Chapter(104)

315 36 0
                                    

အပြာရောင်နတ်ဆိုးမန္တာန်

လီတျန်းမင်သည်  ထိုပြင်းထန်သောတိုက်ခိုက်မှုအား ရှောင်ရှားရန် သူ၏မီးတောက်လျှပ်တစ်ပြက်အရိပ်အား အသုံးပြုကာ ဘေးဘက်သို့လှည့်လိုက်၏။ ထို့နောက် အတောင်ပံရှစ်ခုရွှေလင်းယုန်၏ခေါင်းအား အနက်ရောင်လက်ဖြင့် နွေဦးသုံးသွယ် ပထမရိုက်ချက်ဖြင့်ရိုက်ချလိုက်၏။

ကံမကောင်းစွာဖြင့်၊ ကြယ်ခုနစ်ပွင့်သားရဲသည် လျှင်မြန်သွက်လက်သောအကောင်ဖြစ်လေရာ လီတျန်းမင်၏တီုက်ခိုက်မှုအား ရှောင်ရှား၍  အခြားဝိညာဉ်စွမ်းရည်ဖြစ်သည့် ငရဲဓားသွားများအားအသုံးပြုလိုက်လေ၏။ ၎င်း၏ အတောင်ရှစ်ခုသည် ရုတ်တရက် ကြီးမားသောဓားသွားရှစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ လီတျန်းမင်အားတစ်ပြိုင်တည်းခုတ်ချလိုက်သည်။

"ရင်ဟောင်!"

သို့သော်လည်း လီတျန်းမင်ကိုသာအာရုံစိုက်နေခြင်းသည် ကောင်းသောနည်းလမ်းမဟုတ်နေချေ။ ထိုနောက် ရင်ဟောင်သည် တစ်နည်းနည်းဖြင့် ရွှေလင်းယုန်၏ ဦးခေါင်းပေါ်သို့ ရောက်လာကာ နွေဦးသုံးသွယ်ခြေသည်း သုံးချက်လုံးအားအသုံးပြုလိုက်လေ၏။  ကြက်ကလေးသည် ရှေးဟောင်းဆိုးသွမ်းသားရဲတစ်ကောင်၏မွေးရာပါ ရက်စက်ကြမ်းကြုတ်မှုအား ဖုံးကွယ်မထားနိုင်ပေ။ ဂရုဏာနှင့် ဂုဏ်သိက္ခာများသည် တိုက်ပွဲတစ်ခု၌ အဓိပ္ပါယ်မရှိတော့ချေ။ အားနည်းသောအချက်များသည် ကြက်ကလေး၏အကြိုက်ဆုံးပစ်မှတ်များဖြစ်သည်။ ရွှေလင်းယုန်သည်  ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးအား ရွှေရောင်အမွေးများဖြင့် ဖုံးအုပ်ထားသော်လည်း ၎င်း၏ဦးခေါင်း၌ အားနည်းချက်များရှိနေပေသည်။

ဤရုတ်တရက်ထိုးနှက်ချက်သည် မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာချိန်၌ ရွှေလင်းယုန်သည် လီတျန်းမင်နှင်တိုက်ခိုက်ရင်းအလုပ်များနေဆဲပင်။ ရွှေလင်းယုန်သည် ရင်ဟောင်၏တိုက်ခိုက်မှုများမှ ပြန်လည်ဆုတ်ခွာရန်ကြိုးစားလိုက်သည်။ သို့သော် တိုက်ခိုက်မှုတစ်ခုအား ရှောင်တိမ်းနိုင်သော်လည်း၊ သုံးခုစလုံးကိုမူ မရှောင်တိမ်းနိုင်တော့ချေ။ ထို့နောက် ကြက်ကလေး၏တတိယမြောက်တိုက်ခိုက်မှုသည် ရွှေလင်းယုန်၏မျတ်လုံးအား တိုက်ရိုက်ထိုးထောက်သွားလေတော့၏။ 

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora