Chapter(168) A

256 29 0
                                    

ဓားတစ်ချက်ကလုံလောက်နေပြီ

"မင်းလား" ဝေ့ဇီခွန်းသည် သူ၏ပထမဆုံးပြိုင်ဘက်အားမြင်သောအခါတွင် သူ၏မကျေမနပ်ဖြစ်မှုများအား အပြည့်အဝမပြတော့ပဲ ပြုံးနေလိုက်သည်။  သူ၏ပြိုင်ဘက်အားလုံး၌ သူအထင်မကြီးဆုံးသူမှာ လီယန်ဖန်းဖြစ်လေ၏။ ထိုလူသည် ဝါးဆစ်အမြှောက်ကဲ့သို့ အသံသာကျယ်၍ သုံးစားမရသောသူပင်။ လျှပ်စီးအိမ်တော်သည် ထိုလူအားပထမဆုံးသေဆုံးသူအဖြစ် မလွှတ်ခဲ့သည်ကပင် အံ့သြစရာဖြစ်နေပြီဖြစ်သည်။

"မင်းကအခုမှကောင်းကင်စိတ်ဆန္ဒအဆင့်ကိုရောက်တာမလား" ဝေ့ဇီခွန်းက ရယ်မောလိုက်သည်။

လီယန်ဖန်းသည် စကားတစ်ခွန်းမှ မပြောဘဲ သူ၏ဓားအား ဝေ့ဇီခွန်းထံသို့ ညွှန်ပြလိုက်သည်။ လေ့ကျင့်ကွင်းတစ်ခုလုံးသည် ထိုလုပ်ရပ်ကြောင့် ရုတ်ရုတ်သဲသဲဖြစ် လီတျန်းမင်နှင့်ဝေ့ကျင်းတို့အား ဝိုင်းကြည့်နေကြလေ၏။ လီယန်ဖန်းနှင့်ဝေ့မျိုးနွယ်တို့၏ဇာတ်လမ်းများသည် ရှုပ်ထွေးကာ ပြော၍ကောင်းသောအရာများမဟုတ်ချေ။

"ဟဲဟဲ ဝေ့တျန်းကန်ရဲ့သားနဲ့ သူ့ရဲ့အသိအမှတ်မပြုတဲ့သမတ်တို့ရဲ့ပွဲပဲကွ"

"လီယန်ဖန်းဟာ ​​နောက်ဆုံးမှာ သူ့ကိုယ်သူ သက်သေပြဖို့ အခွင့်အရေးရလာပြီပေါ့"

ဤကဲ့သို့သော ဇာတ်လမ်းများနှင့် ပဋိပက္ခများသည် တိုက်ပွဲအား ကြည့်ရှုရန် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းစေသည်မှာ သေချာသည်။ လီယန်ဖန်း၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေကာ ဝေ့ဇီခွန်းအား မုန်တိုင်းတိမ်တိုက်များကဲ့သို့ သတ်ပစ်ရန် ကြံရွယ်ထားသည်။

ထို့နောက် နှင်းကဲ့သို့ ဖြူဖွေးနေသော ငှက်ကြီးတစ်ကောင်သည် ကောင်းကင်သို့ ပျံတက်သွားလေ၏။ ၎င်း၏အတောင်ပံအားခက်လိုက်သောအခါ အဖြူရောင်မီးတောက်များသည် သားရဲ၏တစ်ဝိုက်တွင် ထွက်ပေါ်လာကာ လေ့ကျင့်ကွင်းတစ်ခုလုံးသည် ပူနွေးသွားလေ၏။

"ဒါက အဆင့်မြင့်ကြယ်ခုနစ်ပွင့် သားရဲ၊ အဖြူရောင်မီးတောက်မျတ်ဆံလေးခုငှက်!"

ငှက်ကြီးသည် မျက်လုံးနှစ်လုံးသာရှိသော်လည်း သူ၏မျက်လုံးတစ်ဖက်စီ၌ မျတ်ဆံနှစ်ခုစီရှိသောကြောင့် ကြည့်မိသူတိုင်းအား  သွေးအေးပြီး ချောက်ချားစေလေ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Onde histórias criam vida. Descubra agora