Chapter(78)

370 53 1
                                    

ခင်ဗျားကအဖေ့တစ်ယောက်ဖြစ်ဖို့မထိုက်တန်ဘူး!

လီတျန်းမင်မှ ထိုနာမည်အားပြောလိုက်သောအခါ ဝေ့အိမ်တော်တစ်ခုလုံးမှာပြောင်းလဲသွားခဲ့သည်။ ယခင်ကဝေ့အိမ်တော်သည် တိတ်ဆိတ်ငြိမ်သက်နေသော ရေကန်တစ်ခုဟုဆိုရလျှင် ယခုမူ အချိန်မရွေးပေါက်ကွဲထွက်လာနိုင်သည့် ကျောက်ရည်ပူများကဲ့သို့ဖြစ်နေလေ၏။

ဤအကြောင်းအားကြားသောအခါ ယခင်ကတည်းကသိပြီးသားဖြစ်သော ဒုသားရဲတွင်းသခင်မုယန်မှလွဲ၍ ကျန်ဝေ့မျိုးနွယ်စုများအာလုံးအံ့အားသင့်သွားခဲ့ရသည်။ ဤသည်မှာမုန်တိုင်းမတိုက်ခင် လေငြိမ်နေခြင်းမျိုးဟု လူတိုင်းသိနေ၏။ ဝေ့မျိုးနွယ်များအတွက် ဤနာမည်သည် လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကတည်းက ဝေ့တျန်းကန်အရှေ့၌ လုံးဝမပြောရသည့်တားမြစ်နာမည်တစ်ခုဖြစ်လာခဲ့သည်။ ပို၍ဆိုးသည်မှာ ထိုအမည်ပိုင်ရှင်၏သား လီတျန်းမင်က သူတို့၏အရှေ့၌ရောက်နေခြင်းပင်။ 

ဝေ့တျန်းရှုန်၊ ဝေ့ချင်းနှင့် ဝေ့ဇီခွန်းအပါအဝင် ဝေ့အိမ်တော်၏အဓိကလူများသည် မလှုပ်မယှက်ဖြစ်သွားခဲ့ကြသည်။ သူတို့၏ အတွေးများသည်လည်း အေးခဲသွားကာ ယခုအချိန်တွင်ဝေ့တျန်းကန်၏အမူအရာအား မကြည့်ဝံ့ကြတော့ချေ။

အထူးသဖြင့် ဝေ့ဇီခွန်းအတွက် ဒဏ္ဍာရီပုံပြင်တစ်ပုဒ်အား နားထောင်နေရသကဲ့သို့ခံစားနေရလေ၏။ မှန်ပေသည်။ လီတျန်းမင်၏ လွန်ခဲ့သည့်သုံးနှစ်က အဖြစ်အပျက်အား သူလည်းသိထားခဲ့သည်။ ထိုကိစ္စ၏တရားခံ လီတျန်းမင်က သူ၏တူလေးဖြစ်လိမ့်မည်ဟု အိပ်မက်ထဲပင် ထည့်မမက်ဖူးခဲ့ချေ။

ဝေ့ဂေါင်ဟောင်နှင့် ဝေ့လင်းရွှမ်ကဲ့သို့မျိုးဆက်များကမူ ထိုအချိန်က မည်သည့်အရာများဖြစ်ပျက်ခဲ့ကြောင်းမသိခဲ့ကြချေ။ သို့သော် ကြားတော့ကြားဖူးခဲ့ကြ၏။ သူတို့ဝေ့မျိုးနွယ်၌ မျိုးနွယ်စုအတွင်းမှနှင်ထုတ်ခံရသည့် အဒေါ်တစ်ယောက်ရှိသည်ဟုသာ ကြားဖူးလေ၏။

ဝေ့မျိုးနွယ်၏ အာဏာအရ ဝေ့ကျင်း၏တည်နေရာအား အလွယ်တကူရှာနိုင်သော်လည်း ဝေ့တျန်းကန်ကထိုသို့မလုပ်ရန် တင်းတင်းကြပ်ကြပ်တားမြစ်ခဲ့ပြီး မျိုးနွယ်အတွင်း၌ပင် ထိုနာမည်အား မပြောရန်တားမြစ်ထားသည်အထိ ရှောင်ကြဥ်ခဲ့ပေသည်။ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်က ဝေ့ကျင်းသည် ဝေ့တျန်းကန်၏စိတ်အပေါ် မည်မျှအထိသက်ရောက်မှုရှိခဲ့ကြောင်းသိနိုင်ပေ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Opowieści tętniące życiem. Odkryj je teraz