သားရဲခေတ်၏အရှင်သခင် Chapter(31)

482 64 0
                                    

အဓိကတပည့်!

"အခု သူ့ကိုလွှတ်ပေးလိုက်တော့" လျူချင်းသည် လျူချင်းယန်ခံစားနေရသည်များအားကြည့်ရုံနှင့်ပင် သူမ၏နှလုံးသားမှာတဆစ်ဆစ်ဖြင့်နာကျင်နေရလေ၏။ လီတျန်းမင်ကမူ လျူချင်သည် လျူချင်ယန်အတပ်မက်ဆုံးမိန်းမဖြစ်သည်အားသိနေ၍ မပြုံးပဲမနေနိုင်တော့ချေ။ 

"အေးဆေးပေါ့ဗျာ။ လျှပ်စီးအိမ်တော်က မိတ်ဆွေတွေကို ကျုပ်ကတစ်ခုမေးရအုံးမယ်။ ခင်ဗျားတို့ရဲ့စည်းမျဥ်းစည်းကမ်းတွေအတိုင်းပဲ ခင်ဗျားတို့အိမ်တော်ကဟာတွေကိုကျုပ်တွယ်ပြီးပြီ။ အဲ့တော့ ချင်မင်းသမီးရဲ့မိတ်ဆွေတစ်ဖြစ်လဲကျုပ်က နတ်သုဒ္ဓါကိုပိုင်သွားပြီမလား"

လီတျန်းမင်သည် အမှန်တကယ်ပင် ရူးသွပ်နေသော နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။သူ၏ လုပ်ရပ်များသည်မှန်းဆ၍မရချေ။ ယခုလီကျန်းမင်းအား လီချင်းယန်ပင်မပြောနှင့် လီချင်းယန်ထက်စီနီယာကျသူများပင်အနိုင်ယူနိုင်မည်ဟု ကျိန်းသေပေါက်အာမမခံရဲချေ။

လျူချင်းသည် အံကြိတ်လိုက်ကာ "နတ်သုဒ္ဒါကို နင်ပိုင်သွားပါပြီ"

"ကောင်းတယ်။ ခင်ဗျားတို့နောက်မှ အခုတစ်မျိုးကွယ်ရာတစ်မျိုးလာမလုပ်ကြနဲ့နော်။ ခင်ဗျားလည်းမျတ်နှာပျက်ရတာများနေပြီမလား" လီတျန်းမင်၏ အသံသည် ကျယ်လောင်ပြတ်သားနေကာ မြို့တွင်း ၌ပဲ့တင်ထပ်နေလေသည်။

"ကဲ...တော်လောက်ပြီ။ သူ့ကိုလွှတ်လိုက်ပါ။"  လီရန်ဖန်းသည် သူ၏စိတ်အားအတော်ပင်ဆွဲဆန့်ထားရလေ၏။ လီတျန်းမင်ကြောင့် သူအတော်ပင်မျတ်နှာပျက်သွားရသည်မဟုတ်လော။

"မဟုတ်ဘူး။ မဟုတ်ဘူး။ ကျန်သေးတယ်။ အဲ့ဒါကကိုယ်ရေးကိုယ်တာကိစ္စပါ။"  လီတျန်းမင်က ပြုံးရင်ပြောလိုက်သည်။

"ရောလွန်းလို့ ကန်းတက်မလာနဲ့ငါ့ကောင်။ ချင်မင်းသမီးက မင်းကိုရွှတ်ကနဲလာကယ်နိုင်တာမဟုတ်ဘူးနော်"

လီရန်ဖန်းသည် စကားလုံးများအား တစ်လုံးပြီးတစ်လုံးသေချာပြောလိုက်သည်။ သူ၏အော်ရာများအားသုံးကာ လီတျန်းမင်အားဖိနှိပ်ချင်သော်လည်း လီတျန်းမင်ကမူ သူ၏အော်ရာများအားဂရုပင်မစိုက်ချေ။  

သားရဲခေတ်၏အရှင်သခင် Vol.1Hikayelerin yaşadığı yer. Şimdi keşfedin