သားရဲခေတ်၏အရှင်သခင် Chapter(11)

588 72 0
                                    

ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ..အစ်ကိုကြီး!

သိမ်မွေ့လေညင်းအဆောက်အအုံ၏ထိပ်၌ထိုင်နေသူတိုင်းတုန်လှုပ်သွားကြသည်။လူတိုင်းမှာ မျက်လုံးများပြူးနေကြ၍ မျက်လုံးများတွင်လည်း မယုံကြည်နိုင်ဟန်များ အထင်းသားပေါ်နေသည်။
     
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ လီတျန်းမင်က သူ့ရဲ့သားရဲကီကို ဆုံးရှုံးသွားပြီးမဟုတ်ဘူးလား။ "
     
" သုံးနှစ်ဆိုတာက သားရဲသခင်တစ်ယောက်ကိုဘဝပျက်သွားစေနိုင်တဲ့ဟာကို"
     
"ပြီးတော့ ဇီဖန်းကလည်း သားရဲသွေးကြောအဆင့်ခုနှစ်မှာလေ "
      
"လီတျန်းမင်က ညစ်ပတ်တဲ့လှည့်ကွက်တွေများသုံးလိုက်တာလား " မဒမ်မို၏မျက်နှာ တင်းမာသွားသည်။
       
မီးတောက်ကောင်းကင်မြို့၏ဟာသကောင်၊ကောင်းတာတစ်ခုမှမရှိတော့သည့်လီတျန်းမင်သည် လီဇီဖန်းအားအနိုင်ယူလိုက်သည်လော။ထို့ကြောင့် ယနေ့လီတျန်းမင်၏ထွက်ပေါ်လာမှုသည်ဟာသမဟုတ်နေချေ။လီတျန်းမင် ပြန်လည်ကောင်းမွန်လာသည်အား သိနေသည့် မဒမ်ဟွမ်ကမူ ပါးစပ်အဟောင်းသားဖြစ်နေသည်။
     
လီရွှယ်ကျောင်းသည်လည်း သူမ၏ အံသြနေမှုအား မထိန်းချုပ်နိုင်ခဲ့ချေ။သူမသည် သူမ၏ဒုတိယအကိုအား သူမအတွက် လီတျန်မင်းကိုဆုံးမပေးစေချင်နေခြင်းဖြစ်သော်လည်း ပြောင်းပြန်ဖြစ်သွားခဲ့သည်။
    
"အိုး၊စိတ်ဝင်စားစရာပဲ။ သူကပြန်ကောင်းလာတာကို တစ်ချိန်လုံးဖုံးကွယ်ထားခဲ့တာနေမယ် "လျူချင်း၏ နှုတ်ခမ်းထောင့်စွန်းများက တွန့်ကွေးသွားသည်။
      
"သူက သူ့ရဲ့သားရဲကီတွေ ဆုံးရှုံ​တာကနေ ကာကွယ်နိုင်အောင် အသတ်သားရဲအသစ်ကို ရှာနိုင်ခဲ့တာဖြစ်မယ်။ဆိုးတာက သူရှာတွေ့ခဲ့တဲ့အသတ်သားရဲက အရမ်းအဆင့်နိမ့်နေပြီ ကြယ်တစ်ပွင့်ပဲရှိတာကြောင့်  သူ သားရဲသွေးကြောအဆင့်ကနေ ဘယ်တော့မှတက်နိုင်မှာမဟုတ်ဘူး။"

ပြောင်းလဲသွားသည့် အဖြစ်အပျက်များသည် လီရန်ဖန်းကိုပါတုန်လှုပ်သွားစေသည်။သို့သော်လည်း သူသည် အဖြစ် အပျက်များအားချက်ခြင်းပင်မှန်းဆလိုက်သည်။လီတျန်းမင်သည် မီးတောက်ကောင်းကင်မြို့သို့ပြန်မလာခင်အသတ်သားရဲအသစ်အားရှာတွေ့ခဲ့၍ နည်းစနစ်တစ်ခုခုအား သုံးကာ သူ၏သားရဲကီများဆုံးရှုံးခြင်းမှ ကာကွယ်ရန် ကြိုးစားခဲ့ခြင်းဖြစ်ပေလိမ့်မည်။
      
