သားရဲခေတ်၏အရှင်သခင် Chapter(48)

426 47 0
                                    

လေပွေကြိုးကြာ

ဝင်ခွင့်စာမေးပွဲအား ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကာ မီးတောက်ဝါလေ့ကျင့်ကွင်းအတွင်း၌ တပည့်များကတိုက်ပွဲဝင်နေဆဲဖြစ်သည်။ ထိုပွဲများပြီးသည်နှင့် မီးတောက်ဝါမျိုးဆက်ကျောင်းတော်သည် အဆင့်စစ်ဆေးမှုများပြုလုပ်ရန် လုပ်စရာရှိသည်များအားလုပ်ဆောင်ရန် ရက်အနည်းအငယ်ခန့်အချိန်ယူရမည်ဖြစ်လေ၏။

လီတျန်းမင်းသည် အဆင့်စစ်ဆေးမှုအတွက် ပြင်ဆင်ရန် အချိန်အနည်းငယ်သာ ကျန်ရှိတော့၍ မုဝမ်၏နေရာမှ ထွက်လာသည်နှင့် တစ်ချိန်လုံးကျင့်ကြံရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။  တပည့်များ၏နေထိုင်ရာအိမ်ယာများအား နည်းပြချုပ်များကခွဲဝေပေးပြီးဖြစ်၍ သူလုပ်ရသည်မှာ အခန်းသော့အားသွားထုတ်ရန်သာဖြစ်သည်။ အခန်းသော့များအား ဖြန့်ဝေပေးသူမှာ သူ၏အတန်းဖော်ဟောင်းလင်ချင်ယုဖြစ်လေ၏။

"ဖန်ဇောင် ဘယ်ရောက်သွားလဲ" လီတျန်းမင်ကမေးလိုက်သည်။

“လေ့ကျင့်ကွင်းထဲမှာ သူ့တာဝန်တွေကရှိနေတုန်းပဲလေ။ ငါက နည်းပြမုဝမ်ကိုကူညီဖို့ဒီကိုရောက်နေတာ" ဟု ပြန်ဖြေလိုက်သည်။

"ဒါဆိုလည်း ငါ့အတွက်နေဖို့နေရာလေးလုပ်ပေးစမ်းပါအုံး" လီတျန်းမင်ကတောင်းဆိုလိုက်၏။

“ဟုတ်ပြီ"  လင်ချင်ယုက လီတျန်းမင်၏သော့အားပေးလိုက်သည်။  သူ၏နေရာမှာ တခြားသူများနှင့် တော်တော်လေးဝေးသည့်နေရာ၌ရှိနေသည်။

"နောက်မှတွေ့မယ်..ချင်ယုရေ" လီတျန်းမင်သည် ခင်ချင်ယုထံမှသော့အားယူကာ ထွက်ခွာသွားလေ၏။ ရိုးရိုးသားသားပြောရလျှင် သူ့အား မျှမျှတတ ဆက်ဆံခဲ့ကယ အနည်းဆုံးတော့ သူမသည် သူ၏ လက်ရှိအခြေအနေနှင့်ပင် သူ့အား အနိုင်ကျင့်ခဲ့ခြင်းမရှိချေ။

"တျန်းမင်"  မသွားခင် မိန်းကလေးက လှမ်းအော်လိုက်၏။

"အေး...ပြောလေ"  လီတျန်းမင်သည် သူ၏အတန်းဖော်ဟောင်းအား လှည့်ကြည့်လိုက်သည်။

"ဖန်ဇောင်က နင်အရင်ကပြောခဲ့တဲ့စကားတွေကြောင့် နင့်ကိုတော်တော်ဒေါသထွက်သွားတယ်။ သူကနောက်ကျရင် နင့်ကိုသွားရှာပြီးရိုက်မယ်ဆိုပြီးတောင်ပြောခဲ့တယ်။"ဟု လင်ချင်ယုကရှင်းပြလိုက်သည်။ "သူက ပြဿလာနာရှာရင် နင့်အခန်းထဲမှာပဲနေနော် ဒါမှမဟုတ် သူ့အကြောင်းကိုနည်းပြချုပ်ဆီပြောပြီးအကူအညီတောင်း"

သားရဲခေတ်၏အရှင်သခင် Vol.1Hikayelerin yaşadığı yer. Şimdi keşfedin