Chapter(117)

303 33 0
                                    

ငါက မီးရှူးနဂါးနိုင်ငံရဲ့ ခုနှစ်ယောက်မြောက်မင်းသားပဲ!

ကြက်ကလေးသည် ငရဲပေါက်ကွဲခြင်းမှလွဲ၍ အခြားစွမ်းရည်တစ်ခုကို ရရှိခဲ့သည်။

"ဒီစွမ်းရည်ရဲ့ဖန်တီးမှုက ဝိညာဉ်စွမ်းရည်နဲ့တူပေမယ့် အဲ့ဒါကမတူနေပြန်ဘူးပဲ"လီတျန်းမင်စိတ်လှုပ်ရှားသွားသည်။ 

"အစ်ကိုကြီး၊ အဲဒါက ဘာကိုဆိုလိုတာလဲ"  ကျန်းဖေးလင်က စိတ်ဝင်တစား မေးလိုက်သည်။

ကြက်ကလေးသည် ယခုအချိန်၌ ဤစွမ်းရည်အသစ်နှင့် ရင်းနှီးရန်လုပ်နေလေ၏။

ငရဲအရင်းအမြစ်အထက်တွင် ဖီးနစ်နှင့် ကြက်သွေးရောင်မီးစက်လုံးတို့သည် အတောက်ပဆုံးဖြစ်ရန် ပြိုင်ဆိုင်နေကြ၏။  ကြက်သွေးရောင်မီးစက်လုံးသည် အမှန်တကယ်နေလုံးတစ်ခုကဲ့သို့ ထင်ရသည်။

“ပုံမှန်ဆိုရင်တော့ သားရဲအရိုးတွေဆီက သားရဲဝိညာဉ်တွေက ဝိညာဉ်စွမ်းရည်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းအထိပါဝင်ပြီးတော့ ကျန်နှစ်ဆယ်ရာခိုင်နှုန်းက အသက်သားရဲရဲ့သွေးမျိုးဆက်ပါတယ်လေ။ ဒါပေမယ့် ရင်ဟောင်ကတော့မတူဘူး။ သူ့ဆီမှာ သားရဲအရိုင်းရဲ့သားရဲဝိညာဉ်က စွမ်းရည်အတွက် အကန့်အသတ်မရှိတဲ့ ပံ့ပိုးကူညီမှုတစ်ခုကိုပဲ ပြုလုပ်နိုင်တော့တာ။ အဲ့တော့ရှစ်ဆယ်ရာခိုင်နူန်းက သားရဲရဲ့စွမ်းရည်မဟုတ်တော့ပဲ ရင်ဟောင်ရဲ့သွေးမျိုးဆက်စွမ်းရည်ဖြစ်သွားတယ်"

ဤသည်မှာ ရှေးဟောင်းဆိုးသွမ်းသားရဲများ၏ အံ့ဖွယ်သွင်ပြင်တစ်ခုပင်ဖြစ်သည်။  ယင်းမတိုင်မီက လီတျန်းမင်သည် ရင်ဟောင်အား အသက်သားရဲလော သားရဲအရိုင်းလောဟူ၍ဝေခွဲမရခဲ့ချေ။ ယခုမူ သူ့၌အဖြေရှိနေလေပြီ။ ရင်ဟောင်သည် သားရဲနှစ်မျိုးလုံး၏စွမ်းရည်များအားပိုင်ဆိုင်ထားလေ၏။ ရင်ဟောင်၏သွေးမျိုးဆက်အတွင်း၌ဖုံးကွယ်ထားသော ကြောက်စရာကောင်းသည့် စွမ်းရည်များသည် ချည်နှောင်ခံထားရသည်။  သို့သော်လည်း သားရဲများ၏ဝိညာဉ်များသည် တံခါးများအားဖွင့်ပေးနိုင်သောသော့တစ်ခုကဲ့သို့ဖြစ်ကာ စွမ်းရည်အသစ်များကိုဖွင့်လှစ်နိုင်စေသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Dove le storie prendono vita. Scoprilo ora