Chapter(128)

262 35 1
                                    

လူငါးယောက်ကိုသတ်ပြီးပြီ!

နဂါးများနှင့် ဖီးနစ်များသည် ဒဏ္ဍာရီများတွင်သာ ပေါ်ထွန်းခဲ့သည်။ ထိုသားရဲများထဲမှအားနည်းဆုံးပင်လျှင် ထိပ်တန်းသားရဲများဖြစ်ပေလိမ့်မည်။ 

မီးရှူးနဂါးသည် နဂါးနိုင်ငံဟု လူသိများသော်လည်း ၎င်းတို့တွင် နဂါးအစစ် တစ်ကောင်မျှပင်မရှိပေ။ ဟင်္သါပြဒါးနိုင်ငံကမူ နိုင်ငံ၏နာမည်၌ ဖီးနစ်ဟူသောအမည်ပင်မပါချေ။ 

လီတျန်းမင်သည် ကျိချင်းယန်၏မီးတောင်ဖွတ်ကဲ့သို့သော မီးရှူးနဂါးနိုင်ငံ၏ နဂါးအမျိုးအစားသားရဲအားမြင်ဖူးထားသည်။  သို့သော် ထို အဆင့်နိမ့်ကြယ်ခုနစ်ပွင့်အသက်သားရဲများသည် အရွယ်ရောက်လာလျှင်ပင် သွေးမျိုးဆက်နိမ့်ကျသော နဂါးများသာဖြစ်လာမည်ဖြစ်လေ၏။ သို့သော် သူ၏အရှေ့မှ မိန်းကလေး၏ အသက်သားရဲမှာ နဂါးအစစ်နှင့် ပိုတူသည်။  ၎င်းသည် မီးတောင်ဖွတ်ထက်ပင်ကြီးမားကာ ၄င်း၏အကြေးခွံများသည် အဖြူနှင့်အပြာရော၍ အလွန်သန့်ရှင်းမွန်မြတ်သော ပုံစံဖြစ်နေလေ၏။

၎င်း၏ရှည်လျားသွယ်လျသောကိုယ်ထည်၊ ဓားသွားကဲ့သို့သော သွားများနှင့်ခြေသည်းများ၊ ၎င်း၏ခန္ဓာကိုယ်မှ စီတန်းထားသော အကြေးခွံများသည် ၎င်းအား စစ်မှန်သောနဂါး၏ပုံသဏ္ဍာန်ဖြစ်လာစေသည်။ နဂါးပုံသဏ္ဍာန်နှင့်မကိုက်ညီသည့်တစ်ခုတည်းသောအရာမှာ ၄င်း၏ဦးချိုမရှိခြင်းပင်။ 

“အစ်ကိုကြီး၊ အဲ့ဒါက အဆင့်မြင့်ကြယ်ခုနစ်ပွင့်အသက်သားရဲ နှင်းမုန်တိုင်းနဂါးပဲ။  သူက မုန်တိုင်းနဲ့ရေခဲဒြပ်စင်သားရဲပဲ။ နဂါးအစစ်အမှန်တော့မဟုတ်ဘူး" ကျန်းဖေးလင်သည် မုယန်မှပေးထားသောအချက်အလက်များအရ သူမတို့၏စွမ်းအားအကြီးဆုံးပြိုင်ဘက်မှာ အလယ်အလက်အဆင့်ကြယ်ခုနှစ်ပွင့်သားရဲသာဖြစ်ကြောင်းသာသိရှိထားသောကြောင့် တုန်လှုပ်သွားခဲ့လေ၏။

မီးတောင်ဖွတ်နှင့် နှင်းမုန်တိုင်းနဂါးတို့သည် မတူညီပါချေ။ တစ်မျိုးသည် တွားသွားသတ္တဝာဖြစ်ကာ တစ်မျိုးမှာနဂါးမျိုးစိတ်ဖြစ်လေ၏။ ရှေးယခင်က မြွေများဖြစ်ခဲ့သော်လည်း အထွတ်အထိပ်သွေးမျိုးဆက်များပိုင်ဆိုင်လာကာ ကောင်းကင်ယံ၌ပျံသန်းလာနိုင်ကြ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now