သားရဲခေတ်၏အရှင်သခင် Chapter(19)

507 62 0
                                    

မင်းသမီးရောက်လာခြင်း!

လီတျန်းမင်သည်တောတွင်းသို့ မီတာတစ်ရာခန့်ပြေးလွှားသွားပြီးနောက် အန္တရာယ်မှ လွတ်ပြီဟု တွေးလိုက်ချိန်မှာပင် တစ်စုံတစ်ခုနှင့်တိုးမိပြန်သည်။ ၎င်းမှာ ချင်အာနှင့်ကျန်းဖေးလင်ဖြစ်သည်။ သူမတို့နှင့် လီတျန်းမင်သည် ရေစက်ရှိနေပုံရသည်။
     
ချင်အာမှာလှပ၍ ပါရမီရှိကာ နာမည်ကျော်ကြားသည့် မိသားစုမှဖြစ်ရပေမည်။ သူမသွားသည့်နေရာတိုင်းတွင်လည်ယ သေချာပေါက် အာရုံစိုက်ခံရမည်သာ။ သို့သော်လည်း သူမနှင့်ကျန်းဖေးလင်အား အတူတွေ့မိတိုင်း လီတျန်းမင်၏ စိတ်အာရုံမှာ ကျန်းဖေးလင်ထံတွင်သာ ငြိတွယ်နေမိသည်။ သူ့အတွက်တော့ ကျန်းဖေးလင်မှာ နတ်မိမယ်ကဲ့သို့သော တည်ရှိမှုဟုသာပြောနိုင်လေ၏။
    
" သူတို့က လောင်မီးမြို့ကို မပြန်သေးဘူးလားဟ။ ဒီမှာ ဘာလုပ်နေတာလဲမသိဘူး " လီတျန်းမင် တွေးလိုက်မိသည်။ ပို၍အရေးကြီးသည်မှာ သူသည် လျှပ်စီးအိမ်တော်၏ အမဲလိုက်ခြင်းအား ခံနေရခြင်းကြောင့် သူမတို့ကိာပါ အန္တရာယ်ကျသွားနိုင်သည်။
     
" ရှင်းပြဖို့အချိန်မရှိဘူး။ ငါတို့ပြေးရမယ် "

လီတျန်းမင်သည် နှစ်ယောက်လုံးအား လက်တစ်ဖက်စီ၌ ပွေ့လိုက်သည်။ ချင်အာမှာပါရမီရှိသော်လည်း အရွယ်ရောက်ပြီးသား လူနှစ်ဦးနှင့်တော့ ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။
     
" ဘာလို့ ငါကတို့ပြေးရမှာလဲဟဲ့...ရပ်စမ်း " ချင်အာသည် သူမဆီသို့လှမ်းလာသော လီတျန်းမင်၏ လက်မောင်းအား ရှောင်ရင်း မျက်လုံးလှန်ကြည့်ကာ ပြောလိုက်သည်။
    
ထိုမိန်းကလေးနှစ်ဦးပေါ်လာခြင်းသည် လီတျန်းမင်၏ ထွက်ပြေးမှုအား နှောင့်နှေးသွားစေသဖြင့် သတ်လတ်ပိုင်းအရွယ် စုံတွဲမှာ လီတျန်မင်းအားမှီသွားလေ၏။
    
ထိုစုံတွဲမှာ ဒေါသများပွက်ပွက်ဆူအောင်ထွက်နေသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းက သူတို့၏သားအား အပြင်လူတစ်ဦးက ရိုက်နှက်သွားသည်ကို မြင်ခဲ့ရသည်။ သူတို့သည် ထိုလူအား ဆုံးမမည်အပြုတွင် မိန်းကလေးတစ်ဦးက ပိတ်ရပ်နေလေ၏။
    
" ချင်မင်းသမီးပါလား "
    
" နှုတ်ဆက်ပါတယ် ချင်မင်းသမီး။ ကျွန်တော်က လျှပ်စီးအိမ်တော်က ကျန်းချုံပါ။ ဒါကတော့ ကျွန်တော့်ရဲ့ ဇနီးပါခင်ဗျာ။ မင်းသမီးကို ဒီလိုနေရာမျိုးမှာတွေ့ရတာ ဂုဏ်ယူမိပါတယ်။ " သက်လတ်ပိုင်းအရွယ်လူမှာ ခေါင်းအားငုံ့၍ တတ်နိုင်သမျှ နှိမ့်ချကာဆို၏။
    
" မင်းသမီးဆိုပါလား " လီတျန်းမင်တုန်လှုပ်သွားသည်။ ဟင်္သာပြဒါးတိုင်းပြည်၌ လူတစ်မျိုးကိုသာ မင်းသမီးဟုနာမည်တပ်ခေါ်ရသည်။ ၎င်းသည် နိုင်ငံအုပ်ချုပ်သူဘုရင်၏ သမီးတော်ပင်ဖြစ်၏။ လီတျန်းမင်မှာ ချင်အာအား မိသားစုကြီးတစ်ခုမှဟု ထင်ထားသော်လည်း နိုင်ငံအား အုပ်ချုပ်နေသည့် ဟင်္သာငှက်ကလန်မှဟူ၍ထင်မထားခဲ့ချေ။ လွန်ခဲ့သည့် သုံးနှစ်က သူ့အနေဖြင့် မီးတောက်ဝါမျိုးဆက်ကျောင်းတော်၏ တပည့်တစ်ဦးအဆင့်နှင့်တောင်မှ မင်းသမီးအားတွေ့ရန်အခွင့်ရှိမည်မဟုတ်ချေ။

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now