သားရဲခေတ်၏အရှင်သခင် Chapter(8) A

627 62 0
                                    

သိမ်မွေ့လေညင်းရင်ပြင်မှကြယ်တစ်ပွင့်!


ကောင်းကင်ကြီးပေါ်သို့နေလုံးကြီးမြင့်တက်လာခြင်းနှင့်အတူ လူအမျှားမှမျှော်လင့်စောင့်စားနေသောနေ့လည်းရောက်ရှိလာလေသည်။တစ်မြို့လုံးသည်မြို့စားကြီး၏လက်ထပ်ပွဲအတွက်စိတ်လှုပ်ရှားနေကြခြင်းဖြစ်ကာ အထူးသဖြင့် သတို့သမီးသည်မယားကြီးနေရာသို့ယူသွား၍ဖြစ်လေ၏။

ပွဲလမ်းသဘင်များ၊ရောင်စုံမီးရောင်းများဖြင့် လင်းထိန်နေသည့်လမ်းမများနှင့်တေးဂီတသံများအား တစ်မြို့လုံးကြားနိုင်သည်။

“မီးတောက်ဝါမျိုးဆက်ကျောင်းတော်ကြီးရဲ့ ကျောင်းသားရွေးချယ်ပွဲကို မြို့စားအိမ်တော်မှာကျင်းပမှာတဲ့။မဂ်လာပွဲပြီးတာနဲ့ရွှေးချယ်ပွဲကိုချက်ချင်းကျင်းပမှာဖြစ်ပြီးတော့ မြို့စားကရွေးချယ်ပွဲကိုဧည့်သည်တွေတစ်ခါတည်းကြည့်လို့ရအောင်လုပ်ပေးတာတဲ့"

"ကြားပြီးပြီးလားကွ။မီးတောက်ဝါမျိုးဆက်ကျောင်းရဲ့ရွေးချယ်ပွဲပြီးတာနဲ့ မြို့စားကသခင်လေးလီဇီဖန်းကိုအမွေခံမြို့စားအဖြစ်တရားဝင်ကြေငြာတော့မှာတဲ့" 

"အားယား...မီးတောက်ကောင်းကင်မြို့အတွက်ပျှော်စရာနေ့တစ်နေ့ပဲဟေ့"

မနက်မိုးလင်းချိန်ရောက်သောအခါ လီတျန်းမင်သည်ဝမ်ကျင်းအား မနက်ခင်းနေရောင်ခြည်၏နွေးထွေးမှုအားခံစားရန်ခြံဝင်းထဲသို့ခေယ်သွားသည်။ဝမ်ကျင်းသည်လည်း ယနေ့သည်ထူးခြားသည့်နေ့တစ်ရက်ဖြစ်ကြောင်းသိနေ၏။

"မေမေ၊သားသွားရတော့မယ်"
မီးတောင်ဝါအမိန့်အားရရှိပြီးသည်နှင့်လီတျန်းမင်သည် သူ၏အမေနှလုံးသားအားကြေကွဲစေသောဤနေရာမှခေါ်ထုတ်သွားမည်ဖြစ်လေ၏။

“ဒါဆိုလည်းဂရုစိုက်ပါငါ့သား"ဝေ့ကျင်းသည် နေရောင်အောက်၌ လီတျန်းမင်အားစိုက်ကြည့်နေကာ သူမ၏ဆံပင်ဖြူများကလည်းနေရောင်ကြောင့်လင်းလက်နေလေ၏။ 

“အမေကလဲဗျာ အားပေးစကားတွေမပြောတော့ဘူးလား။သားလေးအတွက် ဝိဉာဥ်ကြက်စွပ်ပြုတ်လေးတစ်ခွက်လုပ်ပေးထားမယ်ဆိုလည်းရပါတယ်လေ။"

သားရဲခေတ်၏အရှင်သခင် Vol.1Nơi câu chuyện tồn tại. Hãy khám phá bây giờ