Chapter(155)

266 33 0
                                    

မင်္ဂလာဆောင်ဖိတ်စာ

"ကောင်းကင်ပျက်သုဥ်းခြင်းကိုလေ့ကျင့်ဖို့အတွက် မင်းက ကောင်းကင်ဘုံနဲ့ တစ်သားတည်းဖြစ်ရမယ်။ သူတို့ရဲ့ ရည်ရွယ်ချက်တွေကို နားလည်ရမယ်။ ဒါကို အရင်းအမြစ်အဆင့်သိုင်းကျင့်စဥ်တစ်ခုအနေနဲ့ပဲတွေးထားလို့မရဘူး။ ဒီဓားချက်တွေဟာ ကောင်းကင်စိတ်ဆန္ဒအဆင့်ကိုရောက်နေပြီ။ ဒါကြောင့်ခက်ခဲမယ်။ ခက်ခဲတယ်ဆိုတာကလည်းအရင်နဲ့လုံးဝမတူဘူး။ မင်းအသက်အရွယ်မှာ ဒီဓားချက်တွေက်ာ ကျွမ်းကျင်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အလုပ်တစ်ခုပဲ။ ဒါပေမယ့် မင်းလိုမွန်းစတားကောင်က ငါ့ကို စိတ်ပျက်စေမှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်။"

"နတ်ဘုရားဒေါသဓားချက်၊ မင်းဟာနတ်ဘုရားတစ်ပါပဲ။ နတ်ဘုရားရဲ့အမျတ်ဒေါသဟာလောကရဲ့ အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိတယ်။ ဒီဓားချက်ရဲ့ အဓိကအချက်က အမျက်ဒေါသကို နားလည်ပြီး ဒီလောကကို ချေမှုန်းပစ်မယ်ဆိုတဲ့ စိတ်ဆန္ဒကိုနားလည်ရမယ်။ မြေကမ္ဘာပျက်သုဥ်ခြင်းမှာ လွှမ်းမိုးနိုင်စွမ်းရှိတယ်ဆိုရင် ကောင်းကင်ပျက်သုဥ်းခြင်းက အရာအားလုံးကိုလျစ်လျူရှုပြီးဖျက်ဆီးပစ်တာပဲ။ မင်းရဲ့အလိုဆန္ဒအရ၊ သေမျိုးကမ္ဘာမှာတည်ရှိနေတဲ့ အခြားသတ္တဝါအားလုံးကို ဖယ်ရှားပစ်ရမယ်။"

“ဒါက ပုံကြီးချဲ့ပြောနေတယ်ဆိုပေမယ့် ကောင်းကင်ပျက်သုဥ်းခြင်းကိုလေ့ကျင့်တဲ့အခါမှာ ဒီစိတ်ဆန္ဒကိုစွဲမြဲနေအောင်မှတ်ထားပါ။ ဓားတစ်ချက်နဲ့ကမ္ဘာကြီးကို မဖျက်ဆီးနိုင်ရင်တောင်မှ မင်းရဲ့ဓားကို ပြိုင်ဘက်ဆီ လွှဲခုတ်လိုက်တဲ့အခါမှာ မင်းက အဲ့ဒီစိတ်ဆန္ဒကိုနှလုံးသွင်းထားဖို့လိုတယ်"

လီတျန်းမင်သည် မုယန်ပြောသည့် စကားလုံးတိုင်းအား သူ၏မှတ်ဉာဏ်အတွင်း၌ စွဲနေအောင်မှတ်ထားလေ၏။ သူသည်ပြောသမျှအား ကျော်လွန်၍ တွေးတောကြံဆကာ သင်ကြားခဲ့သမျှအား စီမံဆောင်ရွက်နိုင်သည့် တပည့်ကောင်းတစ်ဦးဖြစ်သည်မှာ သေချာသည်။

“အမျက်ဒေါသ… နတ်ဘုရားဖြစ်ဖို့…” သူသည် ကြည်ပြာရောင်ကောင်းကင်အောက်တွင် အရာအားလုံးအား အုပ်စိုးနေသည့် အနန္တတန်ခိုးရှင်တစ်ပါး၏ပုံသဏ္ဍာန်အား ပုံဖော်ခဲ့သည်။  ကောင်းကင်မှ အရာအားလုံးအား ငုံ့ကြည့်နေသည် အုပ်စိုးသူတစ်ယောက်။ ဓားချက်တစ်ချက်တည်းဖြင့် အရာအားလုံးအားရှင်းလင်းပစ်နိုင်သည်။ ကြောက်စရာကောင်းသည့်အစွမ်း...ထိတ်လန့်စရာကောင်းလှပေသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now