သားရဲခေတ်၏အရှင်သခင် Chapter(10)

579 71 0
                                    

မီးတောက်ကောင်းကင်မြို့ကြီးတုန်ခါသွားစေရမယ်!

လီဇီဖန်းသည်ကြောက်နေရမည်လော။သူသည်သားရဲ့သွေးကြောအဆင့်ခုနှစ်သို့ပင်ရောက်နေကာ လွန်ခဲ့သောလေးနှစ်က လီတျန်းမင်ထက်ပင် ပို၍သန်မာနေသေးသည်။ထို့အချိန် လီဇီဖန်းသည် ရုတ်ချည်းလှုပ်ရှားလိုက်ကာ လီတျန်းမင်၏ နောက်စေ့အား လက်ဝါးဖြင့်ရိုက်ချလိုက်သည်။
      
သူတို့ညီအစ်ကိုနှစ်ယောက်သည် ကမ္ဘာခြားနေပြီဖြစ်သည်။ပိုပိုသာသာပြောရလျှင် လီတျန်းမင်၏တည်ရှိမှုသည် လေများ အလကားဖြစ်သွားရုံသာဖြစ်သည်။
     
"အဖေက ငါ့ရဲ့ပြတ်သားမှုကို သဘောကျလိမ့်မယ် "
      
ပရိတ်သတ်များကမူ တိုက်ခိုက်မှုအား အသက်ပင်မရှူနိုင်ပဲကြည့်နေကြသည်။
     
ထိုစဥ်လီတျန်းမင်က လီဇီဖန်း၏တိုက်ခိုက်မှုအား လက်ဝါးဖြင့်ပြန်ကာလိုက်သောကြောင့် သံချင်းထိခိုက်မိသံမျိုးထွက်လာသည်။

" ဒေါင် "

သာမာန်အခြေအနေ၌သာဆိုလျှင် လီတျန်းမင်၏ လက်သည် ကွဲကြေသွားပေလိမ့်မည်။သို့သော်လူတိုင်း၏ စိတ်ကူးအတွေးများထက်ကျော်လွန်ကာ လီဇီဖန်းသည် လီတျန်းမင်၏လက်ဖဝါးကြောင့် အနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရ၍ သူ၏လည်လည်းတုန်ခါသွားခဲ့သည်။ တိုက်ခိုက်စဥ်တုန်းက ရဲရဲနီနေခဲ့သော သူ၏လက်ဝါးမှာ ခရမ်းရောင်ပြောင်းသွားသည်။လီဇီဖန်းသည် သူ၏လက်အား တင်းတင်းဆုတ်ရင်း မေးလိုက်သည်။
      
"မင်းရဲ့လက်ကို သံနဲ့အုပ်ထားတာလား "လီဇီဖန်းကအံကြိတ်ကာမေးလိုက်၏။
     
လီတျန်မင်းက ပြန်ပြောလိုက်သည်။
      
" မင်းရဲ့လက်ကိုကအားပျော့နေတာပါကွာ "
      
"လျှို့ဝှက်ဆန်းကြယ်ချင်ယောင်ဆောင်မနေနဲ့ "လီဇီဖန်းမှာအစောပိုင်းအရေးနှိမ့်မှုကြောင့်စိုးရိမ်သွားသော်လည်း သူ၏သိချင်စိတ်အား ထိန်းမရပေ။
      
"ငါမင်းဆီကနေကို သားရဲကီကိုဘာလို့ခံစားမိနေတာလဲ။မင်းကသားရဲကီကိုမသုံးနိုင်တော့ဘူးမဟုတ်တော့ဘူးလား"
      
"ငါကအသက်သားရဲအသစ်နဲ့ သွေးပဋိဉာဥ်ချုပ်ခဲ့တယ်လေ။မင်းက ငါ့ဒီအတိုင်းလာအသေခံတယ်လို့ တကယ်ထင်နေတာတော့ မဟုတ်ပါဘူးနော်..အဟက်"

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora