သားရဲခေတ်၏အရှင်သခင် Chapter(23)

492 59 0
                                    

အန္တရာယ်အလယ်၌တွေ့ရှိရသော ကံကောင်းမှု!

နှစ်ယောက်သား ကိုယ်တိုင်ဝင်လှုပ်ရှားရန် ပြင်လိုက်သည့်အချိန်တွင် လီတျန်းမင်၏ လက်ထဲ၌ ကျောက်စိမ်းပြားတစ်ပြားပေါ်လာသည်။
     
" ဒါက တော်ဝင်မျိုးနွယ်စုရဲ့ကျောက်စိမ်းပြားမဟုတ်လား။ အစိမ်းရောင်ဟင်္သာငှက်ကချင်မင်းသမီးကို ကိုယ်စားပြုတယ် "

ကျန်းတာအိုအံသြသွားသည်။ လီတျန်းမင်လည်း ကျောက်စိမ်းပြားအား တစ်ခါမှမကြည့်ဘူးသဖြင့် ကြည့်လိုက်ရာ အမှန်ပင် အစိမ်းရောင်ဟင်္သာငှက်ပုံ ဖြစ်ကြောင်းတွေ့လိုက်ရသည်။ ဟင်္သာငှက်များသည် တော်ဝင်အသက်သားရဲများဖြစ်ကြကာ အနိမ့်ဆုံး ကြယ်ခြောက်ပွင့်အဆင့်ရှိကြသည်။
     
" ကျုပ်က ချင်မင်းသမီးရဲ့ လက်အောက်ငယ်သားပဲ။ ကျုပ်ဒီ နတ်သုဒ္ဓါကိုယူသွားမယ် အဆင်ပြေလား "

သူ့အား မည်သူမှန်းမသိကြသဖြင့် လီတျန်းမင်သည် လှည့်ဖြားလိုက်၏။ ၎င်းမှာထိရောက်သွားသည်။ ချင်မင်းသမီး၏ လက်အောက်ငယ်သားဟူသည့် နောက်ခံမှာ ဒေသခံတောသားနှင့်ကွားခြားလှသည် မဟုတ်လော။
    
" ဒါက မင်းရဲ့နောက်ခံအင်အားပေါ့" ကျန်းတာအိုအံကြိတ်ရင်းပြောလိုက်သော်လည်း သူ၏မျက်လုံးများကမူ မသေချာမရေရာ ဖြစ်နေသည်အား ဖော်ပြနေသည်။
     
" ကျုပ်ခင်ဗျားမျက်နှာကို မှတ်ထားမယ်။ ကျုပ်ဆီက နတ်သုဒ္ဓါကို လုသွားရင် လောင်မီးမြို့ကျရင် ခင်ဗျားဘာဖြစ်သွားမလဲသိရမှာပေါ့ " လီတျန်းမင် ခြိမ်းခြောက်လိုက်သည်။
      
" လူငယ်လေး...ငါကဟာသပြောနေတာပါ။ လျှပ်စီးအိမ်တော်က ဒါမျိုးဘယ်လိုလုပ်ရဲမှာလဲ။ ဒါနဲ့ လူငယ်လေးရဲ့ဖခင် အကြောင်းသိလို့ရမလား "
       
" ခင်ဗျားကျိန်းသေသိမှာပါ။ သူကဆရာကြီးပဲလေ "
     
" ဘယ်ကကျွမ်းကျင်သူလဲ "
     
" မှန်းကြည့်လေ " လီတျန်းမင်သည် သူ၏လက်ထဲမှ ကျောက်စိမ်းပြားအား ဝှေ့ယမ်းပြလိုက်ကာ ကျန်းယိလင်အားပြောလိုက်သည်။

" မိန်းကလေးတွေက သတ်ရဖြတ်ရ တိုက်ခိုက်ရတာကိုမကြိုက်သင့်ဘူး။ ကြမ်းလည်းမကြမ်းတမ်းသင့်ဘူး။ ကျော်မကောင်းကြားမကောင်းနဲ့ "
     
ကျန်းယိလင်မှာ မျက်နှာဖြူသွား၍ ဒေါသထွက်သွားသော်လည်း အသံမထွက်ရဲချေ။ သူ့အဖေပင် ထိုကျောက်စိမ်းပြားအား ကြောက်နေသည်မဟုတ်လော။
    
" ကဲ..သွားပြီနော် " လီတျန်းမင်သည် နတ်သုဒ္ဓါအား ယူ၍ထွက်သွားလိုက်သည်။
    
" အဖေ...သူ့ကိုလွတ်ပေးလို့ မဖြစ်ဘူးလေ။ သူကကျောက်စိမ်းပြားကို တစ်နေရာက ကောက်လာတာဆို ဘယ်လိုလုပ်လဲ " ကျန်းယိလင်က ပြောလိုက်သည်။
   
" မဖြစ်နိုင်ဘူး။ ချင်မင်းသမီးက ဒါမျိုးကို ဘယ်တော့မှမပျောက်ဘူး။ သူတန်ဖိုးထားတဲ့ငယ်သားမို့လို့ တော်ဝင်ကလန်ရဲ့ ကျောက်စိမ်းပြားကိုချီးမြှင့်ထားတာ။ ပြီးတော့ ဒီကောင်လေးက အစကတည်းက ငါတို့ကို ကြောက်မှမနေပဲ။ အဲ့တာက သူ့နောက်ခံက သေချာနေတာကို ပြနေတာပဲလေ "
    
" သမီးတို့ရဲ့ နတ်သုဒ္ဓါကို ဒီတိုင်းပေးလိုက်လို့မရဘူးလေ "
     
" ဘာလုပ်လို့ရမှာလဲသမီးရယ်။ လွှသွားကျောပြင်မိကျောင်းဆီက နတ်သုဒ္ဓါကို လုယူလာတာက သူပဲဟာကို "

သားရဲခေတ်၏အရှင်သခင် Vol.1Dove le storie prendono vita. Scoprilo ora