Chapter(92)

354 47 2
                                    

ပြီးပြည့်စုံသောချိတ်ဆက်ခြင်း!

ဘုန်း!

မီးတောက်ဝါကျောက်တုံးသည် တုန်ခါသွားကာ အနက်ရောင် ကောင်းကင်ပုံစံများသည် ပုံစံတစ်မျိုးမျိုးအား ဖန်တီးရန် ကြိုးစားနေသကဲ့သို့ တွန့်လိမ်လာသည်။ 

မီးတောက်ဝါကျောက်တုန်း၏ ပြောင်းလဲမှုကြောင့် စေတီတစ်ခုလုံးမှာတုန်ခါသွားခဲ့လေ၏။ထိုသို့သော တုန်ခါမှုသည် လူများစွာအားဆွဲဆောင်နိုင်သော်လည်း လီတျန်းမင်ကဂရုစိုက်အားသေးချေ။

"လွှတ်လိုက်တော့"  ကြက်ကလေးကအော်လိုက်၏။  လီတျန်းမင်သည်လည်း ကျောက်တုံးထံမှ အကျိုးသက်ရောက်မှုများအား ခံစားနေရ၏။  အကယ်၍ အနက်ရောင်ဘယ်လက်ကြောင့်သာမဟုတ်ပါက ကျောက်တုံးအားထိရုံဖြင့် ဖြစ်ပေါ်လာသော လှိုင်းများအား ခံနိုင်ရည်ရှိမည်မဟုတ်ပဲ သူ၏လက်တစ်ခုလုံးမှာပေါက်ကွဲသွားမည်ဖြစ်လေ၏။

အန္တရာယ်များလွန်းသည်။ သူ၏လက်အား ကျောက်တုံးပေါ်၌ ကြာကြာကိုင်ထားလိုက်လျှင် သူ၏ထာဝရငရဲခန္ဓာကိုယ်ကားပေါက်ကွဲထွက်သွားစေကာ ကျန်းဖေးလင်လည်း ဒဏ်ရာရသွားမည်ဖြစ်လေ၏။

ကံကောင်းထောက်စွာဖြင့် အနက်ရောင်ဘယ်လက်သည် ထိခိုက်မှုမှန်သမျှအား စုပ်ယူနိုင်ကာ စွမ်းအင်လှိုင်းများအား ကျောက်တုံးနှင့်အဆက်အသွယ်ဖြက်၍ သူ့အသက်အားကယ်တင်နိုင်ခဲ့လေ၏။ ဤသည်မှာ လူနှစ်ယောက်နှင့် ကြက်တစ်ကောင်အား ထိတ်လန့်တုန်လှုပ်စေခဲ့သည့် ခံစားချက်တစ်ခုပင်။

"ငါခုနက ကောင်းကင်ပုံစံတွေကိုတွေ့ခဲ့ရပေမယ့် ဝိညာဉ်စွမ်းအင်မုန်တိုင်းကို မခံနိုင်ခဲ့ဘူး" ဟု လီတျန်းမင်ကပြောလိုက်၏။ 

“လင်အာလည်းမြင်လိုက်တယ်။ သူ့ရဲ့ ဝိညာဉ်စွမ်းအင်မှလွဲလို့ ဒီကျောက်တုံးထဲမှာ ဝှက်ထားတဲ့ တခြားလျှို့ဝှက်ချက်တွေ ရှိကိုရှိရမယ်” ​​ဟု ကျန်းဖေးလင်က သဘောတူခဲ့သည်။

“မဟုတ်ဘူး၊ ထပ်ထိရင် မင်းအသက်ရှင်နိုင်မှာ မဟုတ်လောက်ဘူး" ဟု ကြက်ကလေးက စိုးရိမ်တကြီးပြောသည်။

မှန်ပေ၏။ လီတျန်းမင်သည်လည်း သူ့အဆင့်တွင် မုန်တိုင်းအား ခံနိုင်ရည်မရှိမှန်း သိသည်။ ကျောက်တုံးကြီး၏ လျှို့ဝှက်ချက်များအား ရှာဖွေတွေ့ရှိရန် အချိန်မတန်သေးပုံပင်။

သားရဲခေတ်၏အရှင်သခင် Vol.1Onde histórias criam vida. Descubra agora