သို့သော်လည်း မီးတောက်ကောင်းကင်မြို့ရှိလူများကမူဘာမှမတွေးနိုင်သဖြင့် လီတျန်းမင်တို့ ညီအကိုနှစ်ယောက်အား ငေး၍သာကြည့်နေကြသည်။ရလဒ်အနေဖြင့် ရှုံးနိမ့်သွားရသောလီဇီဖန်းမှာ ရူးသွပ်လုနီးပါးဖြစ်သွားသည်။
     
လီဇီဖန်း၏ မျက်နှာမှာရှုံ့တွနေကာ သူ၏ဓားအားဆွဲထုတ်လိုက်သည်။၎င်းသည် သံမဏိဓားတစ်ချောင်းဖြစ်ကာ အဆင့်မြင့်သတ္ထုရိုင်းများ၊အသတ်သားရဲ၏သွေးများဖြင့် ရောစပ်ကာပြုလုပ်ထားခြင်းဖြစ်သည်။ထိုကဲ့သို့ လက်နက်မျိုးအား နတ်သားရဲလက်နက်ဟုခေါ်ကာ သာမာန်လက်နက်များထက် ပို၍ စွမ်းအားကြီးကြသည်။အထူးသဖြင့် သားရဲသခင်များ၏ လက်ထဲတွင်ဖြစ်သည်။
     
"ဒီသံမဏိဓားပြာကမင်းရဲ့သွေးကို မသောက်ရသေးဘူး"လီဇီဖန်းသည် လီတျန်းမင်အား ပြောလိုက်သည်။သူသည် ရန်သူအား အထင်သေးခဲ့သဖြင့် အရေးနိမ့်ခဲ့ရသောကြောင့် ထပ်မံအထင်သေးတော့မည်မဟုတ်ပေ။
     
"ငါရဲ့ကြက်သွေးရောင်သွေးဓားမြောင်ကလဲ ညီအစ်ကိုချင်းရဲ့သွေးကိုသောက်ဖို့လုပ်ထားတာမဟုတ်ဘူး။ဒါပေမယ့်အရာအားလုံးက ထင်ထားသလိုဖြစ်မလာတတ်ဘူးလေ"လီတျန်းမင်သည် သူ၏အင်္ကျီလက်စထဲမှအနီရောင်ဓားမြောင်တစ်ခုအား ထုတ်ယူလိုက်သည်။၎င်းသည်ဆယ့်ငါးစင်တီမီတာရှည်လျား၍ သူ၏ လက်ညှိုးတစ်ချောင်းခန့်အသွားရှိကာ ဓား၏ ကိုယ်ထည်တစ်ခုလုံးမှာသွေးရောင်နီရဲနေသည်။ ၎င်းသည် အဆိပ်ပြင်းမြွေတစ်ကောင်၏ အစွယ်နှင့်ပင်တူနေသေးသည်။
   
လက်နက်ခြင်းယှဥ်ပါက လီတျန်မင်း၏ ဓားမြောင်မှာလီဇီဖန်း၏ သံမဏိဓားပြာနှင့်အတူတူပင်ဖြစ်သည်။ထိုလက်နက်သည် လီတျန်းမင်နှင့်အချိန်အကြာကြီးအတူရှိနေခဲ့ကာ သူ၏သတ်ဖြတ်ခြင်းလက်နက်လည်းဖြစ်သည်။မည်သူက ညီအစ်ကိုချင်းဓားများအားထုတ်၍တိုက်ခိုက်သတ်ဖြတ်ရမည်ဟုထင်ထားမည်နည်း။
     
"မင်းဘာလို့ ဒီနေရာမှာလာအရှက်အကွဲ ခံနေတာလဲ။မင်းရဲ့ကြယ်တစ်ပွင့်အသက်သားရဲနဲ့ဆိုမင်းရဲ့ကျင့်ကြံအဆင့်က သားရဲရပ်တန့်နေတော့မှာ။ငါသာ မီးတောက်ဝါအမိန့်ကိုရသွားရင် မြို့ကနေထွက်သွားပြီး မင်းထက်ပိုပြီးစွမ်းအားကြီးလာမှာကွ။ မင်းကလည်း ငါ့ရဲ့ခြေထောက်အောက်မှာ နေရမှာပဲ "
      
