလေ၏။ သူ၏ဘဝသည် အထွတ်အထိပ်သို့ရောက်နေလေပြီ။

"အခုချိန်ကစပြီး ငါ့ရဲ့နှလုံးသားထဲမှာ မင်းနဲ့မင်းတစ်ယောက်ထဲပဲရှိမယ်ယ်။ ငါမင်းကိုထွေးပွေ့မယ်၊ ကာကွယ်မယ်၊ ဘယ်တော့မှ မစွန့်လွှတ်ဘူး။ ကျင့်ကြံခြင်းလမ်းကြောင်းမှာရော တိုက်ပွဲတွေမှာပါ နောင်တမရှိစေဘဲ အတူတကွ လျှောက်လှမ်းကြပါစို့။"  လင်းရှောင်တင်းသည် ရွယ်လင်ဂျီ၏လက်အား ဆုပ်ကိုင်လိုက်၍ ရိုးသားစွာကျိန်ဆိုလိုက်သည်။

"ယောက်ျား...မိန်းမလည်း တစ်သက်လုံးယောက်ျားကိုချစ်နေဖို့ ဆန္ဒရှိပါတယ်"  ရွယ်လင်ဂျီ၏မျက်နှာအားအနီရောင်ပဝါစဖြင့် ဖုံးအုပ်ထားသော်လည်း ယခုအချိန်တွင် စိတ်ခံစားမှုများကြောင့် နီရဲနေခဲ့သည်။

ထိုကဲ့သို့ ကတိကဝတ်ပြုခြင်းသည် ပတ်ဝန်းကျင်တစ်ခုလုံးအားကျမှုများဖြစ်ပေါ်သွားစေသည်။ တစ်ချိန်တည်းမှာပင် လျှပ်စီးအိမ်တော်မှလူငယ်များ၏လေထုမှာ ပျော်ရွှင်သော အငွေ့အသက်များဖုံးလွမ်းလာလေတော့၏။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora