Chapter(116)

296 39 3
                                    

ကြက်ကလေး၏ ဒုတိယမြောက်ဝိဉာဥ်စွမ်းရည်!

အကြိမ်ပေါင်းများစွာ ဘေးချင်းယှဉ်တိုက်ခိုက်ပြီးနောက် လီတျန်းမင်သည် ကြက်ကလေးနှင့်ကောင်းစွာ ပေါင်းစပ်တိုက်ခိုက်နိုင်ခဲ့သည်။ သူတို့၏ပြိုင်ဘက်သည် ရှေးဟောင်းစစ်မြေပြင်မှ သားရဲတစ်ကောင်ဖြစ်ကာ အထူးသဖြင့် တော်ဝင်နတ်သုဓ္ဒာကြောင့် ဤတိုက်ပွဲသည် အချိန်ဆွဲ၍မရချေ။ ထို့အပြင် ကျောက်စိမ်းအကြေးခွံလင်းယုန်၏ ဝိဉာဥ်စွမ်းရည်ဖြစ်သော မီးကျောက်စိမ်းချပ်ဝတ်ကလည်းအသက်ဝင်နေ​ချေပြီ။

"ငါတို့က သူ့ရဲဝိဉာဥ်စွမ်းရည်ကိုအရင်ဆုံးဖယ်ရှားဖို့လုပ်ရမယ်။ မဟုတ်ရင် ငါတို့ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"

"ဘယ်လိုလုပ်ကြမလဲ"

"မင်းရဲ့ ငရဲပေါက်ကွဲခြင်းကိုသုံးကြည့်"

ငရဲပေါက်ကွဲခြင်းသည် ကြက်ကလေး၏ ငရဲအရင်းအမြစ်မှမွေးဖွားလာကာ ၄င်းသည် ကျောက်စီမ်းအကြေးခွံလင်းယုန်၏ အစိမ်းရင့်ရောင်မီးတောက်များထက်သေချာပေါက် ကြောက်မက်ဖွယ်ကောင်းသော မီးတောက်တစ်ခုဖြစ်သည်။

လီတျန်းမင်စကားမဆုံးမှီ၌ပင် ကြက်ကလေးသည် မီးဖီးနစ်အားပါးစပ်မှ ထုတ်လွှတ်နေပြီဖြစ်လေ၏။ ထို့နောက် မီးဖီးနစ်သည် လင်းယုန်ငှက်ဆီသို့ ပြေးသွားကာ ခဏအကြာတွင် လေထုအလယ်၌ တွေ့ဆုံသွားကြသည်။ ကျောက်စိမ်းအကြေးခွံလင်းယုန်သည် မီးအထူးပြုသားရဲဖြစ်သောကြောင့် တူညီသောဒြပ်စင်၏တိုက်ခိုက်မှုအား တားဆီးရန်မလိုအပ်ပေ။

ထို့နောက်ပေါက်ကွဲသံနှင့်အတူ မီးဖီးနစ်သည် လေထုထဲ၌ ကွဲအက်သွားသည်။  သို့သော်လင်းယုန်အံ့အားသင့်သွားသည်မှာ ငရဲမီးအလွှာသည် ၎င်း၏ကိုယ်ထည်ပေါ်သို့ အုပ်မိသွားကာ ၎င်း၏မီးကျောက်စိမ်းချပ်ဝတ်အပေါ်၌ ကြက်သွေးရောင်အလွှာတစ်ခုအား ပေါင်းထည့်သွားခြင်းပင်။ လင်းယုန်ငှက်၏ပတ်ဝန်းကျင်မှ စိမ်းပြာရောင်သည် အနီရောင်ပြောင်းသွားကာ သူ့အားလွှမ်းခြုံထားသော မီးတောက်များသည် အမြင်အာရုံအချို့အား ပိတ်ဆို့သွားတော့သည်။ ငရဲပေါက်ကွဲခြင်းသည်  လင်းယုန်ငှက်အား ဒုက္ခမပေးနိုင်သေးသော်လည်း ၎င်းသည် မီးကျောက်စိမ်းချပ်ဝတ်အလွှာအားဖုံးအုပ်ထားသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ မီးကျောက်စိမ်းချပ်ဝတ်မှာပျောက်ကွယ်သွားမည်ဖြစ်လေ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Onde histórias criam vida. Descubra agora