ထိုသို့ပြောရင်း လီဇီဖန်းသည် သူ၏ သံမဏိဓားပြာအား ခုတ်ယမ်းလိုက်ရင်း သူ၏ခြေလှမ်းများကအရှိန်မြန်လာသည်။ ၎င်းက လေစီးနှင်းခြင်းခြေလှမ်းဖြစ်ကာ သူ၏ ပေါ့ပါးသွက်လက်မှုအား မြှင့်တင်ပေးနိုင်သော အလယ်အလတ်အဆင့် တိုက်ပွဲဝင်နည်းစနစ်ဖြစ်သည်။ သို့သော်လည်း ၎င်းသည် သူ၏ ဓားပညာနှင့် ယှဥ်လျှင်တော့ နိမ့်ကျနေသေးသည်။ သူသည် လီအိမ်တော်၏ ဓားမီးမုန်တိုင်း အမည်ရှိ အဆင့်မြင့်တိုက်ပွဲဝင်ပညာဖြင့် သူ၏ဓားအားခုတ်ယမ်းနေသည်။
    
ဓားမီးမုန်တိုင်းသည် လေပြင်းတစ်ခုအားဖန်တီးလိုက်ကာ လေပြင်းထဲ၌ ဓားအားဝှက်ထားကာ လီတျန်းမင်ဆီသို့ ခုတ်ချလာသည်။ထိုအချိန်ထဲမှာပင် ခရမ်းရောင်မျတ်လုံးငှက်ကလည်း အတောင်မီးမုန်တိုင်းအား  သုံး၍ သူ၏အတောင်ကြီးများဖြင့် လေပြင်းများအားဖန်တီးလိုက်သည်။ယခုအချိန်၌ ထိုအတော်ပံများသည် ဓားသဖွယ်ဖြစ်နေကာ ကြက်ကလေးဆီသို့ဝင်လာသည်။
       
" သေလိုက်စမ်း " လီဇီဖန်းက အော်လိုက်သည်။
     
သူ၏ဓားသည် အရပ်မျက်နှာအမျိုးမျိုးသို့ ခုတ်ယမ်းနေကာ လီတျန်းမင်၏ ပတ်ပတ်လည်တွင် မီးတောက်များဖြစ်လာစေသည်။မီးကတော့ကြီးသည် လီတျန်းမင်အား ဝါးမျိုနေကာ ပြင်းထန်၍ပြန့်ကျဲနေသောဓားကီများသည် လီတျန်မင်းအား ဆုတ်ဖြဲတော့မည်ဖြစ်သည်။
    
ဤတိုက်ခိုက်မှုသည် လီဇီဖန်း၏ အစစ်အမှန်ခွန်အားကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည််။ထိုတိုက်ခိုက်မှုအား သားရဲသွေးကြောအဆင့်ခုနှစ်အောက်ရှိ မည်သူမဆိုခုခံနိုင်မည်မဟုတ်ချေ။ဓားမီးမုန်တိုင်းတစ်ခုတည်းကပင် လူတစ်ဦးအား ပြာကျအောင်လောင်ကျွမ်းစေနိုင်စွမ်းရှိသည်။
    
"လီတျန်မင်၊မင်းမသေသေးဘူးလား။ မင်းက ဟိုအရင်ကတည်းသေရမယ့် ခွေးလေခွေးလွင့်ကောင်ပဲကွ။မင်းလိုကောင်မျိုးကသေကိုသေရမယ့်ကောင်။ငါ့ကိုလာပြီးခြောက်မနေနဲ့ "လီဇီဖန်းသည် ရူးသွပ်သွားပြီဖြစ်လေ၏။
    
ဓားမီးမုန်တိုင်း၏ ဝါးမြိုခြင်းအားခံနေရသည့် လီတျန်းမင်အားယုံကြည်ချက်ရှိစွာဖြင့် ကြည့်နေသည့်လီဇီဖန်းသည် ရုတ်တစ်ရက် ကြောက်လန့်သွားသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Hikayelerin yaşadığı yer. Şimdi keşfedin