သားရဲခေတ်၏အရှင်သခင် Chapter(6)

645 81 0
                                    

ဝိဉာဥ်ကျောက်တုံးများဝါးမြိုနေသည့်ကြက်ပေါက်စန

ကံကောင်းသည်ကား လီတျန်းမင်၌မီးကောင်းကင်မြို့၌ အခြားအိမ်ခြံမြေ ပိုင်ဆိုင်မှုများရှိနေခြင်းဖြစ်သည်။ သို့မဟုတ်ပါကနေစရာနေရာမဲ့သွားမည်ဖြစ်သည်။ထိုခြံဝင်းသည် သေးငယ်သော်လည်း သူ့အတွက် ခနမျှသာဖြစ်သည်အားလီတျန်းမင်သိထားသည်။သူသာ မီးကောင်းကင်မြို့၌ကျင်းပသော မီးတောက်ဝါမျိုးဆက်ကျောင်းတော်ဝင်ခွင့်အားရသွားလျှင် မီးကောင်းကင်မြို့မှ ဝင့်ကြွားစွာ ထွက်ခွာနိုင်မည်ဖြစ်လေ၏။

……

ညအချိန်သို့ ရောက်လာလေသည်။

လီတျန်းမင်နှင့်ကြက်ပေါက်စနလေးတို့သည် ဝိဉာဥ်ကျောက်တံးများအားကြည့်နေကြသည်။ကြက်ပေါက်စနလေးမှ ဝိညာဥ်ကျောက်တုံးများအား စားမည်ဟု စပြောစဥ်က လီတျန်းမင်သည်မယုံခဲ့ပေချေ။
   
"ဒါတွေကဘာတွေလဲ "ကြက်ပေါက်စလေးသည် ဝိဉာဥ်ကျောက်တုံးများအပေါ်မှပုံစံအမှတ်များအားပြရင်းမေးလိုက်သည်။

"အဲ့တာတွေကကောင်းကင်ပုံစံအမှတ်တွေလေ"လီတျန်းမင်ဖြေလိုက်သည်။ ဝိညာဥ် ကျောက်တုံးတိုင်းတွင် အနီရောင်အကြောလေးများယှက်နွယ်နေသည်။၎င်းတို့သည် မည်သို့မျှဖယ်ထုတ်၍မရသဖြင့် ကောင်းကင်ပုံစံအမှတ်ဟုလူသိများလေ၏။

ဝိညာဥ်သတ္ထုရိုင်းများသည် မိုးနှင့်မြေအကြားရှိ စွမ်းအင်များထောင်စုနှစ်ပေါင်းများစွာကြာအောင်စုစည်းမှုမှဖြစ်လာခြင်းဖြစ်သည်။ကောင်းကင်ပုံစံအမှတ်ဟုခေါ်သည့်အရာများသည် ဝိညာဥ်သတ္ထုရိုင်းများတွင်သာရှိသည်။

ဝိညာဥ်ကျောက်တုံးများသည် ဝိညာဥ်သတ္ထုရိုင်းများမှ ဖြစ်ပေါ်လာသောပစ္စည်းများဖြစ်ကာ ဝိညာဥ်စွမ်းအင်များပါဝင်နေ၍ သားရဲသခင်နှင့်အသက်သားရဲ နှစ်မျိုးလုံးအတွက်အသုံးဝင်သည်။ဝိညာဥ်ကျောက်တုံးများသည် တစ်ခါတစ်ရံ သားရဲသခင်များအကြားတွင် ငွေကြေးအဖြစ်လည်းအသုံးပြုကြသည်။ ၎င်းတို့၏ တန်ကြေးကသာမန်ကျောက်တုံးများထက်သာလွန်ကြ၏။

စျေးကွက်အတွင်း၌လည်ပတ်နေသော ဝိညာဥ်ကျောက်တုံးများမှာ အမျိုးမျိုးရှိသည်။၎င်းတို့အနက်မှ ကြက်သွေးရောင်ဝိညာဥ်ကျောက်တုံးသည်မီးအမျိုးအစားဝိညာဥ်စွမ်းအင်ပါရှိကာ ဟင်္သာပြဒါးနိုင်ငံ၌ အများဆုံးတွေ့ရသည်။ထို့ပြင် စျေးကွက်၌ရွှေရောင်ဝိညာဥ်ကျောက်တုံး၊ မိုးကြိုးဝိညာဥ်ကျောက်တုံးတို့ကိုလဲ လဲလှယ်နိုင်ကာ ၎င်းတို့အား သက်ဆိုင်ရာကျင့်ကြံခြင်းအရင်းအမြစ်များအဖြစ် အသုံးပြုနိုင်သည်။

သားရဲခေတ်၏အရှင်သခင် Vol.1Opowieści tętniące życiem. Odkryj je teraz