သားရဲခေတ်၏အရှင်သခင် Chapter(39)

442 54 0
                                    

နည်းပြချုပ်မုဝမ်!

"ရန်ဖန်း၊စိတ်မပူပါနဲ့။ ချင်းယန်က ဝင်ခွင့်စာမေးပွဲကို လွယ်လွယ်ကူကူနဲ့အောင်သွားမယ်ဆိုတာ သေချာပါတယ်။ ကောင်းကင်သားရဲတွင်းကိုရောက်အောင်လုပ်ဖို့က သူ့အတွက် ခက်ခဲနိုင်ပေမယ့် သူ့ရဲ့အဆင့်မှာတော့ ဒီနေရာမှာတခြားသူတွေထက်ကို ပိုသာနေမှာပါ" လျူချင်းသည် လီရန်ဖန်း၏လက်များ၏လက်များအားဆုပ်ကိုင်ရင်း ပြောလိုက်သည်။ 

ဒါဆို အဆင်ပြေပါတယ်။ ချင်းယန်က ကလေးကောင်းတစ်ယောက်ပဲလေ။" လီရန်ဖန်းက ခေါင်းညိတ်လိုက်သည်။

ရှင်သာမရှိရင် ဒီကိုတောင်ရောက်လာနိုင်မှာမဟုတ်ဘူးလေ။ ရှင်က ရှင့်ရဲ့အဆက်အသွယ်တွေနဲ့မီးတောက်ဝါအမိန့်ကိုယူပေးနိုင်လို့ချင်းယန်က ဒီကိုလာနိုင်ခဲ့တာ" လျူချင်းသည် လီရန်ဖန်းအားပွေ့ဖက်ကာပြောလိုက်လေ၏။

"အဲဒီကိစ္စကို ထပ်မပြောနဲ့။" လီရန်ဖန်းသည်  လူစုလူဝေးကြားတွင် လျူချင်းယန်အားရှာရန်ကြိုးစားလိုက်သည်။

"ရန်ဖန်း၊ ကျွန်မအဖေ မတော်တဆမှုတစ်ခုကနေဆုံးပါးသွားပြီးကတည်းက ကျွန်မမိသားစုဟာ လျှပ်စီးအိမ်တော်မှာသိပ်ပြီးလုပ်ကွက်မရှိတော့ဘူး။ ဒါကြောင့်အခုကစပြီးရှင့်ကိုပဲအားကိုးရတော့မှာနော် သိလား"  လျူချင်းကနူးညံ့စွာပြောလိုက်သည်။

"ဒါပေါ့။ မင်းက ငါ့မိန်းမဖြစ်နေပြီလေ။ ငါကမင်းကိုစောက်ရှောက်မှာပေါ့" လီရန်ဖန်းငည် လျူချင်း၏ဆံပင်များအားပွတ်သပ်ပေးရင်းပြုံးလိုက်သည်။ လီရန်ဖန်းသည် အခြားသူများ၏မနာလိုအကြည့်များအားခံစားနေရ၏။ ထို့ကြောင့်လီရန်ဖန်းသည် သူ၏ အတိတ်ကဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ပို၍ပင်စိတ်ချလာခဲ့သည်။  သူသည် လှပသောဇနီးတစ်ဦးရှိနေပြီဖြစ်ရာ လောင်မီးမြို့၌သာနေရာရခဲ့လျှင်အခြားမည်သည့်အရာအားလိုအပ်နေအုံးမည်နည်း။

"အိုး၊ လီတျန်းမင်လည်း ဒီကိုလာမယ်နဲ့တူတယ်။ ဒီနှစ်စာမေးပွဲအတွက် အသက်သားရဲရဲ့အဆင့်ကို အရင်စမ်းသပ်ကြမယ်ဆိုတာ သိလိုက်ရရင် သူဘယ်လိုတုံ့ပြန်မလဲမသိဘူး။ လျူချင်းသည် သူ့အား ဒုက္ခများစွာပေးခဲ့သော ထိုလူငယ်အား တွေးတောရင်း မျက်မှောင်ကြုတ်သွားခဲ့သည်။

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now